Sunday 1 April 2012

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၃-၅၁ )

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၃)

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွင်ပါဝင်သည့် မိုင်းရယ်မြို့နယ်ရှိ မြို့တွင်းဗဟိုလမ်းမကြီးပေါ်ရှိ မဲရုံများ၌ မဲပေးခွင့်ရှိသူ၏ ၈၀ ရာခိုင်နှုန်းက မဲပေးကြပြီး နယ်စွန်နယ်ဖျားတွင် ၆၀ ရာခိုင်နှုန်းခန့်သာ မဲပေးကြကြောင်း သိရသည်။ လက်ရှိမဲများအရ ပြည်ခိုင်ဖြိုးပါတီအသာစီးရနေပြီး ကျားဖြူမှ ဒုတိယနှင့် NLD မှ တတိယနေရာတွင်လိုက်နေကြောင်း ယခုအချိန်အထိ သိရသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွ
င်ပါဝင်သည့် မိုင်းရယ်မြို့နယ်၊ မဲရုံအမှတ်(၂) တပ်တွင်းတွင် မဲပေးခွင့်ရှိသူ ၄၃၆ ဦးအနက် ကြိုတင်မဲ ၂၆၀ ပါဝင်ရာ NLD တစ်မဲမှမရရှိဘဲ မဲရုံသို့ လာရောက်မဲပေးသော ၁၇၆ ဦးတွင် NLD က ၅ မဲသာ ရရှိခဲ့သည်။
လားရှိုးမြို့အတွင်းရှိ ကျေးရွာခုနှစ်ရွာတွင် ကျားဖြူပါတီက တခြားပါတီများအား အပြတ်အသတ် အနိုင်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့နယ်၊ အမှတ်(၈) အောင်သီတာရပ်ကွက်ရှိ မဲရုံတွင် လာရောက်မဲပေးသူများကို တွေ့ရစဉ်။

ဓာတ်ပုံ- ဥက္ကာကိုကို
Update 3.38 pm ကော့မှူးမြို့နယ် ရေကျော်ကျေးရွာအုပ်စု မဲရုံအမှတ် ၁ တွင်NLD ၂၉၁ မဲပြည်ခိုင်ဖြိုးပါတီက ၄၅ မဲ၊ ပယ်မဲ ၂ မဲဖြင့် ရေတွက်ပြီးစီးကာ NLD အနိုင်ရသွားသည်။ ရေကျော်ရွာတွင် မဲရုံ ငါးရုံရှိသည့်အနက် တစ်ရုံတွင် ရေတွက်ပြီးစီးသွားခြင်းဖြစ်သည်။

7Day News Journal
=====================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၄)
ဝါးသင်္ခရွာတွင် မဲရုံသို့သွားကြသူများ
ဝါးသင်္ခရွာတွင် မဲရုံသို့သွားကြသူများ တွေ့မြင်ရစဉ်

ကော့မှူးမြို့နယ် ရေကျော်ရွာ အမှတ် (၁ ) မဲရုံမဲရေတွက်ရလဒ်

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်-ကျော်စိုးလင်း (YPI)


ညနေ ၄ နာရီ မဲရေတွက်မှုအရ ဒီချုပ် ၂၉၁ မဲ၊ ကြံ့ခိုင်ရေး ၄၅ မဲ၊ ပယ်မဲ ၉ မဲဖြစ်ကြောင်း သိရသည်။

သီချင်းတစ်ပုဒ်၊ ထိပ်တုံးနဲ့ ဆုံးရှုံးသွားတဲ့ မဲပေးပိုင်ခွင့်

ဧပြီ ၁၊ ၂၀၁၂ (YPI) (ချစ်ဦးမောင်)

သီချင်းတစ်ပုဒ်ဆိုညည်းမိလို့ လူတစ်ယောက် ထိပ်တုံးခတ်ခံခဲ့ရပြီး ကြားဖြတ်ရွေးကောက်ပွဲမဲပေးခွင့် ဆုံးရှုံးစေခဲ့တယ်ဆိုရင် အဲဒီနေရာကို မြန်မာနိုင်ငံရဲ့ နေပြည်တော်လို့ခေါ်နိုင်ပါတယ်။

အောင်ဆန်းဦး (၁၉ နှစ်) ဟာ မတ် ၂၆ ရက် ညနေ ၆နာရီ က အရက်ခပ်ထွေထွေဖြစ်နေချိန်မှာ NLD အောင်နိုင်ရေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ လားရှိုးသိန်းအောင်ရဲ့ “အမေစုပြန်လာပြီ” ဆိုတဲ့သီချင်းကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဂုန်မင်းအင်း ကျေးရွာအနီး ACE ကုမ္ပဏီက ဆောက်လုပ်နေတဲ့ ကြံ့ခိုင်ရေးပါတီရုံးအနီးမှာ အသံကျယ်ကျယ်နဲ့ ဆိုခဲ့မိပါတယ်။

ဒါကိုကြားသွားတဲ့ ACE ကုမ္ပဏီက နံပါတ်တုတ်တွေကိုင်ဆောင်ထားတဲ့ လုံခြုံရေးဝန်ထမ်းတွေက သူ့ကိုဖမ်းဆီးပြီး ထိပ်တုံးခပ်ခဲ့ပါတယ်။ နောက်တစ်နာရီခွဲအကြာမှာ ၎င်းရဲ့မိခင်က ငွေကျပ် သုံးထောင်နဲ့အာမခံပြီး လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။

“မင်းကိုထမင်းကျွေးထားတာ ပြည်ခိုင်ဖြိုးကကျွေးထားတာ။ မင်းပြည်ခိုင်ဖြိုးအပေါ်မကောင်းဘဲ NLD အတွက်ပဲလုပ်နေရင် ငါတို့ဆီမှာ အလုပ်လုပ်လို့မရဘူး၊ နားလည်လား လို့ သူတို့(လုံခြုံရေး)ကပြောတယ်” လို့ အောင်ဆန်းဦးကပြောတယ်။

ACE ကုမ္ပဏီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးစဉ်တွေမှာ အားကစားကွင်းတွေကို အသုံးပြုခွင့်မပေးခဲ့တဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ပိုင်ဆိုင်တာဖြစ်ပါတယ်။

အောင်ဆန်းဦးဟာ ဆေးသုတ်တဲ့အလုပ်သမားတစ်ဦးဖြစ်ပြီး သူ့မိခင်နဲ့အတူ ACE ဆောက်လုပ်ရေးရဲ့ အလုပ်သမားတန်းလျားမှာနေထိုင်သူဖြစ်ပါတယ်။ နောက်တစ်နေ့မှာ တော့ ၎င်းတို့သားအမိဟာ အလုပ်သမားတန်းလျားကနေ နှင်ထုတ်ခံရပြီး ဂုန်မင်းအင်းကျေးရွာထဲမှာ ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။

၎င်းရဲ့နာမည်ဟာလည်း ကြားဖြတ်ရွေးကောက်ပွဲ မဲပေးနိုင်သူစာရင်းထဲကနေပယ်ဖျက်ခံလိုက်ရတယ်လို့ သူကပြောပါတယ်။

ဒီအခြေအနေတွေကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေဆီမှာ မတိုင်ရဲတာကြောင့် NLD ကိုသတင်းပို့ထားတယ်လို့ သူကပြောပါတယ်။ အခုအကြောင်းတွေ ပြောနေတဲ့အချိန်မှာတောင် YPI သတင်းထောက်ကို အသံတုန်တုန်ရင်ရင်နဲ့ပြောနေတာပါ။

သူက အဲဒီသီချင်းကို တစ်ပုဒ်လုံးရတာမဟုတ်ဘဲ ဟိုတစ်စဒီတစ်စသာရတယ်ဆိုပေမယ့် အဲဒီထဲက စာသားအချို့ကိုတော့ ကောင်းကောင်းရတယ်လို့ပြောပြီး ၎င်းကဆိုပြပါတယ်။

“ ပြည်သူတွေကို မလှိမ့်တစ်ပတ်လုပ်တဲ့ အစိုးရ”

အဲဒီစာသားအရောက်မှာ အသံကျယ်သွားတာကြောင့် ထိပ်တုံးခတ်ခံခဲ့ရတာပါလို့ သူကပြောပါတယ်။ ။
=========================================
ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၅)
ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု မဲရုံအမှတ်(၁)တွင် မဲရေတွက်နေစဉ်
မကွေးမြို့နယ်၊ မကြီးကန် ကျေးရွာအုပ်စုရှိ မကြီးကန်ကျေးရွာမဲရုံအမှတ်(၁)နှ
င့်အမှတ်(၂)တို့တွင် မဲစာရင်း၌ မပါရှိသော ဒေသခံတောင်သူ ၁၆၀ ကျော်က ယင်းမဲရုံများရှေ့တွင် စုရုံးရောက် ရှိနေကြသည်။ မဲစာရင်းတွင်မပါရှိ၍ ဆန္ဒမဲပေးလိုကြသည့် ယင်းတောင်သူအရေအတွက်မှာ ၁၆၇ ဦးဖြစ်ပြီး ၎င်းတို့ကို မဲရုံပိတ်ချိန် ညနေ ၄ နာရီမတိုင်ခင်သော် လည်းကောင်း (သို့မဟုတ်) မဲရုံပိတ်ပြီး နောက်ထပ်အချိန်နှစ်နာရီ အတွင်းသော်လည်းကောင်း မဲပေး နိုင်ခွင့်ရရှိကြစေရန် ကျေးရွာကော်မရှင်နှင့် မြို့နယ်ကော်မရှင်တို့က ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဟု မကြီးကျန်ကျေးရွာကော်မရှင်ဥက္ကဋ္ဌဦးသန်းထွန်းကပြောပါသည်။ အထက်ပါဆန္ဒမဲပေးလိုကြသော် လည်း မဲစာရင်းတွင် မပါသည့် ဒေသခံနှင့်တောင်သူ ၁၆၀ ကျော်သည် ကော်မရှင်၏ဆုံးဖြတ်ချက် မကျမချင်း မဲပေးနိုင်ခွင့်ရရှိရန် ယင်းနေရာများတွင်ပင် စောင့် ဆိုင်းသွားမည်ဟုဆိုကြသည်။

“ကျွန်မတို့ အကုန်လုံး ခွပ်ဒေါင်းကို မဲပေးဖို့လာကြတာ ဘယ်သူကမှ တိုက်တွန်းလို့လည်း မဟုတ်ဘူး။ ခွပ်ဒေါင်းကိုမဲပေးချင်လွန်းတဲ့ ဆန္ဒတစ်ခုတည်းနဲ့ လာခဲ့တာ။ ၂၀၁၀ တုန်းက ပြည်ခိုင်ဖြိုးကိုပေးခဲ့ရတယ်။ သိတယ်မဟုတ်လား။ သူတို့က ဒီအကွက်မှာ ခြစ်ဆိုလို့ ခြစ်ခဲ့ရတာ။ ဒီတစ်ခေါက်တော့ ဘယ်သူဘာပဲခြစ် ခိုင်းခြစ်ခိုင်း ကိုယ့်ဆန္ဒနဲ့ကိုယ်ဆို ပြီးလာတော့ မပေးရတော့ အရမ်းဝမ်းနည်းတယ်”ဟု အသက် ၄၀ အရွယ်ရှိပဲတောင်သူ ဒေါ်တင်တင်လှက မဲမပေးရ၍ ၀မ်းနည်း ပြီးမျက်ရည်များကျကာပြောသည်။

အထက်ပါဆန္ဒမဲ မပေးနိုင်ကြသည့် ဒေသခံအားလုံးလိုလိုမှာ NLD ပါတီကို မဲပေးကြမည့်သူများဖြစ်ကြသည်။ အထက်ပါကိစ္စနှင့်ပတ်သက်၍ မကွေးမြို့နယ် ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင် နေသည့် NLD လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်သိန်းက “ဒါတွေက ကော်မရှင်က စီမံခန့်ခွဲရေးအပိုင်းအားနည်းချက်ရှိလို့ ဖြစ်ရတာ။ ဒီရွာလိုပဲ တခြားရွာတွေမှာလည်း ဒီလိုပဲရာကျော်ကျန်တယ်။ ဒီကိစ္စကိုတော့ မကျေနပ်တဲ့ပေါက်ကွဲမှု မဖြစ်လာအောင် ညှိနှိုင်းပါ့မယ်” ဟုပြောသည်။

အထက်ပါ မကြီးကျန်ကျေးရွာမဲရုံ(၁)နှင့်(၂)တွင် ဆန္ဒမဲပေး နိုင်သည့်အရေအတွက်မှာ ၁၉၃၅ ဖြစ်ပြီး၊ ၁၆၇ ဦးမှာ မဲစာရင်းတွင် မပါရှိသူများဖြစ်သည်။
တောင်ငူမြို့ အမှတ် ၂ ရပ်ကွက်၊ မဲရုံ ၂ ရှေ့တွင် မဲပေးခွင့်မရရှိသူ လူ အယောက် ၃၀ နီးပါးသည် နံနက် ၁၁ နာရီဝန်းကျင်ကတည်းက မဲပေးခွင့်ရနိုးဖြင့် မဲရုံမပိတ်ခင် ယခုအချိန်အထိ နေ့လည်စာပင်မစားမသောက်ဘဲ စောင့်ဆိုင်းနေကြသည်ဟုသတင်းရရှိ
သည်။ သို့ရာတွင်လည်း မဲပေးနိုင်ခွင့်အခြေအနေမရှိကြောင်း 7day News သတင်းထောက်က သတင်းပေးပို့ထားသည်။
Update-1-4-2012(3:55PM) ရေကျော်ကျေးရွာအုပ်စု၏ မဲရုံအမှတ်(၁)ဖြစ်သော ချောင်းဝကျေးရွာတွင် မဲစာရင်းအပြီးသတ်ရွေးတွက်ပြီးချ
ိန်တွင် NLD မှ ၃၁၄မဲ၊ ပြည်ခိုင်ဖြိုးက
၁၆မဲ၊ ညီညွတ်ရေးနှင့်ငြိမ်းရေးပါတီက ၁မဲ၊ ပယ်မဲ ၈မဲရှိကြောင်း သိရသည်။ ရေကျော်ကျေးရွာအုပ်စုတွင် မဲရုံငါးရုံရှိသည့်အနက် မဲရုံ(၁)ဖြစ်သော ချောင်းဝကျေးရွာနှင့် မဲရုံ(၅)ဖြစ်သော နောင်လုံကျေး၇ွာနှစ်ရွာစလုံးက NLDက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေသည်။
ဒက္ခိဏသီရိမြို့နယ် အောင်သုခကျေးရွာနှင့်ချိုင်းကျေ
းရွာမှ မဲပေးခွင့်မရှိသူ ၅၀ ဦးကို မဲရုံမပိတ်ခင်တွင် မဲပေးခွင့်ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း ဒက္ခိဏသီရိမြို့နယ်ကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မန္တလေးမြို့ ရဲမွန်တောင်ရပ်ကွက် မဲရုံအမှတ် (၂)တွင် မဲစတင်ရေတွက်နေပြီဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးအုန်းကြိုင်က မဲအများဆုံးဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးကိုယ်စားလှယ် ရှိကာ တတိယနေရာတွင် ပြည်သူ့ဒီမိုကရေစီပါတီမှ ဒေါက်တာသန်းထိုက်ဦး ရောက်ရှိနေကြာင်းသိရသည်။
7Day News Journal
============================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၆)

ဒဂုံဆိပ်ကမ်းတွင် ရေတွက်ပြီးမဲရုံများ၌ NLD မှ အနိုင်ရရှိဟုဆို
ရန်ကုန် ဧပြီ ၁
ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ယုဇနဥယျာဉ်မြို့တော်တွင် စုစုပေါင်း မဲရုံ ၁၈ ရုံရှိရာ မဲရေတွက်ပြီးစီးသွားသော မဲရုံ ၁၀ ရုံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင် က အနိုင်ရရှိထားကြောင်း NLD မဲရုံကိုယ်စားလှယ်များ၏ အတည်ပြုချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ် NLD ရုံးအဖွဲ့ မှူး ဦးထွန်းဝက The Voice ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဒဂုံဆိပ်ကမ်းတွင် မဲပေးခွင့်မရသူများတိုင်ကြားရန် စီစဉ်နေဟုဆို
ရန်ကုန် ဧပြီ ၁
ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက် သော်ကမြိုင် ၄ လမ်း၊ အမှတ် ၁ အထက်တန်းကျောင်း မဲရုံ ၁၊ ၂၊ ၃ ၊ ၄ တွင် မဲစာရင်းမပါသူ၊ နာမည်မှားသူ ၊ မှတ်ပုံတင်နံပါတ်မှားသူ များဖြင့် မဲပေးခွင့်မရှိသူများ များပြားလျက်ရှိပြီး အဆိုပါမဲပေးခွင့်မရှိသူများက တိုင်းကော်မရှင်ရုံးသို့ တိုင်ကြားသွားမည်ဖြစ်ကြောင်း အဆိုပါ မဲဆန္ဒနယ်သို့ ရောက်ရှိနေသည့် The Voice သတင်းထောက် က သတင်းပေးပို့သည်။
ကျောက်ပန်းတောင်းတပ်နယ်တွင် NLD ရှူံးနိမ့်နေဟုဆို
မန္တလေး ဧပြီ ၁(4:00 pm)
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် တပ်နယ် ငါးနေရာ၌ မဲစာရင်း ၄၀၀ ကျော်တွင် NLD ပါတီမှ မဲအရေအတွက် ၂၀ ဖြင့် ရှူံးနိမ့် ကြောင်း၊ ကျောက်ပန်းတောင်းမြို့တွင် ကြိုတင်မဲအရေအတွက်မှာ ၃၅၀၉မဲ၊ အဝေးရောက် (ပြည်ပ)မဲမှာ ခုနစ်မဲရှိကြောင်းထို မဲဆန္ဒနယ် တွင် ရောက်ရှိနေသည့် The Voice သတင်းထောက်မှ သတင်းပေးပို့သည်
ကော့မှူးမြို့  မဲဆန္ဒနယ် တွင် NLD ပါတီမှ ရရှိခဲ့သော မဲအရေအတွက်များ

ကော့မှူး၊ ဧပြီ ၁ ( 4 : 43 PM )

ကော့မှူး မဲဆန္ဒနယ် တွင် ဆန္ဒမဲပေးမှုများ ပြီးစီးခဲ့ရာ မဲရေတွက်မှု ပြုလုပ်ခဲ့ပြီး အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ် မှ ဘုတ်တင် ကျေးရွာ မဲရုံ ( ၁ ) တွင် ၃၅၈ မဲ ( ၉၁ ဒသမ ၃၂ ရာခိုင်နှုန်း) ၊ မဲရုံ ( ၂ ) တွင် ၂၈၁ မဲ ( ၈၁ ဒသမ ၆၁ ရာခိုင်နှုန်း ) ၊ ကရင်စုကျေးရွာ မဲရုံတွင် ၂၃၈ မဲ ( ၈၇ ဒသမ ၈၂ ရာခိုင်နှုန်း )၊ ပျားမွတ်ကျေးရွာတွင် ၂၀၃မဲ ၊ ရေတာရှည်တွင် ၃၆၁မဲ ( ၉၁ ဒသမ ၉ ရာခိုင်နှုန်း )၊ မြတ်ဆံနီ ကျေးရွာ တွင် ၁၅၁ မဲ ( ၆၈ ရာခိုင်နှုန်း ) ရရှိခဲ့ကြောင်း The Voice Weekly သတင်းထောက်က တိုက်ရိုက်သတင်းပေးပို့သည်။
မိတ္ထီလာမဲဆန္ဒနယ်မဲရုံ လေးရုံတွင် ကြံ့ခိုင်ရေးပါတီ မဲအပြတ်အသတ်အနိုင်ရ
မိတ္ထီလာ ဧပြီ ၁(4:35 PM)
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်ရှိ မဲရုံ လေးရုံတွင် မဲရေတွက်မှု ပြီးစီးပြီ ဖြစ်ရာ ယင်းမဲရုံလေးရုံတွင် ကြံ့ခိုင်ရေးပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေကြောင်း ယင်းမဲဆန္ဒနယ်တွင် ရောက်ရှိနေသည့် The Voice သတင်းထောက်က သတင်းပေးပို့သည်။
အဆိုပါ မဲရုံလေးရုံမှာ မိတ္ထီလာ တပ်မ ၉၉ ဆက်သွယ်ရေးတပ် ၁ ဆယ်ကုန်းကျေးရွာ မဲရုံ ၃နှင့် မဲရုံ ၄ တို့ ဖြစ်ကြပြီး မိတ္ထီလာ တပ်မ ၉၉ တွင် ကြံ့ခိုင်ရေးပါတီက ၄၇၂ မဲ၊ NLD ပါတီက ၇၅ မဲ၊ ဒေါ်မြင့်မြင့်အေး (တစ်သီးပုဂ္ဂလ)က ၁၂ မဲ၊ ဦးဝင်းဇော် အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်က သုံးမဲ၊ ဆက်သွယ်ရေးတပ် ၁ တွင် ကြံ့ခိုင်ရေးက ၃၂၀ ၊NLD ၂၄ မဲ၊ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့် ဦးဝင်းဇော် နှစ်မဲ၊ ဆယ်ကုန်းကျေးရွာ ၃ နှင် ၄ တွင် ကြံ့ခိုင်ရေးပါတီက ၂၁၉ မဲနှင့် ၃၀၀ မဲ၊ NLD ပါတီက ၉၇ မဲနှင့် ရှစ်မဲ၊ ဒေါ်မြင့်မြင့်အေးက ၂၅ မဲနှင့် နှစ်မဲ၊ ဦးဝင်းဇော်က ရှစ်မဲနှင့် တစ်မဲ အသီးသီးရရှိကြသည်။
ထို့ကြောင့် ကြံ့ခိုင်ရေးပါတီက ၁၃၁၁ မဲ၊ NLD ပါတီက ၂၀၄ မဲ ၊ ဒေါ်မြင့်မြင့်အေးက ၄၃ မဲ၊ ဦးဝင်းဇော်က ၁၄ မဲ အသီးသီးရရှိကြရာ အဆိုပါ မဲရုံလေးရုံတွင် ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
တောင်ငူအမှတ်(၂) ရပ်ကွက် မဲပေးရန် ကျန်ရှိသူများအား မဲလက်မှတ်များ ပြန်ထုတ်ပေးနေ

တောင်ငူ၊ ဧပြီ ၁ ( 4:25 PM )

ကြားဖြတ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်
စိတ်အား ထက်သန်လျှက်ရှိသောမြို့ တစ်ခုဖြစ်သည့်
ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့ ရှိ အမှတ် ၂ ရပ်ကွက်
ဒေသခံများအား ၎င်းတို့ ဆန္ဒမဲပေးသည့် မဲရုံ ( ၃ ) တာဝန်ရှိသူများက
မဲပေးခွင့် လက်မှတ်များ ပြန်လည် ထုတ်ပေးနေကြောင်း အမှတ်(၂) ရပ်ကွက်
ဒေသခံများနှင့် ဒေသခံ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် တစ်ဦးထံက သိရသည်။

“မဲစာရင်းကျန်လို့ ပြန်ထုတ်ပေးနေတယ် ကြားတယ်၊ အခု ၃ နာရီ
ဝန်းကျင် မှာပဲ''ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးအောင်စိုးမြင့်က The Voice Weekly ၏ဆက်သွယ် မေးမြန်းချက် ကို
ဖြေကြားသည်။

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသော ဧပြီတစ်ရက်နေ့ စာရင်းတွင်
ယင်းရပ်ကွက်၏ မဲပေးခွင့်ရှိသူ ၇၅၆၂ ဦး ရှိသော်လည်း မဲရုံ သုံးရုံ ၏စာရင်းအရ
၇၁၀၃ဦးသာ မဲပေးခွင့် ရကြောင်းအမှတ် ၂ ရပ်ကွက် မဲရုံ ၃ စာရင်း၏ ထုတ်ပြန်ချက် စာရင်းများ အရ သိရသည်။

“မဲမထည့်ရဘဲ ပြန်သွားတဲ့ သူတွေ အများကြီးပဲ၊ ရပ်ကွက်ထဲမှာ
တစ်အိမ်လုံး ကျန်တာတွေ မိသားစုထဲမှာ တစ်ချို့  ကျန်ခဲ့ တာတွေ ရှိတယ် " ဟု အသက်
၆၀ကျော် အရွယ် ဆန္ဒမဲ ပေးခွင့် ရသူ ဒေါ်လှဝေသန်းက The Voice Weekly သို့ အသိပေး ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အမှတ် ၂ ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးသို့  မြို့ နယ် အုပ်ချုပ်ရေးမှူး မှလာရောက်ပြီး မြို့ နယ် ကော်မရှင် ဥက္ကဋ္ဌက ၂ ရပ်ကွက်နှင့် ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းပေးရန် ရပ်ကွက် အုပ်ချုပ်ရေးမှူး အားပြောကြားခဲ့ကြောင်း မဲပေးခြင်းနှင့် ပတ်သက်ပြီး သန့်ရှင်းမျှတ စေရန် စောင့်ကြပ် လိုက်လံကူညီပေးသူ ရပ်မိရပ်ဖ တစ်ဦးက ရှင်းပြသည်။
ထားဝယ် လောင်းလုံမြို့နယ် ကြားဖြတ် ရွေးကောက်ပွဲနေ့ မြင်ကွင်းများ
The Voice Weekly
==================================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၇)
မဲစာရင်းရလဒ်

ဧပြီ ၁၊ ၂၀၁၂ (YPI)


ဒက္ခိဏသီရိမြို့နယ်၊ ဟိုတယ်ဇုန်မဲဆန္ဒနယ်


NLD ၁၈၄ မဲ

USDP ၆၁ မဲ
ပယ်မဲ ၇

ကော့မှူးမြို့နယ်၊ ဒညင်းဆိပ်ကျေးရွာအုပ်စု

NLD ၄၃၄ မဲ
USDP ၂၇ မဲ

ကော့မှူးမြို့နယ်၊ ဖျာမွှတ်ကျေးရွာ

NLD ၂၀၈ မဲ
USDP ၃၂ မဲ


လတ်တလော မဲရေတွက်နေသည့် ရလဒ်များ

ဧပြီ ၁ ရက်၊ ၂၀၁၂ ၊ ညနေ ၄နာရီ ၄၀မိနစ် YPI


မိတ္ထီလာမြို့နယ်၏ ကြိုတင်မဲများအား ရေတွက်လျှက်ရှိရာ ပြည်ပကြိုတင်မဲ ၅၁ မဲ၊ မဲဆန္ဒနယ်ပြင်ပနှင့် ဋ္ဌာနဆိုင်ရာကြိုတင်မဲ ၁၇၉၁ မဲရှိသည်ဟု သိရပြီး မည်သည့်ကိုယ်စားလှယ် မည်မျှရရှိသည်ကိုမူ မဲရုံကိုယ်စားလှယ် ၄ ဦး ရပ်မိရပ်ဖ ၈ ဦးရှေ့မှောက်တွင်

ဆက်လက်ရေတွက်ဆဲ ဖြစ်သည်။

မော်လမြိုင်တွင် မုရောင်းနှင့် မောင်ငံရပ်ကွက်တို့တွင် ဒီချုပ် အားသာနေ
ကြောင်း မော်လမြိုင်မှ သတင်းထောက်က သတင်းပေးပို့သည်။

ကော့မှူးမြို့နယ်၌ ၉ ရုံတွင် ဒီချုပ်အနိုင်ရရှိမှုမှာ ၈၁. ၆၈ မှ ၉၉ ရာခိုင်နှုန်းထိ ခန့် နိုင်မည် ခန့်မှန်းထားကြောင်း ဒီချုပ် အောင်နိုင်ရေး ကိုယ်စားလှယ်များကပြောသည်။ နောက်ထပ် ၆ ရွာရေတွက်လျှက်ရှိရာ ပြည်တော်သာ ရပ်ကွက် (ဖယောင်းသုတ်ခံရသည့် ရပ်ကွက်) တွင် ၈၈.၇၈ ရာခိုင်နှုန်းဖြင့်နိုင်ပြီး အခြားမဲရုံ ၅ ရုံတွင်လည်း အနည်းဆုံး ၆၈ရာခိုင်နှုန်းရရှိမည်ဟု ခန့်မှန်းကြောင်း ၎င်းတို့ကပြောသည်။

ပခုက္ကူ အမှတ် ၅ ရပ်ကွက် မဲရုံ ၁ တွင် ဒီချုပ် ၄၈၇ မဲ၊ ကြံ့ခိုင်ရေး ၄၂ မဲ၊ရရှိထားသည်ဟု သိရှိရသည်။
YPI


မဲပေးခွင့်မရလို့ ပြန်ကြပြီ

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ် (YPI)


ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာအများစုမှာ ပြည်သူတွေဟာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းထဲ မပါတာကြောင့် မဲပေးခွင့်မရပဲ ကိုယ့်နေအိမ်တွေဆီကို ပြန်သွားကြရပြီဖြစ်ကြောင်း သိရပါတယ်။


တနင်္သာရီတိုင်း လောင်းလုံ မြို့နယ်ထဲက မဲရုံတစ်ခုမှာ မဲပေးမယ့်သူ ၄၀၀ လောက် လာပြီး စုဝေးခဲ့ပေမယ့် မဲပေးပိုင်ခွင့် စာရင်းထဲ မပါတာကြောင့် နောက်ဆုံး အိမ်
ပြန်သွားကြပြီဖြစ်ပါတယ်။

အလားတူ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ရှားတောကျေးရွာ ဆပ်ပြာကျင်း အုပ်စုမဲရုံ အမှတ် (၃) မှာ လူ (၈၀) လောက် မဲစာရင်းမပါ ဖြစ်ခဲ့ပါတယ်။ မဲရုံအမှတ် (၄) မှာလည်း လူ (၂၀) လောက်မဲပေးခွင့်မရပဲ ပြန်သွားပြီ ဖြစ်ပါတယ်။

အလားတူ မန္တလေးတိုင်း သံလျက်မော် အနောက်ရပ်ကွက် မဲရုံတစ်ရုံမှာလည်း လူ ၃၀၀ လောက် မဲပေးခွင့်မရပဲ ပြန်သွားရပြီဖြစ်ကြောင်း သိရပါတယ်။ ဒါတင်မက ပခုက္ကူမြို့နယ်က မဲရုံတွေမှာလည်း တစ်ရုံကို လူ ရာဂဏန်း ကျော် မဲပေးခွင့်မရပဲ ပြန်သွားရကြောင်း အင်န်အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီလို မဲပေးခွင့်မရတဲ့ ပြည်သူတွေဟာ မဲရုံကိုလာ စောင့်ဆိုင်းပြီး နောက်ဆုံး မဲပေးခွင့်မရတော့မှ မဲရုံကနေ ပြန်သွားကြကြောင်း သတင်းရရှိပါတယ်။



မဲစာရင်း မပါသည့် ပြဿနာများ နိုင်ငံအနှံ့ဖြစ်ပွား

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်-မြင့်ကျော်(YPI)

ယနေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲစာရင်းတွင် မပါသည့် ကိစ္စရပ်က နိုင်ငံအနှံ့အပြာားဖြစ်ပွားလျှက်ရှိသည်ဟု နယ်အသီးသီးတွင် ရောက်ရှိနေကြသည့် သတင်းထောက်များ၏ ပေးပို့ချက်အရ သိရှိရသည်။

ပအို့ဝ်း အမျိုးသား အဖွဲ့ချုပ် ပါတီ အောင်ပန်းမြို့ အောင်နိုင်ရေး ဒုဥက္ကဋ္ဌ ဦးခွန်သူတော်က “အနောက်ကျေးရွာ အုပ်စုက လူ ၇၀ လောက်ကို ယာယီမှတ်ပုံတင်လုပ်ဖို့ ဆောင်ရွက်ပေးလိုက်တယ်။ ဒါပေမယ့် မဲစာရင်းစစ်ဆေးဖို့ ကိစ္စတော့ မလှုံ့ဆော်လိုက်ဘူး ” ဟုဆိုသည်။

မဲစာရင်း မပါရှိသူများတွင် အစိုးရ အဖွဲ့ကိုဦးဆောင်သည့် ကြံ့ခိုင်ရေး ပါတီဝင်များ မရှိသလောက်နည်းပါးကာ အခြားသော ပါတီကိုထောက်ခံသူများဖြစ်နေသည်ဟုလည်း နယ် မဲရုံကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ သိရသည်။

မန္တလေးမြို့ မဟာအောင်မြေ။ မိတ္ထီလာ၊ ပုသိမ်၊ ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ကလော၊ ဇမ္ဗူသီရိ၊ မြောင်းမြ ၊ မော်လမြိုင် တို့တွင် မဲစာရင်းမပါရှိခြင်းကြောင့် မဲမပေးနိုင်သည့် အဖြစ်အပျက်များ ဖြစ်ပွားနေကြောင်း ဒေသခံ အန်အယ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင်များ၊ မဲဆန္ဒရှင်များက ပြောသည်။

မဲစာရင်းတွင်ပါရှိသော်လည်း မှတ်ပုံတင်နံပါတ်မှားခြင်း၊ အမည်မှားယွင်းခြင်းများကို မဲရုံမှူးများက ပြင်ဆင်ပေးခွင့်ပြုသော်လည်း မဲစာရင်းတွင် လုံးဝ မပါဝင်သူများကိုမူ ယခင်နေ့များက သန်းကောင်စာရင်းနှင့် မှတ်ပုံတင်ယူလာပါက ပေးခွင့်ပြုမည်ဟု မြို့နယ်အများအပြားတွင် ပြောဆိုခဲ့သော်လည်း ယနေ့ မဲပေးသည့်နေ့တွင်မူ မဲစာရင်းတွင် မပါသူ မည်သူတဦးတယောက်ကိုမျှ မဲပေးခွင့်မပေးသည်ကိုတွေ့ရသည်။


မင်္ဂလာတောင်ညွန့်မြို့နယ်မှ မဲရုံတရုံ ယနေ့နံနက်က မြင်တွေ့ရစဉ်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နေပြည်တော်မှ ၂၉ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်သည့် စာအရ အောက်ခြေ ကော်မရှင်အသီးသီးသို့ အတည်ပြုပြီး မဲစာရင်းတွင် ထပ်မံ ဖြည့်စွက် ၊ ပြင်ဆင်၊ နှုတ်ပယ်ခြင်း မပြုရဆိုသည့် ညွန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖတ်ရှုရသည်။

အောင်ပန်းမြို့နယ်တွင်လည်း ယနေ့ နံနက်ပိုင်းက မဲစာရင်းတွင် မပါရှိသူများအား မွန်းလွဲ ၂ နာရီနောက်ပိုင်း လာရောက်ရန် ပြောဆို သဖြင့်မွန်းလွဲပိုင်းထိ စောင့်ဆိုင်းခဲ့သော်လည်း နောက်ဆုံးတွင် ပေးခွင့်မရသဖြင့် လက်လျှော့ပြန်သွားကြရသည်ဟု အောင်ပန်းမြို့ဒေသခံများက ပြောသည်။

မဲစာရင်းများကို ယခင်လ ၂၉ ရက်နေ့တွင်ကြေညာမည်ဟု တရားဝင်ကြေညာထားသော်လည်းအမှန် တကယ် ရက်အတန်ကြာ နောက်ကျပြီးမှ ကြေညာခဲ့သည်ဟု မြို့နယ် ၊ ကျေးရွာ ရပ်ကွက်များက ပြောဆိုသည်။ ။

Yangon Press International
===================================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၈)
ပခုက္ကူမြို့နယ်အတွင်း ..




စဉ် ကျေးရွာအမည် NLD USDP ပယ်မဲ မှတ်ချက် ခြားနားချက်
ရွှေတန်းတစ် ၈၂ ၁၂
နိုင် ၇၀
ထိန်ပင်ကုန်း ၈၇ ၁၀
နိုင် ၇၇
ပေါင်းငူစွန်း ၉၀ ၁၆ နိုင် ၆၄
မြို့ဆိုး ၄ရပ်ကွက် ၆၇၀ ၃၀
နိုင် ၆၄၀
မီးရထား ၁၇၅ ၄၃
နိုင် ၁၃၂
ရှားတော ၂၆၃ ၂၉
နိုင် ၂၃၄
မကျီးသုံးပင် ၁၂၅ ၉၇
နိုင် ၂၈
ကွမ်းရွာ ၈၇ ၁၀
နိုင် ၇၇
ဆိက္ခ၀ ၄၂၂ ၁၉၁
နိုင် ၂၃၁
၁၀ ကျထိုး ၃၈၉ ၃၈
နိုင် ၃၅၁
၁၁ ရေနံချပ် ၄၂၂ ၁၉၁
နိုင် ၂၃၁
၁၂ ၀က်ကုန်း ၁၆၀ ၅၆
နိုင် ၁၀၄
၁၃ လက်ပံပင်စု ၁၁၀
နိုင် ၁၀၃
၁၄ စစ်ပင်+ရွာအို ၁၅၆ ၁၅၂
နိုင်
၁၅ BPI ၂၅ ၄၄
ရှုံး -၁၉
၁၆ ခလရ(၂၅၉) ၂၁ ၃၀၆
ရှုံး -၂၈၅
၁၇ ခလရ(၂၃၅) ၂၈ ၂၆၈
ရှုံး -၂၄၀
၁၈ ခလရ(၂၅၂) ၂၀ ၁၈၀
ရှုံး -၁၆၀
၁၉ ကျွဲတဲမဲရုံ (၁) ၁၉၉ ၁၂၈
နိုင် ၇၁
၂၀ မကျီးကန်အရှေ့ ၁၉၃ ၆၁
နိုင် ၁၃၂
၂၁ ကုန်းရွာသစ် ၄၂၂ ၁၉၁
နိုင် ၂၃၁
၂၂ တန့်ကြည့် ၄၈၆ ၃၉
နိုင် ၄၄၇
၂၃ ဗွက်ကုန်း ၁၆၀ ၅၆
နိုင် ၁၀၄
၂၄ မယ်ဇလီပင်ကုန်း ၂၃၇ ၂၀
နိုင် ၂၁၇









တောင်ငူမြို့ မင်းကြီးညိုရပ်ကွက်မဲရုံ ၁ NLD 554 ကြံ့ဖွံ့ ၁၈၂ မဲရုံ ၂ NLD 894
ကြံ့ဖွံ့ ၁၄၁ ပါယ်မဲ NLD 61 ကြံ့ဖွံ့ ၅၇ ရပ်ကွက် (၂၀) NLD 1100 ကြံ့ဖွံ့ ၁၀၀
လောလောဆယ်သိထားသလောက်တော့ ပဲခူးတိုင်း မှာ NLD ကနေရာအားလုံး
ကိုအနိုင်ရသွားတယ်လို့သိရပါတယ်။


တောင်ငူမြို့ မဲဆန္တနယ်များမှ စာရင်းများကိုပေးပို့ပါသည်။ အမှတ် (ရ) ရပ်ကွက် NLD 405
ကြံ့ဖွံ့ ၁၄၆ /(၁၅) ရပ်ကွက် NLD 498ကြံ့ဖွံ့ ၈၉ NDF 6 ပာယ်မဲ ၂ မဲ။ ၁၆ ရပ်ကွက် NLD ၈၃၆
ကြံ့ဖွံ့ ၅၆ လောလောဆယ် ရရှိထားပါတယ်။

တောင်ငူမြို့ ၁၇ ရပ်ကွက်မှ NLD 902 ကြံ့ဖွံ့ ၁၂၃ ခမောက်၁၃ မဲရရှိပါတယ်။

မကွေးမြို့နယ်ကန်ပြားတိုက်နယ်ပု
ထိုးစမ်းကျေးရွာ မဲစာရင်းမှာ
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (၁)မဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီ (၂၅၈)မဲတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (၄)မဲ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ
ံ့ဖြိုးရေးပါတီ (၈၉)မဲပယ်မဲ (၁၅)မဲ ဟုသတင်းရရှိပါသည်။
ပုထိုးကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီ မဲ (၅၀၀)ကျော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ
ံ့ဖြိုးရေးပါတီ (၁၂)မဲ
ကျန်မဲအပြဲအသတ်ဟု သတင်းရရှိပါသည်။



တောင်ငူမြို့နယ် ၁၆ ရပ်ကွကမဲစာရင်းလတ်တလော အနိုင်အရုံး NLD 800 ကျော် ကြံ့ဖွံ့ တစ်ရာနီးပါး ရရှိထား။

ယနေ့ ဧပြီလ (၁) ရက် နေ့ ကြားဖြတ်ရွေးကောက်ပွဲ တွင် မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့ရှိ မဲပေးနိုင်သော် လည်း မဲပေးခွင့်မရသည့် လူထု က မဲပေးခွင့်ရရေးအတွက် ကော်မရှင်အဖွဲ့ခွဲသို့ သွားရောက် တောင်းဆိုမည်ဟု ဆိုသဖြင့် အမျိုးသားဒီမိုကရေစီရုံးတွင် လူ(၂၀၀)ကျော် ထားရကြောင်းသတင်းသိရှိရသည်။
ထိုလူအုပ် ကြီး တစ်ခုလုံးမှာ မဲပေးနိုင်သော်လည်း မဲပေးခွင့် မရရှိသည့် လူအုပ်ကြီးဖြစ်ပါသည်။


စစ်ကိုင်းတိုင်း မင်းကင်းမဲဆန္ဒနယ်..အထက(၁) မဲရုံတွင် တိုင်းကော်မရှင် အဖွဲ့ဝင်၊
မြို့နယ်ပညာရေးမှူးမှ မဲရေတွက်တဲ့နေရာကို မီဒီယာများ
စောင့်ကြည့်ခွင့်မပေးကြောင်း ၄င်းမဲဆန္ဒနယ်သို့ ရောက်ရှိနေသော
သတင်းထောက်တစ်ဦးမှ ပြောပြသည်။
မင်းကင်း မဲဆန္ဒနယ်တွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှ..ဒေါ်ခင်
မွှေးလွင်၊ ပြည်ခိုင်ဖြိုးမှ ဒေါက်တာ
ဆန်းဝင်း၊ တစည မှ ဦးဌေးအောင် တို့ ယှဉ်ပြိုင်နေကြောင်း သိရသည်။


Myanmar News Now
တောင်တွင်းကြီးမြို့ တွင်း မဲပေးခွင့် မရလို့ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီး

==========================================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၃၉)

ကားဖြတ်ရွေးကောက်ပွဲရလဒ်များကို ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲများထံမှ လုံးဝရယူခွင့် မပြုကြောင်း ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်ဟု ယခုသတင်းရရှိ သည်။ အဆိုပါစာကို ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့သို့ ယခုလ ၂၉ ရက် ရက်စွဲ၊ စာအမှတ်(၂) ၄/ ရကပ/ ကမရ ဖြင့်ထုတ်ပြန်ခြင်းဖြစ်သည်။
အထက်ပါကဲ့သို့ ခရိုင်အဆင့်အထိ ကော်မရှင်များထံမှ သတင်းရယူခွင့်မပြုဘဲ တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများ၏ အတည်ပြုစာရင်းကိုသာ ရယူကြရန်သာဖြစ်ကြောင်း ရေးသားထားသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သတင်းတပ်ဖွဲ့၊ စရဖအပါအ၀င် သတင်းရယူလိုသော အဖွဲ့အစည်းများ အနေဖြင့် မဲရုံ၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်ကော်မရှင်ခွဲများထံမှ ကြားဖြတ်သတင်းရယူလိုပါက မဲရေတွက်ခြင်းလုပ်ငန်းကို အနှောက်အယှက်ဖြစ်စေသည့်အပြင် အချက်အလက်ကိန်းဂဏန်းများယွင်းမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် မဲဆန္ဒနယ်အလိုက် ဆန္ဒမဲရရှိမှုနှင့် ရွေးကောက်ပွဲရလဒ်အခြေအနေများကို သိရှိလိုပါက တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ရုံးများသို့သာ ဆက်သွယ်ဆောင်ရွက်ကြရန်နှင့် ဆက်လက်ညွှန်ကြား ကြပ်မတ်ပေးပါရန် အကြောင်းကြားပါသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌကိုယ်စား တစ်ဦးကလက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
““ဒါဆိုရင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ညွှန်မှူးလက်မှတ်ထိုးထုတ်ပေးလိုက်တဲ့ သတင်းထောက်တွေအတွက် သတင်းယူခွင့်ဆိုတဲ့ ကဒ်ပြားကြီးက အလကားပဲပေါ့””ဟု ပြည်တွင်းဂျာနယ်တစ်စောင်မှ သတင်းထောက်တစ်ဦးကပြောသည်။

Update 5:12 ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာအုပ်စု၊ ထန်းတောတိုက်ကျေးရွာနေ ကိုဇော်လင်း ၂၅ နှစ်၊ ကိုတောက်ထွန်း ၃၀ နှစ်တို့ညီအစ်ကိုနှစ်ဦးသည် မဲပေးရန်အတွက် မင်းတိုင်ပင်ကျေးရွာမဲရုံသို့သွားခဲ့ရာ မဲစာရင်းထဲတွင် ၎င်းတို့အမည်မပါရှိ၍ မှတ်ပုံတင်ကိုင်ကာ မဲရုံရှေ့တွင်တစ်နေကုန်ထိုင်စောင့်နေခဲ့သည်။

ထိုသို့ထိုင်စောင့်နေစဉ် ထန်းတောတိုက်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ထွန်းက မဲပေးချင်လျှင်လိုက်ခဲ့ဟုဆိုကာ မဲရုံမပိတ်မီ ထိုသူနှစ်ဦးကို မဲရုံရှေ့မှရွာဘက်သို့ခေါ်ဆောင်သွားကာ လက်သီးဖြင့်ထိုးခဲ့သည်ဟုဆိုသည်။

လက်သီးဖြင့် အထိုးခံရနှစ်ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့မှုကြောင့် ယနေ့ ၄ နာရီ ၅၀ မိနစ်အချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်ထွန်းအား ပုလဲမြို့နယ်ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသည်ဟုသတင်းရရှိသည်။

7Day News Journal
===============================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၀)

ပြည်ခိုင်ဖြိုးပါတီ ၀ဏ္ကကျော်ထင်- စည်သူ-ဦးသာဌေး နှင့် NLD ပါတီ အဆိုတော် ဇေယျာသော် တို့ ၀င်ယောက် ယှဉ်ပြိုင်အရွေးချယ်ခံသည် ပုဗ္မသီရိမြို့နယ်၏နောက်ဆုံးရ မဲသတင်းအခြေအနေမှာ NLD ၆၀ % ပြည်ခိုင်ဖြိုး ၄၀ % ရပ်တည်လျှက်ရှိသည်ဟု နောက်ဆုံးရသတင်းအဖြစ် သိရှိရသည်။


မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အလက(၅)တွင် ဖွင့်လှစ်ထားသည့် မဲရုံ(၅) ရုံ အနက် အမှတ်(၃)မဲရုံတွင် NLD ပါတီ ကိုယ်စား လှယ်လောင်း ဒေါ်မေ၀င်းမြင့်မှ မဲ ၆၀၀ကျော် ကွာဟမှု ဖြင့် အနိုင်ရ ရှိနေကြောင်း သိရသည်။


နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိမြို့နယ်တွင်း မဲရုံ ၃၈ ရုံရှိသည့် အနက် ၈ရုံမှာ လတ်တလော NLD အနိုင်ရရှိနေသည်ဟု NLD အသိုက် အ၀န်းက Popular News သို့အခိုင်အမာ သတင်းပေးပို့ပြောဆိုလိုက် သည်။

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်အတွင်း အနိုင်ရ
ပါတီမဲစာရင်းကိုထုတ်ပြန်ကြေငြာထ
ားခြင်းမရှိသေးသော်လဲ NLD ပါတီမှ နေရာအတော်များများတွင်အသာရနေသည်ဟု NLD ကိုယ်စား လှယ်လောင်း ဦးမင်းသူ၏ အဖွဲ့ဝင်တစ်ဦးမှ Popular News အားသတင်းပေးပို့သည်။


မဟာအောင်မြေမြို့ နယ် ရှိ မဲရုံ ၁၀ တွင် NLD ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် သာ အနိုင်ရရှိကြောင်း ထပ်မံသိရသည်။


ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်(၉၂) ရပ်ကွက် မဲရုံအများစုတွင် NLD မှ အပြတ်အသတ် အနိုင်ရရှိနေကြောင်း သိရသည်။


မြင့်မိုရ်တောင် မဲရုံ အမှတ် ၂ တွင် မဲပေးခွင့်ရှိသူ ၁၉၂၅ ဦးရှိသည့် အနက် ၉၉၉ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ ၁ မဲ ရှိကြောင်းသိရသည်။
မဲစာရင်းရလာဒ်မှာ
NLD ပါတီ - ၈၁၆ မဲ
ပြည်ခိုင်ဖြိုးပါတီ - ၁၁၄ မဲ
တစည ပါတီ - ၁၇ မဲ
NDF - ၉ မဲ
ပြည်သူ့ ဒီမိုကရေစီပါတီ - ၇ မဲ


တစ်သီးပုဂ္ဂလ ဦးကျော်ကျော် - ၂ မဲ
တစ်သီးပုဂ္ဂလ ဦးညွန့် ဦး - ၁ မဲ


ပယ်မဲများမှာ ၃၃ မဲရှိကြောင်းသိရသည်။

ရဲမွန်တောင် မဲရုံ အမှတ် ၂ တွင် မဲပေးခွင့်ရှိသူ ၁၉၂၅ ဦးရှိသည့် အနက် ၉၉၉ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ ၁ မဲ ရှိကြောင်းသိရသည်။
မဲစာရင်းရလာဒ်မှာ
NLD ပါတီ - ၈၁၆ မဲ
ပြည်ခိုင်ဖြိုးပါတီ - ၁၁၄ မဲ
တစည ပါတီ - ၁၇ မဲ
NDF - ၉ မဲ
ပြည်သူ့ ဒီမိုကရေစီပါတီ - ၇ မဲ

တစ်သီးပုဂ္ဂလ ဦးကျော်ကျော် - ၂ မဲ
တစ်သီးပုဂ္ဂလ ဦးညွန့် ဦး - ၁ မဲ

ပယ်မဲများမှာ ၃၃ မဲရှိကြောင်းသိရသည်။

ရဲမွန်တောင် မဲရုံ အမှတ် ၃ တွင် မဲပေးခွင့်ရှိသူ ၁၉၉၉ ဦးရှိသည့် အနက် ၈၉၈ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ မရှိကြောင်းသိရသည်။
မဲစာရင်းရလာဒ်မှာ
NLD ပါတီ - ၇၅၃ မဲ
ပြည်ခိုင်ဖြိုးပါတီ - ၆၃ မဲ
တစည ပါတီ - ၁၁ မဲ
NDF - ၇ မဲ
ပြည်သူ့ ဒီမိုကရေစီပါတီ - ၇ မဲ

ပယ်မဲများမှာ ၅၅ မဲရှိကြောင်းသိရသည်


မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အလက(၅)တွင် ဖွင့်လှစ်ထားသည့် မဲရုံ(၅) ရုံ အနက် အမှတ်(၃)မဲရုံရှေ့မြင်ကွင်း
=======================================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၁)

Update 6:08 PM
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မဲရုံစုစုပေါင်း ၃၆ ရုံရှိသည့်အနက် ၁၇ ရုံကို ရေတွက်ရာ NLD က ၁၆ ရုံတွင်အနိုင်ရ။

ကလောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ NLD မှ ၇၀ % ဖြင့် အနိုင်ရရှိ


မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်း မဲရုံအမှတ်(၂) ကန်တော်လေးတောင်ရပ်ကွက်တွင် မဲရေတွက်နေသည်ကို မဲရုံပြင်ပတွင် စောင့်ဆိုင်းနားထောင်နေသည့် ပရိသတ်။
NLD ရုံးရှေ့တွင် ရွေးကောက်ပွဲသတင်းအချက်အလက်များကို LED ဘုတ်ဖြင့်ပြသနေမှုကို ကြည့်ရှုနေကြသူများ။ (ဓာတ်ပုံ-အေးမြတ်သူ)
လားရှိုးမြို့နယ် ခလရ ၄၁ မှ ကြိုတင်မဲ ၁၅၅ မဲပါသော မဲပုံးမှာ ပွင့်နေသောကြောင့် NLD ပါတီမှ ကန့်ကွက်ရာ ပယ်မဲဖြစ်သွားကြောင်း သိရသည်။ ထို့ပြင် လားရှိုးးမြို့နယ်မှ ပညာတော်သင်မဲ ၁၉ မဲတွင် မဲလက်မှတ် နှစ်ဘက်စလုံးတွင် မဲရုံမှူးလက်မှတ်ပါနေသောကြောင့
် ပယ်မဲဖြစ်သွားသည်။
Update 5:45
စစ်ကိုင်းမြို့တွင် မဲရုံ ၁၁၉ ရုံရှိသည့်အနက် ရေတွက်ပြီးမဲရုံ ၃၉ ရုံတွင် NLD မှ ၃၈ ရုံတွင် မဲအပြတ်အသတ်နှင့် အနိုင်ရ။ သတင်းများကို ဆက်လက်ဖော်ပြပါမည်။
Update 5:48
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်သော ဦးဇေယျာသော်က "အခြေအနေကောင်းနိုင်တယ်။ အတိအကျတော့ လက်ထဲမှာ စာရွက်တွေမရောက်လာသေးသည့်အတွက် မပြောနိုင်သေးဘူး" ဟု ပြောသည်။
7Day News Journal
========================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၂)

လတ်တလော မဲရေတွက်မှု ရလဒ်များ

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ ၅၁ မိနစ်၊

မင်္ဂလာတောင်ညွန့် ရေတွင်းကုန်း မဲရုံ အမှတ် (၂) တွင်
ဒီချုပ် ၉၉၄ မဲ၊ ကြံ့ခိုင်ရေး ၄၆ မဲ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၈မဲ၊ အမျိုးသား ဒီမိုကရေစီပါတီသစ် ၆မဲ၊ မြန်မာအမျိုးသား ကွန်ဂရက် ၂ မဲ၊ ရရှိ၍ ဒီချုပ်မှ ဒေါ်ဖြူဖြူသင်း အများဆုံးဖြင့် အနိုင်ရလျှက်ရှိသည်။

လောင်းလုံမြို့နယ် ပန်းတဉ်းအင်းရွာ ဒီချုပ် ၇၁၀ မဲ၊ ကြံ့ခိုင်ရေး ၅၃ မဲ၊ ပယ်မဲ ၃၂မဲ၊ ရရှိသည်ဟု သိရှိရသည်။

မန္တလေး မဟာအောင်မြေ ရဲမွန်တောင်ရပ်ကွက် မဲရုံ အမှတ် (၃) တွင် ကြံ့ခိုင်ရေး ၆၃ မဲ ဒီချုပ် ၇၅၂ မဲ၊ အန်ဒီအက်ဖ် ၇ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၁ မဲ၊ တစည ၁၁ မဲ၊ တသီးပုဂ္ဂလ ဦးညွန့်ဦး ၆ မဲ၊ တသီးပုဂ္ဂလ ဦးကျော်ကျော် ၆ မဲ၊ တသီးပုဂ္ဂလ ဦးစိန်လှ ၁ မဲ၊ ပယ်မဲ ၅၁ မဲတို့ဖြစ်သည်။

မန္တလေးတွင်ပင် ရဲမွန်တောင် အမှတ် (၂) မဲရုံ၌ ကြံ့ခိုင်ရေး ၁၁၅ မဲ၊ ဒီချုပ် ၈၁၆ မဲ၊ အန်ဒီအက်ဖ် ၉ မဲ၊ ပြည်သူ့ဒီမိုကရေစီပါတီ ၇ မဲ၊ တစည ၁၇ မဲ၊ တသီးပုဂ္ဂလ ဦးကျော်ကျော် ၂ မဲ၊ ဦးညွန့်ဦး ၁ မဲ၊ ပယ်မဲ ၃၃ မဲတို့ဖြစ်သည်။
ယင်း ရပ်ကွက် (၃) ရပ်ကွက်အနက် စင်္ကြာနွယ်စင် မဟာမြိုင် ၁၊ ၂ တွင်အပြတ်အသတ်နိုင်သည်ဟု သိရသည်။ ဒေးအရှေ့ ရပ်ကွက်တွင်လည်း အနိုင်ရရှိကြောင်း သတင်းပေးပို့သည်။

မော်လမြိုင်မြို့တွင် ဈေးချိုရပ်ကွက်မှလွဲလျှင် ကျိုက္ဖနဲ အမှတ် (၂) ၊ ပျဉ်ထောင်တန်း၊ ၀တ်သစ် ရွှေမြိုင်သီရိနှင့် အောက်ကျင်း ၊ ထန်းပင်ကုန်း ရပ်ကွက်များတွင် ၁၀ဆနီးပါး အသာဖြင့် ဒီချုပ်က ကြံ့ခိုင်ရေးကို အနိုင်ရရှိလျှက်ရှိသည် ။


ဒေါ်အောင်ဆန်းစုကြည် နိုင်ရန် သေချာပြီ

လတ်တလော မဲရေတွက်မှု ရလဒ်များ

ဧပြီ ၁ ရက်၊ ညနေ ၅နာရီ ၉မိနစ်

ကော့မှူးမြို့နယ်တွင် ယခုအချိန်ထိ ရေတွက်ရရှိသည့် ရလဒ်များကို ထောက်ချင့်၍ ဒေါ်အောင်ဆန်းစုကြည် နိုင်ရန် သေချာသွားပြီဟု ဒီချုပ်မှ ခန့်မှန်းထားသည်။

မိတ္ထီလာမြို့နယ် ဆိုင်းတန်းရပ်ကွက် ဒီချုပ် ၂၇၇၊ ကြံ့ခိုင်ရေး ၃၂၊ ဒေါ်မြင့်မြင့်အေး ၄၊

မိတ္ထီလာမြို့နယ် နန်းတော်ကုန်း ရပ်ကွက် ဒီချုပ် ၃၆၅ ၊ ကြံ့ခိုင်ရေး ၈၈၊ ဒေါ်မြင့်မြင့်အေး ၂၁၊ ဦးဝင်းဇော် ၇ မဲ တို့ဖြစ်သည်။

မန္တလေး၊ မဟာအောင်မြေ မဟာအောင်မြေ မြို့နယ် ဦးအုန်းကြိုင် မဲ ၅၀၀ ၊ ၆၀၀ ရသည့်အချိန်တွင် ကြံ့ခိုင်ရေးမှ ၅၀၊ ၆၀ သာရရှိသည်ဟု လတ်တလော ရေတွက်မှုများအရ သိရသည်။ ပြင်ဦးလွင်တွင်လည်း ဒီချုပ်ကိုယ်စားလှယ် ဦးကျော်သီဟက အလားတူ ၁၀ ဆ၀န်းကျင် အသာရနေသည်ဟု သိရသည်။


Yangon Press International

=================================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၃)

၇ှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊မဲဆန္ဒနယ်မြေ အောင်ပန်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က မြို့ပေါ် ၁၂ရပ်ကွက်လုံးတွင် အပြတ်အသတ် အနိုင်ရရှိပါသည်။
ဟဲဟိုးမြို့တွင်လည်း NLD ကအပြတ်အသတ်အနိုင်ရရှိပြီး ဟဲဟိုးမြို့သူ မြို့သားများ အောင်ပွဲခံရန်စီစဉ်နေကြောင်းသိ
ရပါသည်။
ကျေးရွာအုပ်စုတော်တော်များများ

တွင်လည်း NLD ဘဲအနိုင်ရရှိကြောင်း NLD လူငယ်အဖွဲ့များက ၄င်းတို့ လူငယ်အချင်းချင်းအဆက်အသွယ်များရရှိပြီး
အနိုင်ရရှိသည့်သတင်းကိုရရှိကြော
င်း ပြောပါသည်။ မနက်ခင်း မဲရုံဖွင့်သည်နှင့် မဲမသမာမှုများ ပဋိပက္ခ များ အတော်များများ ဖြစ်ပေါ်ခဲ့သော်လည်း
နောက်ပိုင်းတွင် အေးဆေးတည်ငြိမ်သွားပြီး ပြည်သူလူထု၊ လူငယ်အင်အားစုများက မိမိတို့မြို့နယ်အတွင် လှုပ်ရှားစောင့်ကြည့်ခဲ့ခြင်ြးေ
ကာင့် ဖြစ်ကြောင်း
နိုင်ငံရေးသုံးသပ်သူများက ပြောပါသည်။ ကလောမြို့ပေါ်နှင့် ကျေးရွာများတွင်လည်း NLD ဘဲ အပြတ်အသတ်နိုင်ကြောင်းသတင်းရရှီ
ပါသည်။
ကလော၊ အောင်ပန်း၊ ဟဲဟိုးနှင့်ကျေးရွာအုပ်စုတော်ေ
တ်ာများများတွင် 80% ကျော်ခန့်အနိုင်ရရှိကြောင်း ခိုင်မာသောသတင်းရပ်ကွက်က သိရပါသည်။
-------------------------------
ဧပြီ(၁)ရက်နေ့ နံနက်(၁၀)နာရီခန့်အချိန်တွင် မကွေးမြို့ပေါ်ရှိ
ရပ်ကွက်တွေနဲ့ ရွာတစ်ချို့မှာ မဲစာရင်းများ ကျန်နေခဲ့ကြောင်း NLD
လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်သိန်းမှ ပြောပါသည်။
`ဟုတ်တယ် မဲစာရင်တွေမှားနေတဲ့ကိစ္စ နဲ့
ကျန်နေတဲ့ကိစ္စတွေများနေပါတယ်။ တစ်ချို့ မဲစာရင်းတွေကို မြင်သာတဲ့နေ ရာ
တွေမှာ မချိတ်ထားဘူး။ တစ်ချို့ကျတော့လည်း အမက ကျောင်းတွေထဲ
ဓမ္မာရုံတွေထဲမှာ ချိတ်ထားပြီး သော့ခတ်ထားကြတယ်။ မဲဆန္ဒရှင်တွေက
သူ့မဲစာရင်း ပါ မပါ လွတ်လွတ်လပ်လပ်ကြည့်ပိုင်ခွင့် မရှိဘူး။
အဲလိုဖြစ်နေတော့ ရွေးကောက်ပွဲနီးလို့ မဲစာရင်းကြည့်တော့(၂၉)ရက်နေ့မှ
ကြည့်လို့ရတယ်။ အဲဒီကျမှ မပါတာတွေကို သိရတယ်။ မြို့ပေါ်ရပ်ကွက်တွေမှာကို
တော်တော်များများရှိနေပါတယ်။ မြို့ပေါ်ရပ်ကွက်တွေရော ရွာတွေမှာပါ
မဲစာရင်းကျန်တာတွေ ပေါင်းလိုက်ရင် (၇၀၀၀)ကျော်ကျော်ရှိပါ့မယ်။ ဥပမာ
စမ်းမကြီးရွာဆိုရင် (၁၇၅)ယောက်။ ညောင်ကန်တိုက်နယ်က ရွာသစ်ကြီးမှာ
တစ်ရာကျော်ကျန်ခဲ့တယ်။ သရက်လေးပင်ရွာကလည်း တော်တော်ကျန်နေတယ်
လို့ပြောပါတယ်။ ယခုလည်း ညောင်ကန်မှာ ပြဿနာဖြစ်နေလို့ ကျွန်တော့်တို့ကို
လာခဲ့ဖို့ခေါ်နေပြန်တယ်။ မြို့ပေါ်က အောင်စေတနာရပ်ကွက်တွေ၊
အောင်မေတ္တာရပ်ကွက် တွေ ၊ အောင်ရတနာရပ်ကွက် တွေ အားလုံးပေါင်းလိုက်ရင်
နှစ်ထောင်ကျော်လောက်ကျန်ပါ့မယ်။ ကော်မရှင်ကို သွားပြောတော့လည်း
သတ်မှတ်ထား တဲ့ရက် ကျော်သွားလို့ ထည့်မပေးဘူးပြောပါတယ်။ ယနေ့အခြေနေအရ
ရမယ်ထင်လို့ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း တွေကို
ကိုင်ပြီးသွားကြတော့လည်း ရက်လွန်သွားလို့ မထည့်ရတော့ဘူးလို့ ပြောလွှတ်
ပါတယ်။ ´ ဟု ဦးမြင့်သိန်းမှ ပြောဆိုပါတယ်။

-----------------------------
မင်းကင်းတွင်...မဲရုံပေါင်း (၁၁၈) ရုံရှိပြီး ယခုအချိန်တွင် (၁၃)နေရာတွင်
NLD မှ အနိုင်ရရှိနေကြောင်း သိရသည် မင်းကင်းမှ သတင်းထောက်က ပေးပို့သည်။
--------------------------------
တောင်ငူ မြို့နယ် သောက်ရေခပ်(၂) ရေအားလျှပ်စစ်စီမံကိန်း မဲစာရင်း
NLD ၁၆၃
ကြံ့ ဖွတ် ၂

-------------------------------
ပခုက္ကူ တွင် NLD က ရမဲ 662 ကြိုတင်မဲ 5ပြည်ခိုင်ဖြိုးက ရမဲ 53 ကြိုတင်မဲ 1
နှင့် ပယ်မဲ 59 မဲရှိကြောင်းအသိပေးအပ်ပါသည်။ ပခုက္ကူ တွင် NLD ဦးပိုက်ကို က အပြတ်အသတ်အနိုင်ရရှိသွားပါသည်။
---------------------------------
အုတ်တွင်းမြို့နယ်ညောင်ပင်ကြီးကျေးရွာအုပ်စု အန်အယ်ဒီ က ၆၁၉ မဲ ကြံ့ခိုင်ရေး ၁၆၄ မဲ
တောင်ဝင်းကုန်းကျေးရွာ အန်အယ်ဒီက ၅၉၃ မဲ ကြံ့ခိုင်ရေး ၇၂
ကြို့ကုန်း အန်အယ်ဒီ ၅၆၂ မဲ ကြံ့ခိုင်ရေး ၄၉ မဲ အနိုင်ရရှိထားကြောင်းသတင်းရရှိ
ပါတယ်

