August 25th, 2011 | Add a Comment | 527 views
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမက်စ် အိုဟေး ကင်တားနားသည် ယနေ့ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့သော်လည်း ချင်းအမျိုးသားပါတီက တွေ့ဆုံခွင့် မရလိုက်ကြာင်း သိရသည်။
၅ ရက်ကြာခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ယခုလ ၂၁ ရက်နေ့က ရောက်ရှိလာသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားသည် ယနေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့ ယူအဲန်ဒီပီရုံး၌ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခဲ့ကြပြီး ချင်းအမျိုးသားပါတီမှာမူ အချိတ်အဆက် လွဲချော်မှု ကြောင့် တွေ့ဆုံခွင့် မရလိုက်ကြောင်း ပါတီဥက္ကဋ္ဌ ဦးဇိုးဇမ်က ပြောသည်။
‘‘ကျနော်ဆီဝင်လာတဲ့ အင်ဖော်မေးရှင်းကတော့ ၂ နာရီ ၅၅ မိနစ်မှာတွေ့ဖို့ အတိအကျပဲ ကျနော်သွားရောက်သွားပါတယ် ဒါပေမဲ့ ကျနော်တို့ညီနောင် ၅ ပါတီအဖွဲ့က မနက်ပိုင်းမှာ ပြီးသွားပါပြီဆိုတဲ့ အဖြေပဲရလိုက်တယ်’’ ဟုဦးဇိုးဇမ်က ပြောသည်။
ချင်းပြည်နယ်တွင် ယခုချိန်အထိ စစ်တပ်မှရွာသားများအား ရိက္ခာများထမ်းခိုင်းခြင်း၊ ပုဂ္ဂလိကပိုင်ကားများအား စစ်တပ်မှ ချောဆွဲခြင်းများ ရှိနေသေးသည့် ကိစ္စရပ်များနှင့် ချင်းပြည်နယ်တွင် စစ်တပ်အများအပြားချထားခြင်း၊ မြို့ပေါ် လူနေရပ်ကွက် တချို့တွင် စစ်တပ် ကင်းများချထားခြင်း၊ တွန်းဇံမြို့ပေါ်တွင် အစိုးရစစ်တပ် နှင့် အိန္ဒိယအရှေ့မြောက်သူပုန်များ ပူးပေါင်းကာ ဘိန်းစိုက်ပျိုးသည့် ကိစ္စရပ်များကို မစ္စတာကင်တားနားထံသို့ တင်ပြရန် စီစဉ်ခဲ့သော်လည်း မတွေ့လိုက်ရသည့် အတွက် တင်ပြခွင့် မရလိုက်ကြောင်း ဦးဇိုးဇမ်ကပြောသည်။
‘‘ ကျနော်တို့ ချင်းပြည်နယ်မှာ လောလောဆယ်ဖြစ်နေတဲ့ လူ့အခွင့်အရေးနှင့်ပတ်သက်တဲ့ အကြောင်းအရာတွေ တော် တော်များများရှိတယ် အဲဒါလေးတွေ တင်ပြဖို့ အဆင်သင့် လုပ်ထားတာရှိပါတယ်လေ။ အဲဒါကို တင်ပြလို့မရခဲ့ဘူး ဒါပေမဲ့ ကိစ္စမရှိပါဘူး တနေ့နေ့ တကြိမ်ကြိမ်ကျရင် အဆင်သင့်ဦးမှာပါလို့ ခံယူထားပါတယ်’’ သူကပြောသည်။
လူ့အခွင့်အရေး အထူးကိုယ်စားလှယ်သည် ယနေ့ညပိုင်း မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားမည်ဖြစ်ပြီးလာမည့် အောက်တိုဘာလတွင် ကျင်းပမည့် လူ့အခွင့်အရေး ဆိုင်ရာညီလာခံ၌ မြန်မာနိုင်ငံ၏အခြေအနေကို တင်ပြသွားမည်ဟုသိရသည်။
၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသော ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ဂရက်၊ ရခိုင်ဒီမိုက ရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချူပ်နှင့် ကချင်၊ မွန်၊ ကယန်းပါတီတို့ကလည်း စစ်ဖြစ် နေသော တိုင်းရင်းသားဒေသများတွင် လူအခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေများနှင့် နိုင်ငံရေးအကျဉ်းသား လွတ် မြောက်ရေးတို့ ပါဝင်သည့် အချက် ၄ ချက်ပါ ပေးစာကို မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့် အရေးအထူး ကိုယ်စားလှယ် မစ္စတာကွင်တားနားထံ တင်ပြတောင်းဆိုခဲ့ကြသည်။
မစ္စတာကင်တားနားသည် ၄င်း၏ ၅ ရက်တာခရီးစဉ်အတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုအောင်းစုကြည်နှင့်လည်း တွေ့ဆုံသည့်အပြင် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး၊ လွှတ်တော်ဥက္ကဌများ၊ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ နှင့်လည်းတွေ့ဆုံခဲ့သည်။
ကင်တားနား၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံအစိုးရသစ်တက်လာသည့်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ပြီးယခင်စစ် အစိုးရလက်ထက်တွင် မြန်မာနိုင်ငံသို့ ၃ ကြိမ်တိုင်တိုင်လာေ ရာက်ခဲ့ပြီးဖြစ်သည်။
ကင်တားနားသည် ယခင် စစ်အစိုးရလက်ထက်တွင် စစ်ရာဇ၀တ်မှုများနှင့် လူသားထုအပေါ် ကျုးလွန်သည့် ရာဇ၀တ်မှုများ ရှိမရှိ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကော်မရှင် (CoI) ဖွဲ့ရန် တောင်းဆိုထားသူဖြစ်သည်။
၂၀၀၈ ခုနှစ်မှ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူကင်တားနားကို မြန်မာ အစိုးရကလွန်ခဲ့သည့် ၂၀၁၀ ခုနှစ် မတ်လကစပြီး မြန်မာနိုင်ငံသို့လာရောက်ခွင့် ဗီဇာပိတ်ပင်ခဲ့သည်။
ချင်းပြည်နယ်မှ ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်သည် ပေါ်တာဆွဲမှု၊ လုပ်ခမပေးဘဲလုပ်အားပေးစေခိုင်းမှု၊ ဘာသာရေး ဖိနှိပ်မှု များ ခံစားနေရကြောင်း ကို ၂၀၁၁ ခုနှစ်ဆန်းပိုင်းက ထုတ်ပြန်သောအမေရိကန် အခြေစိုက် Physicians for Human Rights (PHR) အဖွဲ့နှင့် ဂျွန် ဟော့ပ်ကင်းဘလွန်းဘာ့ဂ် ပြည်သူ့ ကျန်းမာရေးကျောင်းရှိ ပြည်သူ့ ကျန်းမာရေးနှင့် လူ့အခွင့်အရေးဌာနတို့ ပူးတွဲပြုစုသည့် “စစ်အာဏာရှင် လက်အောက်မှ ဘဝ – မြန်မာနိုင်ငံချင်းပြည်နယ်တွင်းလူသားထု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအထောက်အထား” (Life Under the Junta: Evidence of Crimes Against Humanity in Burma’s Chin State) အမည်ရှိ အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။(Khonumthung )
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Friday, 26 August 2011
ချင်းပါတီနှင့် ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် တွေ့ခွင့်မရ
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment