Saturday 29 October 2011

ဒုက္ခသည် ၈၁၀၀၀ ကို IMM13 စာရွက်စာတမ်းထုတ်ပေးခြင်းမရှိဟု ၀န်ကြီးချုပ်ရုံးဝန်ကြီး ပြော

October 28, 2011

နိုင်ငံခြားသားများကို မလေးရှားနိုင်ငံသား လတ်မှတ် ထုတ်ပေးနေသည်ဟူသော စွပ်စွဲချက်များကို ၀န်ကြီးချုပ်ရုံးဝန်ကြီး Nazri Abdul Aziz က ငြင်းဆိုလိုက်သည်။

KOTA KINABALU: သက်သေ အထောက်အထားများ ရှိနေသော်လည်း Sabah ရှိ ဖိလစ်ပိုင်ဒုက္ခသည်များကို မလေးရှား နိုင်ငံသား ကဒ်များ ထုတ်ပေးနေသည်ဟူသော စွပ်စွဲချက်များကို အစိုးရက ငြင်းဆိုလိုက်သည်။

ဝန်ကြီးချုပ်ရုံးဝန်ကြီးNazri Abdul Aziz said ဒုက္ခသည် ၈၁၀၀၀ သည် ယခုအချိန်ထိ အလုပ်လုပ်ရန်နှင့် လွတ်လပ်စွာ သွားလာနိုင်ရန် IMM13 အထောက်အထားကို ကိုင်ဆောင်ထားဆဲဖြစ်သည်ဟု ဆိုသည်။

၁၉၇၀ နောက်ပိုင်းကတည်းက Sabahရှိ ဒုက္ခသည် မည်မျှ မလေးရှားနိုင်ငံသားအဖြစ် ထုတ်ပေးသလဲနှင့် ယင်းသို့ ထုတ်ပေးရန် မည့်သည့် လုပ်ထုံးလုပ်နည်းဖြင့် လုပ်ဆောင်ခဲ့သလဲဟူသော Tawau အမတ် Chua Soon Bui ၏ ပါလီမန်၌ မေးမြန်းချက်ကို Nazri က ဖြေကြားခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ်က ဖိလစ်ပိုင်တောင်ပိုင်းနှင့် အင်ဒိုနီးရှား ဒုက္ခသည် ၈၁၀၀၀ ကို IMM13 အထောက်အထားများကို Sabah လူဝင်မှုကြီးကြပ်ရေး (လ၀က)က ထုတ်ပေးခဲ့သည်ဟု Nazriက Putatan ပါလီမန်အမတ် Marcus Mojigohကို အစောပိုင်းက တုံ့ပြန်ပြောကြားခဲ့သည်။

IMM13 သည် အသက် ၁၃ နှစ်အထက် ဒုက္ခသည် ကလေးများကို ထုတ်ပေးလျက်ရှိသည်။

“တရားမ၀င်ပြောင်းရွှေ့နေထိုင်သူတွေကို IMM13 မထုတ်ပေးပါဘူး” ဟု Nazri ကပြောသည်။

Sabahတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကဖွင့်လှစ်ထားသည့် ဒုက္ခသည် စခန်း ၆ ခုရှိပြီး Tawau၊ Semporna၊ Sandakan၊ Kota Kinabaluနှင့် Labuan တို့တွင် ရှိကြောင်းသိရသည်။

UNHCR က ဒုက္ခသည် ၆၀၀၀ အတွက် စခန်းမှာ တည်ထောင်ခဲ့သည်မှာ ၁၀ စုနှစ် ၄ ခုရှိပြီဖြစ်၍ Nazri ပြောသည့် အရေ အတွက်ကို “မှားယွင်း၍ ရှုပ်ထွေးမှုများ” အဖြစ် Sabahတိုးတက်ရေးပါတီ (SAPP) ဒုဥက္ကဋ္ဌ Chuaက စိန်ခေါ်လိုက်သည်။

