လူရွှင်တော် ၂ ဦးက သူမနှင့် သူမ၏ ချစ်သူ သရုပ်ဆောင်၍ ရုံးခန်း၌ လိင်ဆက်ဆံပြီး နိုင်ငံတော် အလံပတ်ကာ အိပ်စက်နေသည့် ရုပ်မြင်သံကြား အစီအစဉ်ကို ကြည့်ရှုရန် အစီအစဉ် မရှိကြောင်း သြစတြေးလျ ၀န်ကြီးချုပ် ဂျူလီယာ ဂေးလ်လာ့ဒ်က ဗုဒ္ဓဟူးနေ့က ပြောသည်။
အစိုးရပိုင် သြစတြေးလျ အသံလွင့် ဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်လွင့်မည့် “ဂျူလီယာနှင့် အိမ်တွင်” အမည်ရ သရော် တီဗွီ အစီအစဉ်၏ တတိယပိုင်းကို ၀န်ကြီးချုပ် ရာထူးနှင့် သြစတြေးလျ အလံတော်ကို မဖွယ်မရာပြုသည်ဟု ဥပဒေအရာရှိများနှင့် မီဒီယာများက အကြီးအကျယ် ဝေဖန်လျက်ရှိသည်။
အပိုင်း ၄ ပိုင်းပါ ရုပ်သံသည် ရယ်ရွှင်ဖွယ်မကောင်းဟူသော ဝေဖန်မှုများ အကြီးအကျယ်ခံနေရကြောင်း သိရသည်။
“ကျမအဲဒါကို ကြည့်မယ်မဟုတ်သလို တစုံတရာ မှတ်ချက်ပေးမှာလည်း မဟုတ်ဘူး၊ စိတ်ထဲမှာ တခြား လေးနက်တဲ့ အကြောင်း အရာတွေ ရှိပါတယ်” ဟု ဂေးလ်လာ့ဒ်က နိုင်းနက်ဝေါလ်က် သတင်းသို့ ပြောသည်။
ယင်းရုပ်သံ အတွဲအတွက် ဂေးလ်လာ့ဒ်က စိတ်အား ထက်သန်ခဲ့ပြီး ထုတ်လုပ်သူများအား သူမအတွက် အစိုးရက ခွင့်ပြုထားသည့် အိမ်တွင် ရိုက်ကူးခွင့်ပြုခဲ့သည်။
သူမအတွက် သွင်းယူခဲ့သော ပထမတွဲကို နယူးဇီလန်သို့ ရောက်ရှိနေစဉ် စက်တင်ဘာ ၇ ရက်နေ့က လွင့်ထုတ်ခဲ့သည်။
“ကျမကို သိတဲ့ လူတွေက ကျမမှာ ဟာသဥာဏ် ဘယ်လောက်ရှိလဲ သိပါတယ်၊ အဲဒါကို ကြည့်တဲ့ အချိန်မှာ ကျမရီနေမှာပါ” ဟု ယခင်က အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ဂေးလ်လာဒ့်က ဆိုသည်။
သူမ၏ လေဘာ ပါတီနှင့် အတိုက်အခံပါတီများမှ ဥပဒေအရာရှိများက အလံနှင့် ပတ်သက်သည့် အခန်းကို စည်းစည်းလုံးလုံး ကန့်ကွက်ခဲ့သည်။
“၀န်ကြီးချုပ်နဲ့ အလံအခန်းကို ရောက်တော့ အရသာကို မရှိတော့ဘူး” ဟု လက်ထောက်ဘဏ္ဍာရေး ၀န်ကြီးက ဘေးလ် ရှောက်တမ်န်း က ဆိုသည်။
အေဘီစီသတင်းဌာနက ယင်းအခန်းကို ဖြုတ်ပေးရန် အတိုက်အခံ ဥပဒေ အရာရှိ ဂျွန် ဖောရက်စ်က တောင်းဆိုသည်။
မိနစ် ၃၀ ရှည်သည့် ယင်းဇာတ်လမ်း၏ ဆက်စပ်ချက်များသည် အကြောင်းမဲ့ မဟုတ်ကြောင်း အေဘီစီသတင်းက ကာကွယ်ပြောဆိုသည်။
“ဘယ်လို အခမ်းအနားမျိုးမှာပဲ ဖြစ်ဖြစ် တခြားသူတွေ အလံကို ဘယ်လိုပတ်ပတ် အဆင်ပြေပါတယ်၊ အချစ်ရဲ့ သင်္ကေတ အဖြစ် ကျနော်တို့ရဲ့ ၀န်ကြီးချုပ် ဆီမှာ ပတ်တာကို ဘာကြောင့် ကျနော်တို့ မမြင်ရတာလဲ” ဟု အေဘီစီ သတင်းဌာန ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
သြစတြေးလျ နိုင်ငံရေး စာမျက်နှာတွင် Gillard က ထူးခြားဆန်းသစ်နေသည်။
သြစတြေးလျ၏ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်သည့် သူမက အစိုးရ နေအိမ်တွင် လက်တွဲဖော် ဆံပင်အလှ ပြုပြင်သူ တင်မက်သီဆမ်နှင့်အတူနေထိုင်လျက်ရှိသည်။ (သူရိယ)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Wednesday, 5 October 2011
လိင်ဆက်ဆံပြီး သြစတြေးလျ အလံကို ပတ်၍ တီဗွီကို မကြည့်ခဲ့ဟု ၀န်ကြီးချုပ်ဆို
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment