Friday, 16 September 2011

ဒို့နှလုံးသားထဲက ဧရာဝတီ

သံစဉ်၊ စာသား - ထက်အောင်ရှိုင်း
KEY:A တေးဆို - ထက်အောင်ရှိုင်း+စောလင်းစံ


A Gbm
V1. မေခနှင့် မလိခနှစ်သွယ် စီးဝင်ရာ
A Gbm
မြသားယမုန် အဖိုးထိုက်ရတနာ မြစ်ဧရာ
Bm E
ကြည်နူးစရာ.. ပြည်ကျက်သရေ တိုးစေရာ
A
သဘာဝအလှ အတွေးနယ်ပန်ချီ ..


V2. မရောင့်ရဲနှိုင် မနူဿဂုဏ်မာန်ကြွတွေ

တစ်ကိုယ်ကောင်းစိတ် အတ္တတို့လှောင်မြိုက်လွန်းတယ်

ကမ္ဘာကြီးထဲ ခြောက်ခြားစရာနိမိတ်ပုံတွေ

အရှိတရားလည်းပျောက်ကွယ်.. ..


CHO: ပြည်သူတွေတိုင်တည်သစ္စာတည်

မဟာပထ၀ီမြေကိုသက်သေမှီ


ရာဇ၀င်သံသယာတိုင်စီးပါစေ

အားလုံးအမှီပြုဖို့ သတ္တ၀ါတွေ


ဧရာဝတီစုန်ဆန်မေတ္တာရှင်

ဒို့နှလုံးသား အသက်ထပ်တူညီချစ်ကြမည်..


V3. ခဏလေးဘ၀ မသုံးနဲ့တစ်နပ်စားဥာဏ်

အထင်ကရအလှ ရှားပါးသယံဇာတတွေ

အိုမိခင် ကြေကွဲအနာဂတ်ကိုမြင် နဒီစွန်:တဲ့မျက်ရည်ပင်.. .. ..

0 comments:

Post a Comment