သူမက ထောင်ပေါင်းများစွာသော ဒုက္ခသည်များနှင့် ၎င်းတို့၏ ကလေးများ၊ မြေးများက ၎င်းတို့ပိုင် မိသားစုကိုစတင်နေသည့် အတွက် သူတို့၏ လူဦးရေမှာ ၁ သိန်းကျော်ဖြစ်နေသည့် ဆိုသည့်အချက်ကို အခြေခံ၍ သူမက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“သူတို့ကလေးတွေက လက်ထပ်ကြကုန်ပြီ၊ တချို့တွေက ဒုတိယနဲ့ တတိယ ဒုက္ခသည်မျိုးဆက် တွေဖြစ်ကုန်ပြီ၊ အထူး သဖြင့်Tawau ရှိ UNHCR စခန်းက ဒုက္ခသည်တွေက အပြင်ကို ပြောင်းရွှေသွားတော့ ဒီတွက်ချက်မှုက အသားတင်အောက် လျော့ ပြီးခန့်မှန်းထားတာပါ” ဟု သူမက ပြောသည်။

Sabahရှိ သောင်းချီနေသည့် ဒုက္ခသည်များ၊ သြစတြေးလျနှင့် ဒုက္ခသည်ဖလှယ်ရေး အစီအစဉ်တို့နှင့် ပတ်သက်၍လည်း ရှင်းလင်းသည့် မူဝါဒ တခုချမှတ်ရန် Chuaက ပြောသည်။

၁၉၉၀အစောပိုင်းကUmnoသည် Sabahသို့ ချဲ့ထွင်သည့် အချိန်မှစ၍ ဒုက္ခသည် အရေအတွက်၊ ပြည်နယ်အတွင်းရှိ တရားမ၀င်ရွှေ့ပြောင်း နေထိုင်သူ အရေအတွက်ပတ်သက်သည့် မေးခွန်းများကို တိတိကျကျ ဆုံးဖြတ်နိုင်ခြင်းမရှိကြောင်း သိရသည်။

ထာက်ခံသူများ အတိအကျမသိရသည့် ဒေသတွင် BN က ရွေးကောက်ပွဲကို ဆက်တိုက် အနိုင်ရလျက်ရှိ သဖြင့်ကြာရှည် နေထိုင်လာသည့် ဒုက္ခသည်များနှင့် နိုင်ငံခြားရွှေ့ပြောင်းနေထိုင်သူများကို မလေးရှား နိုင်ငံသားကဒ်ကို ဖက်ဒရယ်အစိုးရက ထုတ်ပေးနေသည် ဟူသော စွပ်စွဲချက်သည် နိုင်ငံရေးသမားများနှင့် လေ့လာသူများက မေးခွန်း ထုတ်ခဲ့သည့်အတွက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“စီမံကိန်း IC” “စီမံကိန်း M” ဟု အမည်ပေးထားသည့် အစီအစဉ်ကို တပြိုင်တည်း လုပ်ဆောင်ခဲ့ပြီး ထောင်နှင့်ချီသော တရားမ၀င်ရွှေ့ပြောင်း နေထိုင်သူများအထဲမှ မဲပေးနိုင်သူအဖြစ် ရွေးထုတ်ခဲ့သည့်အတွက် ရွေးကောက်ပွဲ ရလာဒ်ကို ယိမ်းယိုင်စေသည်။

မလေးရှားနိုင်ငံသား ကဒ်ကို ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူများကို ထုတ်ပေးနေခြင်းကို IMM13 သက်သေအထောက် အထားကို အသုံးပြုရန်နှင့် ပြန်လည်စိစစ်ရာတွင် သူတို့သည် Mykads များဖြင့် အစားထိုးထားသည်ကို တွေ့ရှိခဲ့ရသည်။

၁၉၆၃ အစောပိုင်းက Sabahသို့ လာရောက်သည့် နိုင်ငံခြားသား အုပ်စု ၂ ခုကို ၈၁၀၀၀ IMM13 သက်သေအထောက်အထား များ ထုတ်ပေးခဲ့သည်ဟု လ၀က စာရင်းဟောင်းများကို ကိုးကား၍ ၂၀၁၀ နိုဝင်ဘာလကလည်း ပါလီမန်တွင် Nazri က Chuaကိုအလားတူ အဖြေပေးခဲ့သည်။

ယင်းအုပ်စု ၂ ခုမှာ ဆူကာတို သမ္မတလက်ထက်တွင် အင်ဒိုနီးရှားမှ ထွက်ပြေးလာသည့် အင်ဒို-တရုတ် ဒုက္ခသည်များ၊ ၁၉၇၂ နှင့် ၁၉၇၄တွင် Sabahသို့ ၀င်ရောက်လာသည့် ဖိလစ်ပိုင်တောင်ပိုင်းမှ စစ်ပြေးဒုက္ခသည်များဖြစ်သည်။

