July 13th, 2011 | Add a Comment | 1,748 views
အိန္ဒိယ – မြန်မာ နယ်စပ် မီဇိုရမ်ပြည်နယ် လုံးလေမြို့အခြေ စိုက် အိန္ဒိယစစ်တပ် အာသံ ရိုင်ဖယ် က Mara Regional Army (MRA) ခေါ် ချင်းလူမျိုးစု လက်နက်ကိုင် ခေါင်း ဆောင် တဦးကို ယမန်နေ့ ဇူလိုင် ၁၃ ရက်နေ့က ဖမ်းဆီး လိုက် သည် ဟု သိရသည်။
အဆိုပါ လက်နက်ကိုင်အဖွဲ့ ၅ ဦးသည် လောင်တလိုင်မြို့နယ် Beimari ရွာတွင် ရောက်ရှိစဉ် လုံးလေ တပ် ရင်း Tuithumhnar တပ်စခန်းမှ နယ်လှည့် အာဆမ်ရိုင်ဖယ်တပ်ဖွဲ့နှင့် ပက်ပင်းတိုးပြီး ၄င်းတို့ခေါင်းဆောင် ပါကျဲမ်းခေါ် ကိုနိုင် အား ဖမ်း ဆီးလိုက်ခြင်းဖြစ်သည်။
” လေးဦး လွတ်သွားတယ်၊ ပါကျဲမ်းကိုတော့ စခန်းကို ခေါ်သွားကြတယ်” ဟု မျက်မြင်တဦးက ဖမ်းသည်။
အဆိုပါ MRA သည် ယခုနှစ် ဧပြီလက Mara People Army မှ ခွဲထွက်ကြပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ် နှင့် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်မြို့နယ် အကြား နယ်စပ် တလျှောက်တွင် လှုပ်ရှားနေကြသည်။
ပါကျဲမ်းနှင့် အဖွဲ့သည် MPA မှ မခွဲထွက်ခင် နယ်စပ်တလျှောက်တွင် လူထုကို ချိမ်းခြောက်ခြင်း၊ ဓါးပြတိုက်ခြင်း၊ ဆက် ကြေးတွေ မတရား ကောက်ခြင်းစသည့် လုပ်ရပ်များကြောင့် အဖွဲ့အတွင်း မပြေလည်မှုဖြစ်ပွားပြီး ယခုကဲ့သို့ ခွဲထွက် ခဲ့ကြ ခြင်းဖြစ်သည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ” အဖွဲ့အစည်းဆိုတာ စည်းမျဉ်းစည်းကမ်းရှိရတယ်၊ အဲဒါတွေ ချိုးဖောက်မှတော့ လက်တွဲ ဖို့က ခက်တယ်” ဟု MPA ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။
ယခင်က MPA အတွင်း အဖွဲ့ဝင်တချို့လုပ်ရပ်များကြောင့် မရာလူထု ခေါင်းဆောင်များ၊ ဘာသာရေး နှင့် လူငယ် ခေါင်းဆောင်များက ဖွဲ့စည်းသော Mara Peace Commission က MPA အား မထောက်ခံ ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က စာတစောင်ထုတ်ပြန်ထားသည်။
MPA သည် ချင်းပြည်နယ် မတူပီ၊ ထန်တလန်၊ ပလက်ဝမြို့နယ်ရှိ မရာမျိုးနွယ်စုများ အုပ်ချုပ်ရေး နယ်ပယ်တခုတည်းတွင် တစုတစည်းတည်း နေထိုင်နိုင်ရေးအတွက် ၂၀၀၉ခုနှစ် ဇွန်လ ၁၅ ရက်နေ့  တွင် အင်အား ၂၀ ခန့် ဖြင့် စတင်ဖွဲ့ စည်း ခဲ့ကြပြီး အိန္ဒိယ နိုင်ငံအရှေ့မြောက်ဒေသအခြေစိုက် လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းထံတွင် စစ်သင်တန်းကို သင်ယူခဲ့ကြသည့် အဖွဲ့ ဖြစ်သည်။(ခုန်နုမ်ထုန်သတင်း)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Saturday, 16 July 2011
အိန္ဒိယစစ်တပ်က Mara Regional Army ခေါ်လက်နက်ကိုင် ခေါင်း ဆောင်တဦးဖမ်းဆီး
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment