Friday 25 November 2011

ရှေ့ ၂၅ နှစ်ကာလ အရှေ့တောင်အာရှမှာ မြန်မာ စီးပွားရေး ထိပ်တန်းနိုင်ငံ ဖြစ်လာနိုင်

2011-11-24

မြန်မာနိုင်ငံဟာ လာမဲ့ ၂၅ နှစ်ကာလအတွင်း အရှေ့တောင်အာရှမှာ စီးပွားရေး ထိပ် တန်းနိုင်ငံ ဖြစ်လာမယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးဒေါက်တာနေဇင်

လတ်က အာရ်အက်ဖ်အေကို ပြောပါတယ်။

RFA

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း အာဆီယံ ထိပ်သီး

ညီလာခံတွင် လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်း အစီအစဉ်နှင့် သမ္မတ ဦးသိန်းစိန်၏

နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ် တွေ့ဆုံခဲ့စဉ်။


အစိုးရအနေနဲ့ မှန်ကန်တဲ့ စီးပွားရေး မူဝါဒတွေချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးတွေအား
မြှင့် လုပ်ဆောင်နေပြီဖြစ်လို့ လက်ရှိ အရှိန်အဟုန်အတိုင်း ဆက်ဆောင်ရွက်သွားရင် အရှေ့တောင်အာရှမှာ အဆင့်တစ်က သုံးအတွင်း စီးပွားရေး ထိပ်တန်းနိုင်ငံဖြစ်လာနိုင်
ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးညီလာခံ ကာလအတွင်း အာရ်အက်ဖ်အေနဲ့ သီးသန့် တွေ့ဆုံရာမှာ
ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံကို အနောက်နိုင်ငံတွေက နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့ထားခဲ့တာ
ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ထိခိုက် နစ်နာခဲ့ရတဲ့အပြင်ငွေကြေးအကူအ
ညီ၊ စီမံခန့်ခွဲမှု၊ နည်းပညာ၊ ဈေးကွက်၊ လူဝင်မှု စတဲ့ ကဏ္ဍရပ်တွေမှာလည်းဆုံးရှုံးမှု ရှိခဲ့တယ်လို့ ဒေါက်တာ နေဇင်လတ်က ပြောပါတယ်။

အခုအခါမှာတော့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ဒဏ်ခတ်မှု ရုပ်သိမ်းရေးအပါ
အဝင် အကူအညီတွေ ပြန်လည်ရရှိဖို့ လမ်းစပွင့်လာပြီ ဖြစ်တာကြောင့်မြန်မာနိုင်
ငံဟာ လာမယ့် ၁၀ စုနှစ်အတွင်း ကမ္ဘာ့အဆင်းရဲဆုံး တတိယနိုင်ငံအဆင့်ကနေ
ဒုတိယနိုင်ငံ အဆင့်ကို ရုန်းထွက်နိုင်တော့မယ်လို့ ဒေါက်တာနေဇင်လတ်ကပြော
ပါတယ်။

မြန်မာနိုင်ငံဟာ အာရှတိုက်မှာ သဘာဝ အရင်းအမြစ်၊ လူသား အရင်းအမြစ်ပေါ
များကြွယ်ဝပေမဲ့စစ်အာဏာရှင် စနစ်အောက်မှာ မှားယွင်းတဲ့ စီမံခန့်ခွဲ မှုတွေ
ကြောင့်၁၉၈၇ ခုမှာ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

0 comments:

Post a Comment