Monday 27 February 2012

CRPP အဖွဲ့ဝင်ပါတီများ ပြန်လည်မှတ်ပုံတင်မည်

၂၇-၂-၂၀၁၂
ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် (ALD) ကို တရားဝင်ပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ဖို့
ဆောင်ရွက်နေတယ်လို့ပါတီ အထွေထွေအတွင်ရေးမှူး ဦးအေးသာအောင် ကပြော
ကြားလိုက်ပါတယ်။

တရားဝင် ပါတီ အဖြစ်မှတ်ပုံတင်မှ နိုင်ငံရေးဆက်လုပ်လို့ရမယ်လို့ပါတီဝင်ဟောင်း
များရန်ကုန်မြို့မှာ တွေ့ဆုံစဉ် သဘောထားပေးခဲ့ကြတယ်လို့ဆိုပါတယ်။ALD ဟာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)၊တခြား တိုင်းရင်းသားပါတီ တွေနဲ့အတူ
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မီတီ(CRPP)အဖွဲ့ထဲမှာ ပါဝင်ပါတယ်။

ALDပါတီ ပြန်ပြီးမှတ်ပုံတင်နေသလို CRPP အဖွဲ့ထဲက ဇိုမီးအမျိုးသားကွန်ဂရက်၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
တို့အပါအဝင်တိုင်းရင်းသားပါတီတွလေည်းမှတ်ပုံတင်ကြဖို့ရှိနေတယ်လို့သိရပါတယ်။

0 comments:

Post a Comment