Sunday, 18 March 2012

အဘိုးအိုတဦးကို ကြံ့ဖွံ့ ဦးအောင်သောင်း ယာဉ်တန်းကားနှင့် တိုက်၍ သေ။

03/17/2012
ကြံ့ဖွတ်ဝန်ကြီးဦးအောင်သောင်း
က အမျိုးသားဒီမိုကရေစီအဖွဲ့
ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ရဲ့စည်းရုံးရေးခရီးများအ
တွင်းမှာ ရောက်လေရာမြို့၊ကျေး
လက်ဒေသများမှ ဒေသခံပြည်သူ
တွေက သောင်းသောင်းဖြဖြတခဲ
နက် ကြိုဆိုကြခြင်းအပေါ်ကို ဝေ
ဖန်တိုက်ခိုက်ပြောဆိုခဲ့သူဖြစ်ပါ
တယ်။

အဘိုးအိုတဦးကို ကြံ့ဖွံ့ ဦးအောင်သောင်း ယာဉ်တန်းကားနှင့် တိုက်၍ သေ။

ကြံ့ဖွံ့ ဦးအောင်သောင်းဒီကနေ့ နေ့လည် ၁း၀၀ နာရီအချိန်ခန့်တွင် ပြည်ထောင်စုကြံ့
ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ က ပြည်ထောင်စု ဝန်ကြီး ဦးအောင်သောင်း ဦးဆောင်တဲ့
အဖွဲ့သည် ဝက်လက်ရွာကို စည်းရုံးရေးဆင်းရာမှာ နတ်နွားတော်ပို့ရွာအနီးတွင်ဦးကံ
စိန်ဆိုသည့် အဘိုးအိုတဦးကို စည်းရုံးရေးခရီးထွက်လာသည့်ယာဉ်တန်းမှကားတစီး
က တိုက်မိပြီး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားသည့်ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှုကို ပြည်ထောင်စုဝန်ကြီးဦးအောင်သောင်းမှနေရာမှာတင်အပြီး
ဖြေရှင်းရန် ညွှန်ကြားပြီး ဝက်လူးရွာကို ဆက်လက်ထွက်ခွာတယ်လို့ သိရပါသည်။

သေဆုံးသူမှာ နတ်နွားတော်ပို့ရွာအနီးမှ ပြရာကျေးရွာက ဖြစ်ပါသည်။တိုက်မိသည့်
အဆိုပါကားပိုင်ရှင်မှာ ဦးဦးမောင်(ကားနံပါတ်၁က/၆၃၆၄)ဖြစ်ပြီးဦးအောင်သောင်း
နှင့် အဖွဲ့မှ မြင်းခြံမြို့နယ်ကနေ ငှားလာတာဖြစ်တယ်လို့သတင်းရရှိပါသည်။
(Guiding Stars of Burma မှ ပြန်လည် ဖေါ်ပြခြင်း ဖြစ်ပါသည်)။

0 comments:

Post a Comment