Monday, 5 March 2012

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဇိုမီး အမျိုးသား ကွန်ဂရက် ပြင်ဆင်နေ

06/03/2012
ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် နိုင်ငံရေးပါတီတခုဖြစ်တဲ့ ဇိုမီး
အမျိုးသားကွန်ဂရက်အနေနဲ့ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ရန် ပြင်ဆင်
လျက်ရှိကြောင်း သတင်းရရှိပါတယ်။ ဇိုမီး အမျိုးသား ကွန်ဂရက် ဟာ၁၉၉၀ရွေး
ကောက်ပွဲတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီတခု
ဖြစ်ပါတယ်။ ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အခြေပြုကာဖွဲ့စည်းခဲ့တဲ့
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီတွင်လည်း ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတခု
ဖြစ်ကာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အခြေခံထားတဲ့ ၂၀၁၀
ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်ခဲ့တဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။

ဇိုမီး အမျိုးသား ကွန်ဂရက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့်ကိစ္စနဲ့ ပတ်သက်
ပြီး ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်
မတီအဖွဲ့ဝင်တဦးဖြစ်သူ ပူးကျင်ရှင်းထန်က ”နည်းနည်းလေး မှတ်ပုံတင်ဥပဒေ
ပြောင်းတာတွေရယ်၊ကြားဖြတ်ရွေးကောက်ပွဲလည်းပဲ ပြိုင်မယ့်လူတွေအားလုံး
စာရင်းပေးနေပြီဆိုတော့ အခြေအနေအရ တင်လို့ရပြီ ထင်လို့ ကျွန်တော်တို့က
တင်ရမှာပါ။ ကျွန်တော်တို့က လွန်ခဲ့တဲ့ စနေနေ့လောက်က ကျွန်တော်တို့ မှတ်ပုံ
တင်ဖို့ အစည်းအဝေးလုပ်ပြီးတော့ ဆုံးဖြတ်ထားတာပါ။”လို့ ပြောပြပါတယ်။သူက
ဆက်လက်ပြီး “နိုင်ငံရေးဆိုတာ တရားဝင်ဖြစ်မှ လုပ်တာကောင်းတယ်။ ခိုးကြောင်ခိုးဝှက် လုပ်တားမျိုးလဲ နိုင်ငံရေး မခေါ်နိုင်ဘူး။ နိုင်ငံရေးဆိုတာ လူသိရှင်ကြားလုပ်ရမဲ့ဟာတွေ။ ကျနော်တို့ကတော့လေ လက်နက်အားကိုးပြီးတော့ လုပ်တဲ့အလုပ်မျိုးလဲ မလုပ်ချင်ဘူး၊ ကျနော်တို့က ပြည်သူလူထုကို အားကိုးပြီးတော့ ပြည်သူလူထုထဲမှာ နေပြီးတော့ ပြည်သူလူထုရဲ့ သဘောထားကို နားလည်တဲ့အခါမှာ အဲဒီ သဘောထားအတိုင်း ကျနော်တို့ ဆက်လက်သွားဖို့ ရည်ရွယ်ပြီးတော့မှ ဒီ တရားဝင် မှတ်ပုံတင်ဖို့က လိုအပ်တယ်ဆိုပြီး ကျနော်တို့လျှေက်ရမှာ ဖြစ်ပါတယ်” လို့ မှတ်ပုံတင်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့ပြီး ၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် ပြည်သူ့ကိုယ်စားလှယ် ၄၈ နေရာတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခြင်း၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာခြင်းနဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျဉ်း အနည်းငယ် ပြောင်းလဲလာခြင်းများက ၁၉၉၀ ပြည့် ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအဖြစ် ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီများရဲ့ နိုင်ငံရေး လှုပ်ရှားမှုလမ်းကြောင်းကို အပြောင်းအလဲ ဖြစ်ပေါ်လာစေခဲ့ပါတယ်။ မကြာမီရက်ပိုင်းအတွင်းက ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဇိုမီး အမျိုးသား ကွန်ဂရက် အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ဆုံးဖြတ်ချက် ချမှတ်ကြောင်း သတင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

0 comments:

Post a Comment