Tuesday 24 January 2012

မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုအား ဂျာမန်ကလပ် နုရင်ဘတ် ဒေါ်လာ ၅သိန်း ၀န်းကျင်ဖြင့် ကမ်းလှမ်း

2012-01-23
ဂျာမန် ဘွန်ဒက်လီဂါ ကလပ်အသင်း နုရင်ဘတ်သည် မြန်မာ့ လက်ရွေးစင်တိုက်စစ်
မှူး ကျော်ကိုကိုအား ပြောင်းရွှေ့ကြေး ဒေါ်လာ ၅သိန်း ၀န်းကျင်ဖြင့် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇေယျာရွှေမြေ အသင်း တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ ဂျာမန် ကလပ် အသင်းသည်
မြန်မာနေရှင်နယ်လိဂ်ကလပ်များအတွက် ကစားသမားများ ခေါ်ယူပေးခဲ့ဖူးသူ အေးဂျင့်
ဒရာဂန်မှ တစ်ဆင့် ဆက်သွယ်ကမ်းလှမ်းလာခဲ့ခြင်း ဖြစ်ပြီး ကျော်ကိုကို၏ ခြေစွမ်းအား
စမ်းသပ်လိုနေကြောင်း သိရသည်။ခြေစွမ်းအစမ်းသပ်ခံစဉ်ကာလအတွင်း လေယာဉ်ခ၊
နေထိုင်စားသောက်စရိတ် အစရှိသည်တို့အား၎င်းတို့အသင်းဘက်မှကျခံပေးမည်ဖြစ်ပြီး
အကယ်၍သာ ခေါ်ယူဖြစ်ခဲ့မည်ဆိုပါကလစာအနေဖြင့် ဒေါ်လာ၄၀၀၀မှ ၅၀၀၀ကြား
ရရှိနိုင်မည် ဖြစ်သည်။
ထို့အတူ ဇေယျာရွှေမြေအသင်းကိုလည်းဒေါ်လာ၎သိန်းမှ ၅သိန်းအထိပြောင်းရွှေ့ကြေး
အဖြစ်ပေးချေမည်ဖြစ်ကြောင်းသိရသည်။ထိုပမာဏသည် မြန်မာ့ဘောလုံးသမိုင်းတွင်
မြန်မာကစားသမားတစ်ဦးအတွက်အမြင့်မားဆုံးပြောင်းရွှေ့ကြေးတစ်ရပ်လည်းဖြစ်လာ
ဖွယ်ရှိနေကာ ကျော်ကိုကိုအနေဖြင့် အာရှတိုက် ပြင်ပသို့သွားရောက်ကစားသည့်ပထမ
ဆုံး လက်ရွေးစင် ကစားသမားလည်း ဖြစ်လာမည် ဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဇေယျာရွှေမြေအသင်းက ကျော်ကိုကိုအား ဂျာမနီသို့ စေလွှတ်
နိုင်ရန် အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သို့ တရားဝင် စာတင်ထားကြောင်း သိ
ရသည်။ဇေယျာရွှေမြေ အသင်းသည် ဂျာမန် ကလပ်အသင်းထံသို့ ဇန်န၀ါရီ ၃၁ရက်
မတိုင်မီ စေလွှတ်နိုင်မည် မစေလွှတ်နိုင်မည်ဆိုသည်အားအကြောင်းပြန်ရမည်
ဖြစ်သည်။

ကျော်ကိုကိုသည် ပြီးခဲ့သည့် ဆီးဂိမ်းစ် ပြိုင်ပွဲတွင် ခြေစွမ်း ထင်ပေါ်ခဲ့သည့် ကစားသ
မားတစ်ဦးဖြစ်ကာ Goal.com ၏ အရှေ့တောင် အာရှ၏ အကောင်းဆုံး ကစားသမား ၅ဦး စာရင်းတွင် ရွေးချယ်ခြင်း ခံခဲ့ရသည်။ ၎င်းအား အရှေ့ အလယ်ပိုင်းမှ ကလပ်အ
သင်းများကလည်း စိတ်ဝင်စားခဲ့ဖူးပြီး မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ် အတွက် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုအားလည်း ရရှိထားသူ ဖြစ်သည်။(soccermyanmar)

0 comments:

Post a Comment