အစိုးရက နိုင်ငံကူးလတ်မှတ် (ကင်းလွတ်ခွင့်) နံပါတ် ၂ (ပြင်ဆင်ချက်) ၁၉၇၂ ဥပဒေ ဟူသော ၁၉၇၂ ခုနှစ် စက်တင်ဘာ လက ထုတ်ပြန်ခဲ့သည့် ပြဌာန်းချက်အရ ယင်းအုပ်စုများကို Sabahတွင် နေထိုင်ခွင့်ပြုခဲ့သည်ဟု Nazriက ပြောသည်။

ဒုက္ခသည်များနှင့် ထောင်နှင့်ချီသော နိုင်ငံခြားအလုပ်သမားများ၊ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ ခွဲခြားရန် Sabah လ၀က က IMM13 အထောက်အထားများ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

IMM13 အထောက်အထားသည် အထွေထွေသွားရောက်လည်ပတ်ခွင့် အမျိုးအစားဖြစ်ပြီး ၁နှစ် သက်တမ်းရှိကာ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးလေ့ရှိသည်။ Sabahရှိ IMM13ကိုင်ဆောင်သူများက မူရင်းနေရပ်သို့ ပို့ဆောင်ခြင်းမခံရမီ အချိန်ထိ ပြန်လည် သက်တမ်းတိုးရန်၍ ရသည်။

IMM13 ကိုင်ဆောင်သူများသည် စီးပွားရေး၊ ဆောက်လုပ်ရေး၊ ၀န်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် တခြားသော သင့်တော် သည့် ကဏ္ဍများတွင် အလုပ်လုပ်ခွင့်ရှိသော်လည်း လူထုနှင့်ဆိုင်သည့် ၀န်ဆောင်မှုကဏ္ဍများတွင် အလုပ်လုပ်ခွင့်ရှိမည်မဟုတ် ချေ။

ယင်းအုပ်စုဝင်များသည် သက်ဆိုင်ရာ အာဏာပိုင်များ၏ ဆုံးဖြတ်ချက်ဖြင့် ပညာရေးနှင့် ကျန်းမာရေး ၀န်ဆောင်မှုများကို ရရှိပိုင်ခွင့်ရှိသည်။

၁၉၇၂- ၁၉၈၄ ခုနှစ်အတွင်း ရောက်ရှိလာသူများ IMM13 ရရှိသူများသည် ၁၉၈၄ ခုနှစ်နောက်ပိုင်းမှ လာရောက်သူများဖြစ် သည်ဟု မဆိုလိုကြောင်း Nazri က ဆက်ပြောသည်။

“၁၉၈၄ နောက်ပိုင်းမှာ အများကြီးရောက်လာပေမယ့် သူတို့ကို IMM13မထုတ်ပေးတော့ပါဘူး၊ အဲဒီပြီးတဲ့နောက်မှာ မလေးရှားကို ဒုက္ခသည်တွေမလာတော့ဘူးလို့ ကျနော်ပြောနေတာမဟုတ်ဘူးနော်၊ ရှိပါလိမ့်မယ် ဒါပေမယ့် သူတို့က IMM13 မထုတ်ပေးထားပါဘူး” ဟု သူက ပြောသည်။

ပြည်တွင်းစစ်အတွက် ဆွေးနွေးနေဆဲကာလဖြစ်သည့်အတွက် အစိုးရက ယင်း ဒုက္ခသည်များကို ဖိလစ်ပိုင်တောင်ပိုင်းသို့ပြန်ပို့ ရန် အစိုးရက ဆုံးဖြတ်ချက်ချမှတ်နိုင်ကြောင်း Nazri ဆိုသည်။

“စစ်က အခုထက်ထိ ဖြစ်နေတဲ့အတွက် ဒီဒုက္ခသည်တွေကို ဖိလစ်ပိုင် တောင်ပိုင်းကို ပြန်ပို့လိုက်မယ်ဆိုရင် ကုလသမဂ္ဂရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုကို ခံရပါမယ်၊ တကယ်လို့ကျနော်တို့က သူတို့ကို ပြန်ပို့ခဲ့မယ်ဆိုရင် သူတို့မြေပေါ်မှာ အသတ်ခံရဖို့ ပို့လိုက် သလိုပါပဲ” ဟု သူက ပြောသည်။ (မလေးရှားကီနီ) By-KHT

0 comments:

Post a Comment