Wednesday, 17 August 2011

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ဖိတ်ခေါ်မှု ယုံကြည်မှုမရှိ

18/08/2011

အမြင်မတူပေမယ့် တိုင်းပြည် တိုးတက်ရေး အတွက် လက်တွဲလုပ်ဆောင်ကြဖို့လိုကြောင်း၊ အစိုးရ အနေနဲ့
ငြိမ်းချမ်းရေး အတွက် တံခါးဖွင့်ထားကြောင်း ပြောကြားပြီး၊ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကို
ပြန်လာနိုင်ကြောင်း သမ္မတဦးသိန်းစိန်က ၁၇-၈-၂၀၁၁ နေ့ က ဖိတ်ခေါ်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့  ဖွဲ့ စည်းပုံဥပဒေမှာ လွတ်ငြိမ်းချမ်းသာခွင့် ဆိုတာကိုအတိအလင်းပြဌာန်းထားပါတယ်။ နိုင်ငံ တနိုင်ငံရဲ့  အချုပ်အခြာအာဏာဆိုတာ ဥပဒေကိုခေါ်တာပါ။ ဥပဒေကြောင်းအရသာ အာဏာတည်ပါတယ်။
ဥပဒေ၏ အထက်တွင် မည်သူမျှမရှိစေရ ဆိုသည့်အတိုင်း နှုတ်ကတိဖြင့် ဖိတ်ခေါ်ခြင်းကိုလက်မခံနိုင်ပါ။ သာဒကတွေ အများကြီးရှိခဲ့တာကြောင့် မဆလ-န၀တ-နအဖ တဖြစ်လဲ သိန်းစိန်အစိုးရကို အယုံအကြည်မရှိပါဘူး။ မဆလ ခေတ်တုံးကလည်း ကွန်မြုနစ်ပြည်ပြေးတွေ အလင်းဝင်ခိုင်းတုံးကလည်း အကျယ်ချုပ်သဘောရှိခဲ့ပါတယ်။

မဆလ ခေတ်မှာ ဦနုကို ဦးနေ၀င်းက ပြန်ခေါ်ခဲ့ပြီး အစောင့်အရှောက်တွေနဲ့ ထားလို့  ဦးနုစိတ်ညစ်ခဲ့လို့  ၈၈ လည်းဖြစ်ရော အာဏာပြန်အပ်ဖို့  ဦးနေ၀င်ရှိတောင်းခဲ့တာ မရခဲ့ပါဘူး။
၁၉၈၈ ကလည်း စစ်အစိုးရက အခွင့်ကောင်းယူတယ်။ ပြန်လာခဲ့ကြ။ ခွင့်လွှတ်တယ်။ နိင်ငံရေးလုပ်ခြင်ရင် ပြည်တွင်းမှာလုပ်လို့ ရတယ် ဆိုပြီး မိန့် ခွန်းတွေ သတင်းစာရှင်းလင်းပွဲတွေနဲ့ 
အဆက်မပြတ်ဖိတ်ခေါ်ခဲ့ပါတယ်။ ပြည်တွင်းမှာ နိင်ငံရေးပါတီတွေ တည်ထောင်လှုပ်ရှားခွင့်ကိုလည်း ခုထက်ပိုပေးထားပါတယ်။ ကျောင်းသားတွေကို ထိုင်းနိင်ငံ တပ်ခ် ခရိုင် စစ်တပ်လေဆိတ်ကနေ တပ်မတာ်
လေယျဉ်နဲ့ အခေါက်ခေါက်အခါခါ သယ်ပြီး ပြန်ပို့ ပါတယ်။ ပြန်တဲ့သူတွေတော်တော်ရှိတယ်။ တချို့ က အလံထောင်ပြီး ချီတက်ပြီးတော့တောင်ပြန်သွားလိုက်ကြသေးတာ။ ဒီအချိန်က
ကျောင်းသားအများစုက နယ်စပ် ကရင် ၊ မွန် နဲ့ ကရင်နီစခန်းတွေမှာ ။ ကြိုဆိုရေးစခန်းတွေကတပ်ခရိုင်နဲ့ 
ကန်ချနပူရီ မြို့ တွေမှာဖွင့်ထားတာ ၊ ပြန်ချင်တဲ့ကျောင်းသားတွေပြန်နိင်ဖို့ အတွက် ထိုင်းရဲတွေက ကူညီ တယ်။ ကျောင်းသားတယောက်ကို ပြန်ပို့ ပေးတဲ့ ထိုင်းရဲကို စစ်အစိုးရကဘတ်ငွေ ၅ ထောင် ဆုပေးပါသေး တယ်။ ဘတ်ငွေ ၅ ထောင်ပေးမယ်ဆိုတာကိုလဲ တရားဝင်သတင်းစာတွေမှာကြေညာတာ။ ပြန်ချင်သူတွေ ၊ စိတ်မခိုင်သူတွေအတွက်ေ ပျာ်စရာကြးပေါ့ အကြောင်းပြချက်တွေကလဲရှိတယ်။

ဗိုလ်ချုပ်စောမောင်နဲ့  ဗိုလ်ချုပ်ခင်ညွန့် က ကိုယ်သားသမီးလိုသဘေား ထားတယ် ပြန်လာခဲ့ကြပါဆိုလို့ 
ပြန်သွားမိတဲ့ ၈၈ တုံးက ကျောင်းသားတွေပါ။ ခုတော့ ဗိုလ်ချုပ်စောမောင်လည်း အသတ်ခံရ ၊ ဗိုလ်ချုပ် ခင်ညွန့် လည်း အဖမ်းခံရ၊ ပြန်သွားတဲ့ကျောင်းသားတွေ ထဲ လည်းမြောင်းထဲရောက်ပေါ့။ လက်နက်ကိုင် နယ်စပ်ကိုရောက်ပြီးမှာ ပြန်သွားတဲ့သူတွေထဲမှာ မင်းသား သီဟတင်စိုး နဲ့  ထူးအိမ်သင်တို ပါသွားခဲ့တယ်။
နောက်ပိုင်းတော့ နိုင်ငံရေးလဲမလုပ်ရ စီပွားရေးလဲသတ်ထားတော့ အခုအထိ ဘေးရောက်နေကြရတယ်။
နအဖ လက်ထက်မှာ အကြိမ်ကြိမ် ကတိပျက်ခဲ့တာ အားလုံးအသိပါပဲ။

ဦးသိန်းစိန် အစိုးရက အမှန်တကယ်ငြိမ်းချမ်းရေးလိုချင်တယ် တိုင်းပြည်တိုးတက်စေချင်တဲ့ ဆန္ဒရှိခဲ့ရင် ဘာ ကြောင့်မို့ လို့  သမတကြီးကိုယ်တိုင်က ဥပဒေကြောင်းအရ လွတ်ငြိမ်းချမ်းသာခွင့်ကို မကြေညာတာ
လည်း တကယ်စိတ်ထားမှန်တယ်ဆိုရင် လွှတ်တော်မှာတင်ပြတဲ့ လွတ်ငြိမ်းချမ်းသားခွင့်ကို အတည်ပြုပြီး
ကြေညာခဲ့ရင် တရားဝင်ပါတယ်။ အဲ့ဒီတုံးက အတည်မပြုပဲ အခုမှနှုတ်ကတိနဲ့  ပြန်လာပါခွင့်လွှတ်ပါတယ် ဆိုတာက အယုံအကြည်မရှိပါဘူး ဘာကြောင့်လဲဆိုတော့ ရှေ့ က သာဒကတွေရှိခဲ့လို့ ပါ။

ပြည်တွင်းငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ်ဆိုရင် ပြည်တွင်းကသူတွေနဲ့ အရင် ငြိမ်းချမ်းရေးလုပ်ပါ။ နိုင်ငံရေး
အရ ၈၈ ကျောင်းသားခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေ ရဟန်းသံဃာတွေနဲ့  အရင်ဆုံး လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ပြည်တွင်းငြိမ်းချမ်းရေးကိုရအောင်လုပ်ပါ။ ပြည်တွင်းငြိမ်းချမ်းရေးရပြီ စစ်မှန် တဲ့ဒီမိုကရေစီနဲ့  ဥပဒေစိုးမိုးမှု ရှိလာရင် ခေါ်နေစရာတောင်မလိုပါဘူး တိုင်းပြည်ချစ်လို့  တိုင်ပြည်အတွက် အနစ်နာခံပြီးနိုင်ငံရေးလုပ်နေကြတာ မခေါ်လဲပဲ ပြန်လာကြမှာပါ။ ငြိမ်ချမ်းရေးနဲ့ ဒီမိုကရေစီတံခါးရဲရဲဖွင့်
လိုက်ပါ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့  ငြိမ်းချမ်းရေးရယူပါ။ ဒါတွေမလုပ်တာကစဉ်းစားစရာ
ဖြစ်နေပါတယ်။
သမတကြီးက ဘယ်လောက်ဖိတ်ခေါ်ခေါ် ဥပဒေက အကာအကွယ်မပေးနိုင်ရင် လွတ်ငြိမ်းချမ်းသာခွင့်မ ဟုတ်ရင် နိုင်ငံသားတွေ အယုံအကြည်ရှိမှာမဟုတ်ပါဘူး။နိုင်ငံတော်သတကြီး ကတိ တည်ပါစေ။

0 comments:

Post a Comment