1/1/2012
ဒီကနေ့ ကျရောက်တဲ့ နှစ်သစ်ကို အမေရိကန်သမ္မတဘရက်ခ် အိုဘားမားက မျှော်လင့်
ချက်ရှိတဲ့နှစ်သစ်လို့ ပြောလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွက်တိုးတက်မှု
တွေပိုပြီးဆောင်ကျဉ်းလာမယ့် နှစ်သစ်၊အလုပ်အကိုင်တွေပိုဖန်တီးလာနိုင်ပြီးစီးပွားရေး
လည်းတိုးတက်လာနိုင်မယ့်နှစ်လို့ မျှော်လင့်တဲ့အကြောင်းသမ္မတအိုဘားမားရဲ့အပတ်
စဉ်စနေနေ့မိန့်ခွန်းထဲမှာ မနေ့ကထည့်သွင်းပြောဆိုခဲ့ပါတယ်။
သူဘာကြောင့်နှစ်သစ်ကို မျှော်လင့်ချက်ရှိရသလဲဆိုတော့ အမေရိကန်ဥပဒေပြုလွှတ်
တော်အမတ်တွေကသန်းနဲ့ချီတဲ့ အမေရိကန်ပြည်သူတွေအတွက် မှန်ကန်တဲ့လုပ်ရပ်
တွေကို ခရစ္စမတ်မတိုင်ခင်ဆောင်ရွက်ခဲ့ကြ တာကြောင့်လို့ဆိုပါတယ်။အလုပ်လက်
မဲ့တွေအတွက်အကျိုးခံစားခွင့်တွေကိုတိုးချဲ့ ပေးရေးနဲ့လစာငွေထဲက အခွန်လျှော့
ကောက်ရေးကိစ္စတွေကိုလွှတ်တော်အမတ်တွေကကြိုတင်ကာကွယ်ပေးခဲ့ကြပါတယ်။
တရုတ်သမ္မတဟူဂျင်းတောင်ကတော့ သူ့ရဲ့ ပြည်သူတွေအတွက် ကမ္ဘာ့အခြေအနေတွေ
မရေရာမသေချာ ဖြစ်နေတဲ့ကာလမှာ ယုံကြည်ချက် ခိုင်ခိုင်မာမာရှိအောင်ကြိုးစားကြဖို့
နှစ်သစ်ကူးအကြိုမိန့်ခွန်းကို မနေ့ကပြောခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးပြန်ကောင်းလာဖို့အ
ခြေအနေတွေက မတည်မငြိမ် ဖြစ်နေတုန်းပဲလို့လည်းဆိုပါတယ်။ ဘုံတိုးတက်မှုတွေကို
မြှင့်တင်သွားဖို့နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ် စောင့်ရှောက်သွားဖို့ တရုတ်နိုင်ငံက
ခိုင်ခိုင်မာမာဆက်ပြီးလုပ်ဆောင်သွားမယ်လို့ တရုတ်သမ္မတ ဟူဂျင်းတောင်က အစိုးရ
ပိုင်မီဒီယာကနေတဆင့် မိန့်ခွန်းပြောခဲ့ပါတယ်။
ဥရောပနိုင်ငံတွေမှာတော့ နိုင်ငံခေါင်းဆောင်တွေက သူတို့နိုင်ငံသားတွေကိုစိတ်မသက်
မသာဖြစ်စေမယ့် သတင်းစကားတွေ နှစ်သစ်ကူးချိန်ခါမှာ ပြောခဲ့ကြပါတယ်။ ပြင်သစ်
နိုင်ငံရဲ့ အနာဂတ်ဟာ ၂၀၁၂ခုနှစ်မှာတော့ မတိမ်းမစောင်း ဆက်ပြီးရှိနေမှာပါလို့ ပြင်
သစ်သမ္မတ နီကိုလာ ဆာကိုဇီ က ပြောသွားပါတယ်။ လူတော်တော်များများဟာ သူ
တို့သားသမီးတွေရဲ့ နောင်ရေးကို တွေးပူရင်းနဲ့ နှစ်သစ်ကို စတင်ရတယ်၊ ငွေကြေး
အကြပ်အတည်းက ရုန်းထွက်ဖို့ ဥရောပတိုက်အတွက်တော့ စိန်ခေါ်မှုကြီးတရပ် ဖြစ်
နေဦးမယ်လို့ သူက ဝန်ခံသွားပါတယ်။
ဂျာမန်ဝန်ကြီးချုပ် အန်ဂလာမာကဲလ်ကလည်း ကုန်လွန်ခဲ့တဲ့နှစ်မှာဥရောပဟငွေကြေး
အကြပ်အတည်းနဲ့ ရင်ဆိုင် နေခဲ့ရပါတယ်၊ဒါပေမယ့် သူတို့ဒေသမှာ သမိုင်းဝင်အမွေ
အနှစ်အနေနဲ့ အေးအေးချမ်းချမ်းဆက်ရှိနေခဲ့တယ်လို့ ပြောသွားပါတယ်။ အတိတ်က
သင်ခန်းစာကနေ အနာဂတ်အတွက် ပြင်ဆင်လို့ရပါတယ်လို့ ပြောသွားပါတယ်။
ဂရိဝန်ကြီးချုပ် လုကပ်စ် ပါပါဒီမိုစ် ကတော့ လာမယ်နှစ်သစ်ဟာ ခက်ခဲတဲ့ နှစ်
တနှစ်ဖြစ်ပါလိမ့်မယ်၊ ပြည်သူတွေအနေနဲ့ ခြိုးခြံချွေတာရေးအစီအစဉ်ကို လက်ခံဖို့
ဆိုပြီး တိုက်တွန်းသွားပါတယ်။ ဂရိအစိုးရဟာ နှစ်သစ်ကူးပွဲတော် အတွက် ငွေသုံး
စွဲမှုလျှော့ချပြီး လိုအပ်နေသူတွေအတွက်သုံးစွဲပေးခဲ့ပါတယ်လို့ ပြောပါတယ်။
Russia သမ္မတ ဒီမီထရီ မက်ဗဒတ် နှစ်ဟောင်းနောက်ဆုံး မိန့်ခွန်းထဲမှာတော့
အနာဂတ်အတွက် ပိုပြီးအကောင်းဘက်က ရှုမြင်ထားတာကို တွေ့ရပါတယ်။
ပုပ်ရဟန်းမင်းကြီး Benedict ကတော့ ဆုမွန်ခြွေပြီး နှစ်ဟောင်းကို အဆုံးသတ်
ခဲ့ပါတယ်။နှစ်သစ်အတွက် အနာဂတ်က ပိုပြီး လှပလိမ့်မယ်လို့ မျှော်လင့်ကြောင်း
ပြောဆိုသွားပါတယ်။(ဗွီအိုအေ)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
▼
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Sunday, 1 January 2012
ကမ္ဘာ့ခေါင်းဆောင်တွေ နှစ်ကူး နှုတ်ခွန်းဆက်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment