Saturday, 8 October 2011

6P အစီအစဉ်၏ ဒုတိယအဆင့် အောက်တိုဘာ ၄ ရက်နေ့

စိုးလွင်။ ။ ကွာလာလမ်ပူ- တရားမ၀င်နိုင်ငံခြား အလုပ်သမားများ အတွက် ဆောင်ရွက်နေသည့် 6P အစီအစဉ်၏ ဒုတိယအဆင့် တရားဝင် လုပ်ဆောင်ရေး အစီအစဉ်သည် အောက်တိုဘာလ ၄ ရက်နေ့ ၀န်ကြီးများ ကော်မတီ အစည်းအဝေးပြီးပါက ထပ်မံ သိရှိရမည်ဖြစ်သည်။

နိုင်ငံခြား အလုပ်သမား ၂.၃ သန်းဆန္ဒအလျောက်လာရောက်မှတ်ပုံတင်ခဲ့သည့် ပထမအဆင့်အတွက် စိတ်ကျေနပ်မိသည်ဟု ပြည်ထဲရေး ၀န်ကြီး Datuk Seri Hishammuddin Hussein က ပြောသည်။

“ဒီထဲကမှာ ၁ သန်းက တရားဝင် ဖြစ်ပြီးတော့ ၁.၃သန်းက တရားမ၀င်ဖြစ်ပါတယ်၊ ဒီ ၂.၃ သန်းက အိမ်ဖော်တွေနဲ့ Sabah Sarawak က နိုင်ငံခြားသားတွေ၊ တသိန်းလောက်နီးနီးရှိနေတဲ့ ဒုက္ခသည်တွေ မပါပါဘူး၊ မှတ်ပုံမတင်တဲ့သူတွေ ဘယ်လောက်များ ရှိမလဲ ခန့်မှန်းကြည့်ပါလား” ဟု သူက ပြောသည်။
ပြည်ထဲဝန်ကြီးဌာန လက်ထောက် အထွေအထွေ အတွင်းရေမှူး Datuk Alwi Ibrahimက မှတ်ပုံတင်အဆင့်က အချက်အလက်များကို သေချာစုဆောင်း စစ်ဆေးပြီး တရားဝင် လုပ်ဆောင်ရေး အစီအစဉ်ကို စက်တင်ဘာလလယ်တွင် စတင်နိုင်မည်ဟု ယခင်က ပြောခဲ့ဖူးသည်။

မှတ်ပုံတင်ခြင်းဖြင့် ရရှိသော နိုင်ငံခြားသားများ၏ အချက်အလက်များကို တရားဝင် အလုပ်လုပ်ခွင့်အတွက် အသုံးပြုမည် ဖြစ်ကြောင်းလည်း သိရသည်။

တရားမ၀င် နေထိုင်သူများအတွက် 6P အစီအစဉ်တွင် မှတ်ပုံတင်ခြင်း၊ တရားဝင်အဖြစ် လုပ်ဆောင်ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် စီစဉ်ခြင်း၊ စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ အရေးယူခြင်း နှင့် နယ်နှင်ဒဏ်ပေးခြင်း စသည့်အဆင့် ၆ ဆင့်ကို ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။

တချိန်တည်းတွင်ပင် အတိုက်အခံများက ၎င်းတို့အာဏာရလာပါက နိုင်ငံတော် အလံတော်ကို အစားထိုးမည်ဖြစ်ကြောင်း ဆိုသည်။ မလေးရှားနိုင်ငံသည် မကြာခင်အချိန်တွင် ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။

မဲအတွက်တောင်းဆိုမှုသည် ဒေသကိုဆွပေးသကဲ့သို့ မလေးစားရာရောက်သည့် အပြင် မျိုးချစ်စိတ်မရှိကြောင်း Hishammuddin က ပြောသည်။

“လုံခြုံရေး ဥပဒေ၊ နိုင်ငံသား ဖြစ်ရေး၊ နိုင်ငံဝင်ခွင့် ပါမစ်နဲ့ မွေးဖွားခွင့်စတဲ့ အတိုက်အခံတွေရဲ့ တောင်းဆိုချက်တွေကို ကိုယ်ချင်းစာတရားနဲ့ လုပ်သင့်တယ်လို့ ကျနော်တို့ ပြန်ချေပနေကြပါ” ဟု သူက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း DAP မှ Kota Alam Shah စည်းရုံးရေးသမား M. Manoharan က အထွေထွေ ရွေးကောက်ပွဲ တွင် အတိုက်အခံများ အနိုင်ရပါက နိုင်ငံတော်အလံကို ပြောင်းလဲမည်ဖြစ်ကြောင်း ပြောသည်။

ပြောင်းလဲနေသည့် နိုင်ငံရေး အခြေအနေနှင့် အတိုက်အခံများက ယင်းကိစ္စများကို တင်ပြသည့် သတ္တိကို အစိုးရအနေဖြင့် နားလည်ကြောင်း ဥပဒေသစ်များ ရေးဆွဲရေးအတွက်၎င်းတို့တွင် သတ္တိရှိသော်လည်း မဲဆွယ်မှုနှင့် အာဏာတွင် အကန့်အသတ်ရှိကြောင်း Hishammuddinက ပြောသည်။

“မျိုးချစ်စိတ်နဲ့ လူမျိုးရေးပေါင်းစည်းညီညွတ်ပြီးတော့ တဦးတယောက်ရဲ့ ဘာသာရေးကို လေးစားဖို့က အရေးပါပါတယ်၊ ပြောင်းလဲဖို့အတွက် အစိုးရက လေးနက်တဲ့ ဆောင်ရွက်မှုတွေ လုပ်ရပါမယ်” ဟု သူက ဆိုသည်။

၁၉၆၀ ခုနှစ် နိုင်ငံတွင်းလုံခြုံရေး ဥပဒေ (ISA)၊ ၁၉၅၉ ခုနှစ် ပြည်နှင်ဒဏ် ဥပဒေ၊ ၁၉၈၄ ခုနှစ်၊ ရဲဥပဒေ ပုဒ်မ ၂၇၊ ပုံနှိပ်ထုတ် ဝေခွင့် ဥပဒေ၊၁၉၃၃ခုနှစ် နေထိုင်သူများ တားမြစ်ချက် ပြည်လည် စိစစ်ရေး ဥပဒေများရုတ်သိမ်းကြောင်း ၀န်ကြီးချုပ် Datuk Seri Najib Abdul Razak က ဖျက်သိမ်းကြောင်း မလေးရှားနေ့ မိန့်ခွန်းမှတဆင့် ကြေညာသည်။

ISA ဥပဒေ ဖျက်သိမ်းမှုအတွက် တုံပြန်မှု အမြောက်အမြား ရှိခဲ့သည်။ Ummo အခြေခံလူတန်းစား ပါတီ ဒု ဥက္ကဋ္ဌ ဖြစ်သော Hishammuddin က ဖျက်သိမ်းရခြင်းအကြောင်းအရင်းကို ရှင်းပြရန်တောင်းဆိုသည်။

သတင်း၊ ဆက်သွယ်ရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့်လည်း သူ၏ ၀န်ကြီးဌာနက နီးနီးကပ်ကပ် လုပ်ကိုင် ဆောင်ရွက်နေကြောင်း၊ ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေကို ၀န်ကြီးချုပ်ရုံး ၀န်ကြီး Datuk Seri Nazri Azizက ပြန်လည် သုံးသပ်မှုများ ဆောင်ရွက်နေသည်ဟုလည်း ပြောသည်။

“လူတွေရဲ့ အကျိုးစီးပွား အပြင် နိုင်ငံရဲ့ လုံခြုံရေးကိုလည်း ကျနော် စဉ်းစားနေပါတယ်၊ ဒါတွေ ခြိမ်းခြောက်ခံရမယ်ဆိုရင် သင့်တော်တာတွေကို လိပ်ပြာသန့်သန့်နဲ့ ပြဌာန်းရပါလိမ့်မယ်” ဟု Hishammuddin က ပြောသည်။

ပုံနှိပ် ထုတ်ဝေပိုင်ခွင့်ကို ပြည်ထဲရေး ၀န်ကြီးဌာနက နှစ်စဉ် သက်တမ်းတိုးပေးပိုင့်ခွင့် ဖျက်သိမ်းခွင့်ရှိသလားဆိုသည့် မေးခွန်းကို ၀န်ကြီးက ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

0 comments:

Post a Comment