Sunday 20 November 2011

၉၁နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်ပြုလုပ်

20-11-2011

ခရစ်နှစ် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၂၀)ရက်၊ မြန်မာသက္ကရာဇ် ၁၃၇၃ ခု တန်ဆောင်
မုန်းလပြည့်ကျော် (၁၀)ရက် တနင်္ဂနွေနေ့တွင် ကျရောက်သော(၉၁)နှစ်ပြည့်အမျိုးသား
အောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ဗဟန်းမြို့နယ်၊ရွှေဂုံတိုင်လမ်းရှိအ
မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်
အောင်ဆန်းစုကြည်၊အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ပြည်နယ်နှင့်
တိုင်းအသီးသီးမှပါတီဝင်ကိုယ်စားလှယ်များနှင့်ပြည်တွင်း၊ပြည်ပမှသတင်းမီဒီယာများ
တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကိုနံနက်(၁၀)နာရီအချိန်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး အထွေထွေအတွင်းရေး
မှုး ဒေါ်အောင်ဆန်းစုကြည်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကဗျာဆရာကြီး
ကိုလေး(အင်းဝဂုဏ်ရည်)နှင့် ဒါရိုက်တာ၊စာရေးဆရာကြီးဆရာမောင်မိုးသူတို့မှအမျိုး
သားနေ့အထိမ်း အမှတ်စာပေများကို ဟောပြောသွားခဲ့ပါသည်။(လူထုအော်သံ)

0 comments:

Post a Comment