Thursday, 12 January 2012

မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ပြောကြားချက်

12/01/2012
မြန်မာ့အသံမှညနေ ၆ နာရီသတင်း ကြေငြာချက်"အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၄၀၁ပုဒ်မခွဲ(၁)အရလွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းပြည်ထောင်
စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ
ငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက်လည်းကောင်း၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်
ရေးအတွက်လည်းကောင်း၊နိုင်ငံေ၇းလုပ်ငန်းစဉ်များတွင်အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေး
အတွက်လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကိုအလေးပေးသောအားဖြင့်
လည်းကောင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်ကြပြီးနိုင်ငံတော်သစ်တည်
ဆောက်ရေးတွင် တဘက်တလမ်းမှအထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်
သို့ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက်လည်းကောင်းရည်ရွယ်ပြီးအကျဉ်းထောင်အသီး
သီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ၆၅၁ဦးအားပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ်၁၃၇၃ပြာသိုလဆုတ်၅ရက်
ခရစ်နှစ်၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့ မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း
သိရပါသည်။

မှတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ(၄၀၁)ဆိုသည်မှာကျန်ရှိပြစ်ဒဏ်များကိုဆိုင်းငံ့ ပြစ်ဒဏ်အဖြစ်သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။

0 comments:

Post a Comment