20,October,2011
မလေးရှားအစိုးရသည် ယခုလက်ရှိ စီစဉ် ဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံနှင့်အ
ကျဉ်းသားလဲလှယ်ရေးကို ဖျက်သိမ်းရန်နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေကိုလေးစား
လိုက်နာ ဆောင်ရွက်ရန်လိုပါသည်။အကျဉ်းထောင်များတွင် မြန်မာအကျဉ်းသားများ
များပြားနေသည်ဟူသော အကြောင်းပြချက် တစ်ခုတည်းဖြင့် ယင်းတို့ကို အတင်း
အဓမ္မပြန်ပို့ခြင်းသည် ပြဿနာကိုပြေလည်နိုင်မည် မဟုတ်သည်ကို မလေးရှားအစိုး
ရအနေဖြင့်သိရှိသင့်ပါသည်။အကျဉ်းသားများထဲတွင် နိုင်ငံရေးကြောင့် ထွက်ပြေးခို
လှုံလာသူများ၊အခြားအကြောင်းကြောင်းကြောင့်ခိုလှုံလာသူများအတွက်မူနေရပ်သို့
အတင်းအကျပ်ပြန်လည်ပို့မည် ဆိုလျှင်စိုးရိမ်ရကြောင်း သိရှိသင့်သည်။
တိုင်းရင်းသားများနှင့်ဘာသာခြားများ၊နိုင်ငံရေးအတွက်ဆောင်ရွက်နေကြသူများသည်
စစ်အာဏာရှင်တဖြစ်လဲ အရပ်သားအစိုးရ၏ ဖိနှိပ်မှုများကိုခါးသီးစွာ ခံကြရသဖြင့် နီးစပ်ရာနိုင်ငံများသို့ခိုလှုံ့ဝင်ရောက်ကြပါသည်။ ပေါ်တာဆွဲခြင်း၊ အိမ်ခြံမြေများသိမ်း
ယူခြင်း၊ မုဒိန်းမှုများကျူးလွန်ခြင်း၊ ဘာသာရေးနှိပ်ကွပ်မှု၊ တိုင်းရင်းသားတို့ကိုဖိနှိပ်မှု၊
မြန်မာနှင့်အခြားတိုင်းရင်းသားများကိုသွေးခွဲမှု၊ တိုင်းရင်းသားများအကြားသွေးခွဲမှု
စသည့်တို့ကို လုပ်ဆောင်လျက် ရှိနေပါသည်။မလေးရှားရောက်ရှိလာကြသော မြန်မာ
နိုင်ငံသားအများစုမှာ ထိုသို့သော ဖိနှိပ်မှုများမှ ထွက်ပြေးလာကြ ခြင်းဖြစ်ပါသည်။
မလေးရှားနိုင်ငံ၏ လ၀ကအက်ဥပဒေ ၁၉၅၉/၁၉၆၃ အရ ဒုက္ခသည် နှင့် ခိုလှုံ
သူများသည် လ၀ကဥပဒေအရ တရားမ၀င် နိုင်ငံအတွင်းခိုးဝင်သူများဟု သတ်
မှတ်ပြီး ထောင်သွင်းအကျဉ်းချ ပြစ်ဒဏ်ပေး နယ်နှင်နိုင်သည်။ရွှေ့ပြောင်းအလုပ်
သမားများနှင့် မတူသော ဒုက္ခသည်များမှာ ယင်းတို့၏အသက်အန္တရာယ်နှင့် လုံခြုံ
ရေးကို စိုးရိမ်စရာ အကြောင်းအရင်းခိုင်လုံသောကြောင့် ထွက်ပြေးဝင်ရောက်ခိုလှုံ
လာကြခြင်းဖြစ်ပါသည်။သို့အတွက်ကြောင့် နေရပ်သို့ အတင်းအဓမ္မ ပြန်ပို့ရေးမှာ
မဖြစ်နိုင်ပါ။
၁၉၅၁ ဒုက္ခသည်များဆိုင်ရာ ညီလာခံကချမှတ်ထားသော ဥပဒေပုဒ်မ ၃၃(၁)အရ
“မည်သို့သောနိုင်ငံမဆို မိမိနိုင်ငံ အတွင်းသို့လူမျိုးရေး၊ဘာသာရေး၊ နိုင်ငံသားဖြစ်မှု၊
အဖွဲ့စည်းတစ်ခုခု၏ အဖွဲ့ဝင်ဖြစ်သောကြောင့်၊နိုင်ငံရေး အယူဝါဒတို့ကြောင့် မိမိနေ
ရပ်နိုင်ငံတွင် ဖိနှိပ်မှု၊ထောင်သွင်း အကျဉ်းချခံရမှုနှင့် အသက်အန္တရာယ်တို့မှ လွတ်
မြောက်ရန် ၀င်ရောက် ခိုလှုံလာသောသူများကို ခိုလှုံ့ခွင့်ပေးရန် နှင့် ထိုသူတို့ကို
နေရပ်သို့ အတင်းအဓမ္မပြန်ပို့ခြင်း၊နယ်နှင်ဒဏ်ပေးခြင်းတို့ကို မဆောင်ရွက်ရ၊မလုပ်
ဆောင်ရ။” ဟုပါရှိပါသည်။ယခုမလေးရှား နှင့်မြန်မာ တို့အကျဉ်းသားလဲလှယ်မည်
ဆိုသော လုပ်ဆောင်နေမှုသည် ထိုအပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုး
ဖောက် ပါသည်။အဘယ်ကြောင့်ဆိုသော် ထောင်ထဲ၊ ကမ့်ထဲတွင် ဒုက္ခသည်အဖြစ်
အသိအမှတ်ပြု မခံရသေးသော၊ UNHCR ၏ ကာကွယ်မှု မရရှိသေးသော ဒုက္ခသည်
များစွာရှိနေသောကြောင့် ဖြစ်ပါသည်။
မလေးရှားနိုင်ငံ၏ လွန်ခဲ့သောလက တရားမ၀င်နိုင်ငံခြားသားများကို မှတ်ပုံတင်ခြင်း
အစီအစဉ် ဖြစ်သော ၆P အစီအစဉ်တွင် UNHCR မှဒုက္ခသည်အဖြစ် အသိအမှတ်ပြု
ခံထားရသူများ ကိုလည်း လက်ဗွေနှိပ် မှတ်ပုံတင်စေခဲ့သည်။သို့ရာတွင် ဒုက္ခသည်များ
ကို ပေးသောမှတ်ပုံတင် လ၀ကစာရွက်ပေါ်တွင်“Tujuan:Pulang Ke Negara
Asal” (သတိ။ ။ မိမိနိုင်ငံသို့ပြန်ရန်။) ဟုသတ်မှတ်ပေးခဲ့သည်။သို့အတွက်ကြောင့်
ဒုက္ခသည်များ ဆက်လက်၍ မှတ်ပုံတင်ခြင်းကို UNHCR နှင့် NGOs များမှ ဆွေးနွေး
ပြီး ရပ်ဆိုင်းခဲ့သည်။
ထို့ကြောင့် ယခုကာလတွင် လူအခွင့်အရေးစောင့်ရှောက်သည့် NGOs များမှမလေးရှား
အစိုးရကိုတောင်းဆိုသည်မှာ အကျဉ်းသားလဲလှယ်ရေး စီစဉ်ဆောင်ရွက်နေမှုကို
ဖျက်သိမ်းရန်၊ထောင် ကမ့်များသို့ UNHCR ဒုက္ခသည် စောင့်ရှောက်ရေးအဖွဲ့ကို
ဝင်ရောက်ခွင့်ပြု၍စီစဉ်ဆောင်ရွက် ကူညီကာကွယ်ခွင့် ပေးရန် တို့ဖြစ်သည်။
မလေးရှားအစိုးရ သို့
၁။မလေးရှားအစိုးရအနေနှင့် UNHCR နှင့်ပူးပေါင်းဆောင်ရွက်၍ UNHCRမှ
ဒုက္ခသည်အဖြစ်အသိအမှတ်ပြုခံရသူများကိုအမြန်ဆုံးပြန်လွှတ်ပေးရန်။
၂။လူ့အခွင့်အရေးရှေ့နေများနှင့် NGO များကိုထောင်များ၊ကမ့်များသို့ဝင်ရောက်ခွင့်
ပြုရန်နှင့် အကျဉ်းသားများအတွက် ကူညီဆောင်ရွက်ခွင့်ပြုရန်။
၃။မကြာသေးမီက ဒုက္ခအချို့ရရှိခဲ့သော နိုင်ငံပြန်ရန်ဟူသော မှတ်ချက်အပေါ်
အမြန်ဆုံးဖြေရှင်းပေးရန်နှင့်ဒုက္ခသည်အခွင့်အရေးကို လေးစားလိုက်နာရန်။
အထက်ပါ တောင်းဆိုပန်ကြားလွှာသည် Health Equity Initaitive (HEI),
Lawyers for Liberty (LFL), Women’s Aid Organization (WAO)
Tenaganita, Suaram, Malaysia Social Research Institute
(MSRI)တို့မှ တညီတညွတ်တည်း အသိအမှတ်ပြု၍ ဒုက္ခသည် နှင့် အကျဉ်းသား
ကာကွယ်ရေးအတွက် မလေးရှားအစိုးရကို ပန်ကြားခြင်း ဖြစ်ပါသည်။
Free Malaysia Today
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
▼
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Thursday, 20 October 2011
မလေးရှားအစိုးရမှ ဒုက္ခသည်များကို ပို၍ဆိုးဝါးသော အန္တရာယ် မပေးပါနှင့်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment