Wednesday 30 November 2011

ပြည်ပနိုင်ငံများမှ ကားအစီးရေ ၁၄၀၀ ကျော် ဒုတိယအသုတ် ထပ်မံရောက်ရှိမည်

ပြည်ပနိုင်ငံများမှ ကားအစီးရေ ၁၄၀၀ ကျော်သည် မြန်မာနိုင်ငံသို့ ဒုတိယအသုတ်အဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဌာနမှ သိရသည်။ နှစ်ပေါင်း ၄၀ အထက် ကားများအား ၉၅ မိုဒယ်အထက်ကားများနှင့် လဲလှယ်ရေး အစီအစဉ်အဖြစ် ကားများမှာယူတင်သွင်းခဲ့ရာ ဒုတိယအသုတ် အဖြစ် ဂျပန်နိုင်နိုင်ငံနှင့် တရုတ်နိုင်ငံများမှ ကားများ အဆိုပါရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ “ဂျပန်ကနေ ကားစီးရေ ၄၀၀ ကျော်လောက် ရောက်လာမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ ကား ၁၀၀၀ နီးပါးရောက်ဖို့ ရှိပါတယ်။ သူတို့ကိုလဲ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံရင် မကြာမီမှာဘဲ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ ဂျပန်နိုင်ငံမှ ကားစီးရေ ၄၀၀ ကျော်အား MINDORO သဘောင်္ဖြင့် သယ်ဆောင်လာမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ကားစီးရေ ၁၀၀၀ အား Chang Yu သဘောင်္ဖြင့် သယ်ဆောင်လာမည်ဖြစ်ကာ ရန်ကုန်ဆိပ်ကမ်းသို့ ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ဆက်တိုက်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ “ပထမအသုတ်အနေနဲ့ တင်သွင်းလာတဲ့ ကားတွေထဲကနေ အစီး ၁၀၀ ကျော်လောက် ထုတ်ပေးပြီးပါပြီ။ လေး၊ ငါးစီးလောက်ပဲထုတ်ဖို့ ကျန်နေပါသေးတယ်” ဟု ယင်းက ဆက်လက်ပြောသည်။ ပထမအသုတ်အဖြစ် ဂျပန်နိုင်ငံမှ တင်သွင်းလာသည့် ကားအစီးရေ ၁၁၀ အား နိုဝင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့သို့ အိုးရှင်းဘလူး ကားကယ်ရီယာ သဘောင်္ဖြင့် ရန်ကုန်မြို့ ဆူးလေအမှတ်(၆) တံတားသို့ ရောက်ရှိလာပြီး အကောက်ခွန်ဦးစီးဌာနက မိုဒယ်မှန်ကန်မှုရှိ မရှိ စိစစ်ပြီး နိုဝင်ဘာ ၈ ရက်မှ စတင်ကာ ထုတ်ပေးခဲ့ကြောင်း သိရသည်။ ယာဉ်ပိုင်ရှင်များအနေဖြင့် ပြည်ပနိုင်ငံများမှ ကားတင်သွင်းခွင့်ပြုရာတွင် ကယ်ရီယာများဖြင့် တင်သွင်းမှုများအပြင် တချို့ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိတို့တင်သွင်းလိုသည့် ကားများကို ကားကုန်သေတ္တာများဖြင့် သယ်ဆောင်မှုများလည်း ပြုလုပ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment