Monday 30 January 2012

ဒေါ်အောင်ဆန်းစုကြည် ထာဝယ်စည်းရုံးရေး ခရီးစဉ်

၂၀၁၂ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
သည် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်သို့ ပထမဆုံးအကြိမ်နိုင်ငံရေး ခရီးစဉ်အဖြစ်
သွားရောက်ခဲ့ပါသည်။ဇန်နဝါရီလ ၂၉ ရက်နေ့နံနက်၈နာရီခန့်တွင်ထားဝယ်လေဆိပ်သို့
ရောက်ရှိခဲ့ပြီး နံနက် ၉ နာရီခန့်တွင်ထားဝယ်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ရုံး၌ ပြည်သူများအား မိန့်ခွန်း ပြောကြား သွားခဲ့ပါသည်။ထို့နောက် ဒေါ်အောင်ဆန်းစု
ကြည်သည်ထားဝယ်မှ တဆင့် လောင်းလုံးမြို့၊အောက်ရေဖြူရွာ၊ ကမြောကင်း၊မောင်း
မကန် စသည့် နေရာများသို့ သွားရောက်၍ ပြည်သူများအား နှုတ်ဆက်စကားနှင့်မိန့်
ခွန်းများ ပြောကြားခဲ့ကာ မွန်းလွဲ ၄ နာရီ ၂ဝ ခန့်တွင် ထားဝယ် လေဆိပ်မှ မြန်မာ့
လေကြာင်းဖြင့် ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့သည်ဟု သိရှိရပါသည်။

အောက်တွင်Video ဖိုင်ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment