ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဟာ လတ်တလော မြန်မာနိုင်ငံမှာ ပေါ်ပေါက်နေတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုကြောင်းနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရပ်ဖို့ နိုင်ငံတကာကို တောင်းဆိုလိုက်ပါတယ်။
ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်မှာ မြန်မာလွှတ်တော်အမတ်တွေကို နိုင်ငံတကာ ဧည့်သည်တဦးအဖြစ် ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။
အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက “သိသာထင်ရှားတဲ့ အပြောင်းအလဲတွေနဲ့ မြန်မာဟာ ကမ္ဘာရဲ့ စိတ်ဝင်စားမှုကို သိမ်းကျုံးရယူနေပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်မြင့်မားစေဖို့ ရည်မှန်းချက်ဆန္ဒ အရမ်းကို ပြင်းပြနေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝန်းက လေးစားရမယ့်၊ တာဝန်ယူတတ်တဲ့ နိုင်ငံတနိုင်ငံအဖြစ် အလျင်အမြန် ပြန်လည်ရောက်ရှိမယ်ဆိုတာ သံသယမရှိပါဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားမှုတွေကို ရုပ်သိမ်းပေးဖို့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။
“ကုန်သွယ်ရေး အကန့်အသတ်တွေနဲ့ တခြားပိတ်ဆို့ဒဏ်ခတ်မှုတွေကို ပိုမိုပြီး ရုပ်သိမ်းဖို့၊ ဆိုင်းငံ့ထားပေးဖို့ ဒါမှမဟုတ် ဖျက်သိမ်းပစ်ဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို ကျနော် တောင်းဆိုပါတယ်။ ဒုတိယအချက်အနေနဲ့ မြန်မာမှာ နိုင်ငံတကာရဲ့ ဖွံ့ဖြိုးရေးအကူအညီတွေနဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေလည်း စဉ်ဆက်မပြတ် တိုးလာဖို့ လိုအပ်နေပါတယ်။”
မစ္စတာဘန်ကီမွန်းဟာ ဧပြီ ၂၉ ရက်နေ့ကတည်းက မြန်မာနိုင်ငံမှာ ၃ ရက်တာ ခရီး ရောက်ရှိနေတာဖြစ်ပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်အပါအဝင် လွှတ်တော် အကြီးအကဲတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပြည်လုံးကျွတ် သန်းခေါင်စာရင်း ပြန်ကောက်မယ့် အစီအစဉ်မှာ ကုလသမဂ္ဂက ငွေကြေးနဲ့နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးမယ့် သဘောတူညီချက်တရပ် မစ္စတာဘန်ကီမွန်းနဲ့ ဒု-သမ္မတ စိုင်းမောက်ခမ်းတို့ ရှေ့မှောက်မှာ သဘောတူ လက်မှတ်ရေးထိုးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မစ္စတာဘန်ကီမွန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ရှိပြီး ရန်ကုန်မှာ ကျင်းပမယ့် စီးပွားရေး ဆိုင်ရာ အစည်းအဝေးကိုလည်း တက်ရောက်ဖို့ ရှိနေပါတယ်။(by ပီတာအောင် - ဒီဗွီဘီ)
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
▼
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Monday, 30 April 2012
မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့မှုများရပ်ရန် ဘန်ကီမွန်း တောင်းဆို
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment