၂၀၁၂ ခုနှစ်ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှ စတင်ကျင်းပသည့် ပထမအကြိမ် ချင်းပြည်နယ် လွှတ်တော် တတိယ ပုံမှန်အ စည်းအဝေးတွင် ချင်းအမျိုးသားပါတီမှ ပြည်နယ်ကိုယ်စားလှယ်တဦး တင်သွင်းသည့် အဆို သုံးခု နှင့် မေးခွန်း ၁၂ ခုအနက် ၅ ခု ပယ်ချခံရကြောင်း သိရ သည်။
ပြည်နယ်အတွက် မရှိမဖြစ်လိုအပ်သော လေယာဉ်ကွင်း၊ တက္ကသိုလ်အမြန်ရရှိရေးအတွက် ပြည်နယ်လွှတ် တော်နှင့် ချင်း ပြည်နယ်အစိုးရမှ ပြည်ထောင်စု အစိုးရထံ တင်ပြပေးရေး၊ ပြည်ပရောက် ချင်းပြည်သူများ ချင်းပြည်နယ်သို့ လွတ် လပ်စွာ ပြန်လာနိုင်ရန်နှင့် နိုင်ငံခြားသားအဖြစ် ခံယူပြီးသူများ နှစ်နိုင်ငံသား ခံယူခွင့် ရရှိရေးအတွက် ပြည်ထောင်စု အစိုးရထံ တောင်းဆိုပေးရေး၊ အစိုးရ အဆက်ဆက်က ချင်းပြည်နယ်နေ့အဖြစ် ကျင်းပလေ့ရှိသည့် ဖေဖေါ်ဝါရီ ၂၀ ကို ချင်းအမျိုး သားနေ့အဖြစ်ကျင်းပခွင့်ပြုရေး စသည့် အဆို သုံးခု အား ပယ်ချခဲ့ခြင်းဖြစ်သည်။
“ တင်ပြတာတွေအားလုံးဟာ ချင်းပြည်နယ်အတွက် မရှိမဖြစ် လိုအပ်ချက်တွေဖြစ်တယ်၊ အဲဒါတွေ ပယ်ချခံရ တယ်ဆိုတော့ ပြည်နယ်အစိုးရက ဘာတွေလုပ်တော့မှာလဲ” ဟု ဟားခါးမြို့ပေါ်မှ မြို့မိမြို့ဖ တဦးက ပြော သည်။
ထန်တလန်မြို့မှ စီအဲန်ပီ ပါတီလူကြီးတဦးက မူ“ ချင်းအမျိုးသားနေ့ကိစ္စက မနေ့တနေ့ကမှ ပေါ်လာ တာမဟုတ်ဘူး၊ ချင်းခေါင်းဆောင်ကြီးများကိုယ်တိုင် လုပ်လာခဲ့တဲ့ကိစ္စဆိုတော့ ဆက်ထိန်းသိမ်းဖို့အရေးကြီး တယ်၊ ဆက်ဆက် ကြိုးစား သွား ပါ့ မယ်” ဟု ပြောသည်။
ထို့အပြင် ချင်းအမျိုးသားပါတီမှ မေးမြန်းသည့် မေးခွန် ၁၂ အနက် ၅ ခုအား ပယ်ချခဲ့ပြီး ၇ ခုကိုသာ ပြန်လည် ဖြေကြား ပေးကြောင်း သိရသည်။
ထန်တလန်မြို့နယ်အတွင်း ကိုယ်ထူကိုယ်ထဖြင့် ဖောက်လုပ်နေသော မော်တော်ကားလမ်း ၂ ခု အတွက် ပြည်နယ်အစိုးရမှ ကူညီပံ့ပိုးမည့် အစီအစဉ်ရှိမရှိဟူသော မေးခွန်း နှစ်ခု နှင့် အစိုးရ နှင် စီအဲန်အက်ဖ် အကြား ပဏမာ ငြိမ်းချမ်းရေး သဘော တူညီချက်အရ ဒေသအတွင်း လုံခြုံရေးကောင်းမွန်လာပြီဖြစ်သောကြောင့် နိုင်ငံခြားဧည့်သည်များ၊ ပြည်ပ အဲန်ဂျီ အို၊ အိုင်အဲန်ဂျီအိုများ ချင်းပြည်နယ်အတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် ၊ သွား လာခွင့် ရှိမရှိ တို့အပြင် -
ကန်ပက်လက်မြို့နယ် အတွင်း ၂၀၁၁ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့က ဖြစ်ပျက်သည့် ခရစ်ယာန်လက်ဝါးကားတိုင် ဖျက်ဆီးသ ရော်မှု အရေးယူပေးရေး တိုင်ကြားချက် အပေါ် အရေးယူမှုရှိမရှိ နှင့် ပြည်သူ့လွှတ်တော် နှင့်အမျိုးသား လွှတ်တော် ကိုယ် စားလှယ်များအား အမှတ် (၂) စက်မှူ ၀န်ကြီးဌာနမှ ထုတ်လုပ်သည့် မြန်မာ့ မီနီ ဆလွန်းကားများ အစိုးရ ဈေးဖြင့် ၀ယ်ယူ ခွင့်ပါမစ် ထုတ်ပေး သည့်အပေါ် ပြည်နယ်ကိုယ်စားလှယ်များ လည်း အဆိုပါ ပါမစ် ထုတ်ပေးမည့် အစီအစဉ်ရှိမရှိ မေးခွန်း များကို ပယ်ချခဲ့ကြ ရသည်။(KNT News)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
▼
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Saturday, 3 March 2012
ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးက စီအဲန်ပီ၏ အဆို သုံးခုနှင့် မေးခွန်း ၅ ခု ပယ်ချ
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment