Monday 2 April 2012

ဝင်ရောက် ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ နေရာစလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အနိုင်ရ

2012/04/02 Mon Day
၂၀၁၂ ဧပြီ ၂ ရက်နေ့ ဆက်သွယ် မေးမြန်းချက်များအရ ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၀င်ရောက် ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၄ နယ်စလုံးတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိသွားကြောင်း သိရပါတယ်။ ရွေးကောက်ပွဲ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တာဝန်ရှိသူတဦးက “ဟုတ်တယ် အစ်ကို။ နိုင်တယ် လေ။ မဲစာရင်း အတိအကျ ဒီနေ့မနက် ထပ်တက်တာကတော့ မကွေး၊ ရေစကြို၊ မင်းကင်း၊ နွားထိုးကြီးတို့ အဲဒါတွေ ထပ် တက်တယ်။ သူတို့လည်း အပြတ်အသတ်နိုင်တယ်။ ညတုန်းက ထပ်ရတဲ့ သတင်းတွေအရတော့ အကုန်လုံး နိုင်တယ်။ ကော်မရှင်က လက်မှတ်ထိုးပြီး အတည်ပြုတာကတော့ အပြည့်အစုံ မရသေးဘူး။ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ပြောတာကတော့ နိုင်ပြီ“ လို့ အတည်ပြု ပြောကြားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း အားလုံး ရွေးကောက်ပွဲမှာ အနိုင်ရသော်လည်း အချို့ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုဖို့၊ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင် ဆောင်ရွက်ဖို့ ကျန်ရှိနေသေးကြောင်း သိရပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် များ

ရန်ကုန်တိုင်း
၁။ ကော့မှူး - ဒေါ်အောင်ဆန်းစုကြည်
၂။ သုံးခွ - ဒေါ်စုစုလွင်
၃။ ဒဂုံမြို့သစ် (ဆိပ်ကမ်း) - ဒေါက်တာမျိုးအောင်
၎။ လှည်းကူး - ဦးဖြိုးမင်းသိန်း
၅။ မရမ်းကုန်း - ဒေါက်တာမေ၀င်းမြင့်
၆။ မင်္ဂလာတောင်ညွန့် - ဒေါ်ဖြူဖြူသင်း

မန္တလေးတိုင်း
၇။ မဟာအောင်မြေ - ဦးအုန်းကြိုင်
၈။ မိတ္ထီလာ - ဦးဝင်းထိန်
၉။ တံတားဦး - ဒေါ်ခင်သန္တာ
၁၀။ ပြင်ဦးလွင် - ဦးကျော်သီဟ
၁၁။ နွားထိုးကြီး - ဦးပေါခင်
၁၂။ ကျောက်ပန်းတောင်း - ဒေါက်တာဇော်မြင့်မောင်

ကြပ်ပြေး နေပြည်တော်
၁၃။ ဇမ္ဗူသီရိ - ဒေါ်စန္ဒာမင်း
၁၄။ ပုဗ္ဗသီရိ - ဦးဖြိုးဇေယျာသော်
၁၅။ ဒက္ခိဏသီရိ - ဦးနိုင်ငံလင်း
၁၆။ ဥတ္တရသီရိ - ဦးမင်းသူ

မကွေးတိုင်း
၁၇။ တောင်တွင်းကြီး (အမျိုးသားလွှတ်တော်) - ဦးအောင်ကြည်ညွန့်
၁၈။ မကွေး - ဦးမြင့်သိန်း
၁၉။ ပွင့်ဖြူ - ဒေါက်တာအောင်မိုးညို
၂၀။ ရေစကြို - ဒေါက်တာ တင်ဌေးအောင်
၂၁။ မြိုင် - ဦးမြင့်အောင်
၂၂။ ပခုက္ကူ - ဦးပိုက်ကို

ရှမ်းပြည်နယ်
၂၃။ လားရှိုး (အမျိုးသားလွှတ်တော်) - ဦးစိုင်းမြင့်မောင်
၂၄။ ကလော - ဒေါက်တာဒေါ်သန်းငွေ

ပဲခူးတိုင်း
၂၅။ ထန်းတပင် - ဦးစိန်ထွန်း
၂၆။ လက်ပံတန်း - ဦးကျော်မင်း
၂၇။ တောင်ငူ - ဦးအောင်စိုးမြင့်
၂၈။ က၀ (၂) (တိုင်းလွှတ်တော်) - ဦးမျိုးခိုင်
၂၉။ သနပ်ပင် - ဦးမြင့်ဦး
၃၀။ သနပ်ပင် (အမျိုးသားလွှတ်တော်) - ဦးမင်းဦး

မွန်ပြည်နယ်
၃၁။ မော်လမြိုင် - ဒေါ်ခင်ဌေးကြွယ်

ဧရာဝတီတိုင်း
၃၂။ မအူပင် - ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း
၃၃။ ၀ါးခယ်မ - ဒေါ်မြင့်မြင့်စန်း
၃၄။ ပုသိမ် - ဦးဝင်းမြင့်
၃၅။ မြောင်းမြ - ဦးမန်းဂျော်နီ
၃၆။ မြန်အောင် - ဦးကျော်မြင့်
၃၇။ ဖျာပုံ၊ ဒေးဒရဲ (အမျိုးသားလွှတ်တော်) - ဦးသိမ်းဆွေ
၃၈။ ရေကြည် (၂) (တိုင်းလွှတ်တော်) - ဒေါက်တာလှမြတ်သွေး

စစ်ကိုင်းတိုင်း
၃၉။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် (စစ်ကိုင်းတိုင်း မဲဆန္ဒနယ် (၃) အမျိုးသားလွှတ်တော်) - ဒေါက်တာမြင့်နိုင်
၄၀။ ပုလဲ - ဒေါ်ခင်စန်းလှိုင်
၄၁။ စစ်ကိုင်း - ဦးခင်မောင်သိန်း
၄၂။ မင်းကင်း - ဒေါ်ခင်မွှေးလွင်

ဧရာဝတီတိုင်း
၄၃။ ကျွန်းစု - ဒေါ်တင်တင်ရီ
၄၄။ လောင်းလုံ - ဦးအောင်စိုး

0 comments:

Post a Comment