Myanmar News Now
NLD ရုံးချုပ်မှ တိုက်ရိုက်တင်ပြနေစဉ်
==================================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၄)

တောင်ငူ ကြားဖြတ်ရွေးကောက်ပွဲ မြင်ကွင်းများ
မန္တလေး မဟာအောင်မြေ၌ NLD အပြတ်အသတ် အနိုင်ရရှိဟုဆို

မန္တလေး၊ ဧပြီ ၁ ( 6 : 26 )

မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်သည့် မဟာအောင်မြေမြို့ နယ် မဲရုံပေါင်း ၇၉ ရုံတွင် မဲရုံ ၇၀ ၏ မဲများကိုရေတွက်ပြီးစီးခဲ့ပြီ ဖြစ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ မဲအပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ နေရာ၌ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲ မဲဆန္ဒနယ်၌ NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွား

ပုလဲ၊ ဧပြီ ၁ ( 6 : 05 PM )

စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့ နယ်ရှိ ညောင်တုန်း ကျေးရွာတွင် NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွားခဲ့ရာ ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်း ရယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ယမန် ( မတ်လ ၃၁ ) ရက်နေ့ညက ပုလဲမြို့ နယ် ညောင်တုန်းကျေးရွာရှိ ဗီဒီယို ရုံတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လုပ်ကြံ ရိုက်ကူးထားသော ဗီဒီယိုအား ပြသခဲ့ရာ NLD ပါတီဝင် လူငယ်များက သွားရောက် မပြသရန် တားမြစ်ခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NLD ပါတီဝင် လူငယ်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကာ ပြည်ခိုင်ဖြိုး ပါတီဝင် လူငယ်တစ်ဦးမှာ ဓါးထိုးခံရ၍ သေဆုံးခဲ့ကြောင်း The Voice Weekly သတင်းထောက်က ထပ်မံသတင်းပေးပို့သည်။

ဒဂုံဆိပ်ကမ်းတွင် NLDကအနိုင်သေချာဟုဆို
ရန်ကုန် ဧပြီ ၁ (6:10)
ဒဂုံဆိပ်ကမ်းမြို့နယ် NLDမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော
င်း ဒေါက်တာမျိုးအောင် ပြတ်သားသော ရလဒ်ဖြင့် အနိုင်ရရှိသွားပြီဖြစ်၍ ယုဇန ဥယျာဉ်မြို့တော်တွင် NLD ကို ထောက်ခံသူများ အောင်ပွဲ ခံနေကြ သည်ဟု မြို့နယ် အောင်နိုင်ရေးကော်မတီဝင်တစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။
ယခုသတင်းရေးသားချိန် ၆ နာရီ ၁၁ မိနစ်အထိ ရပ်ကွက် နှစ်ခုနှင့် ရွာတစ်ရွာ တို့မှ ရလဒ်ကို မရသေးသော် လည်း ကျန် ကျေးရွာနှင့် ရပ်ကွက် ၁၃ ခုတွင် NLD က အနိုင်ရရှိထားပြီး မဲဆန္ဒနယ် တစ်ခုလုံးရှိ စုစုပေါင်း မဲ၏ ၆၅ ရာခိုင်နှုန်းကို ရထားပြီဖြစ်ရာ သေချာသွားပြီဖြစ်ကြောင်း ဒဂုံဆိပ်ကမ်း NLD ရုံးအဖွဲ့မှူး ဦးထွန်းဝက ဆိုသည်။
The Voice Weekly
========================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၅)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပေါခင်
ပဲခူးတိုင်း(အရှေ့) တောင်ငူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်စိုးမြင့်
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်း
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမေဝင်းမြင့်
ဧရာဝတီတိုင်း ဖျာပုံ၊ ဒေးဒရဲမဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိမ်းဆွေ (ဒေးဒရဲ မဲဆန္ဒနယ် နိုင်၊ ဖျာပုံ တပ်နယ်တခုနှင့် ရွာတရွာပဲ ရှုံး)
နေပြည်တော်ခရိုင် ဇဗ္ဗူသီရိ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း
ကန့်ဘလူ၊ကျွန်းလှ၊ ရေဦး၊တန့်ဆည် မဲဆန္ဒနယ် ၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင်
မကွေးတိုင်း ပခုက္ကူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးပိုက်ကို တို့ အနိုင်ရရှိကြောင်း သိရပါသည်။

-------------------------------------------
နေပြည်တော်ခရိုင် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လော
င်း ဦးမင်းသူဟာ ဒီနေ့ နေ့လည်အထိ မဲအပြတ်အသတ် နိုင်နေသော်လည်း မဲရုံပိတ်ခါနီးအချိန်တွင် ဘယ်ကမှန်း မသိသည့် မဲများ ရောက်ရှိလာသည့်အတွက် ယခုအချိန်တွင် မဲများကို ပြန်လည် စစ်ဆေးနေတာ ဖြစ်ပါသည်။ (၅း၄၅ pm)
ရန်ကုန်တိုင်း ရွှေဂုံတိုင် မြို့နယ် မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ် မှ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသော အဖွဲ့ချုပ် ကိုယ်စားလှယ် နာမည်များကို ကြေညာနေစဉ်
============================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၆)

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် NLD အောင်ပွဲခံ

ဧပြီ ၁၊ ၂၀၁၂၊ ၁၈း၅၅ (YPI) (ချစ်ဦးမောင်)

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် NLD ပါတီမှ အနိုင်ရရှိသွားပြီဖြစ်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွင် အတည်ပြုလက်မှတ်ထိုးရန်စောင့်ဆိုင်းနေပြီဖြစ်သည်။

၎င်းမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁၆,၄၆၉ ဦးရှိပြီး NLD ၇,၄၅၃ မဲ နှင့် ကြံ့ခိုင်ရေးပါတီမှ ၄,၁၇၃ မဲရရှိခဲ့သည်။ ၃၂၈၀ မဲအသာဖြင့် NLD ကအနိုင်ရခဲ့ပြီး အခြားမဲများမှာ ပယ်မဲများနှင့် မဲလာမပေးကြသူများရှိသည်ဟု NLD အောင်နိုင်ရေးအဖွဲ့ဝင်များကပြောသည်။

မဲရုံ ၁၇ ရုံရှိသည့်အနက် ရန်အောင်မြင်မဲရုံမှလွဲ၍ ကျန် ၁၆ ရုံတွင် NLD မှ အနိုင်ရရှိခဲ့သည်။

NLD မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံခဲ့ရသော ဦးနိုင်ငံလင်းက “ ကျွန်တော်နိုင်မယ်ဆိုတာ အစကတည်းကသိပါတယ်။ ဒီပွဲဟာကျွန်တော့်ပွဲဆိုတာထက် ကျွန်တော့်လူတွေရဲ့ အောင်ပွဲလို့ပြောရမှာပါ။ မဲရုံလာပြီး မဲပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။ မဲလာပေးတဲ့သူတွေဟာ နိုင်ငံတော်အတွက် အလုပ်လုပ်ပေးကြတဲ့ သူတွေလို့ယူဆပါတယ်” ဟုပြောသည်။

၎င်းအနေဖြင့် တောင်သူလယ်သမားများအရေးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပြီး တောင်သူလယ်သမားများနှင့်ဆိုင်သော ဥပဒေများကို အသက်ဝင်သွားအောင် ပြုလုပ်သွားမည်ဟု YPI သို့ပြောသည်။
NLD လူငယ်ကွန်ယက်နှင့်ချိတ်ဆက်ပြီး လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများလည်းလုပ်ဆောင်သွားမည်ဟုဆိုသည်။
------------------------------------

တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ရေတွက်ပြီး မဲစာရင်းများ
ဧပြီ ၁၊ ၂၀၁၂ ၊ ညနေ ၆နာရီ ၅၆ မိနစ်

NLD USDP ပယ်မဲ
ချောင်းဖျားကြီးကျေးရွာ ၆၇ ၄၄
ဝါးမကိုက် ၄၆ ၁၈
စွန်းကြီး ၉ ၁၉
၁၀၄ တပ်ရင်း ၁ ၁၀၆
ညောင်ပင်ဆိပ် ၉၇ ၇
မဲမော် ၁၅၀ ၅၀
တောကျဲ ၁၇၂ ၅၈
ပြင်ကြီးကျွန်း ၁၁ ၁၂
ကထောင်းနီ ၂၄၀ ၄၀
ဖားအောက်ပြင် ၃၀၆ ၂၂
ရဘဲ ၁၂၃ ၈၁
ပန်းစိတ် ၉၇ ၃၆
ကရင်ကြီး ၁၉၆ ၂၃၅ ၂၇
ပန်းတင်အင်း ၇၁၀ ၅၃ ၃၂
ရှမ်းမော် ၁၃ ၆၅

....................
နောက်ဆုံးထပ်တိုးကျေးရွာ

သဘော့ဆိပ် ၈၇၀ ၄၂
ပြင်ကြီး ၅၃၄ ၁၆

....................................

လတ်တလောနောက်ဆုံးအခြေအနေ
မဲရုံ စုစုပေါင်း - ၁၀၇ ရုံတွင် ၇၄ ရုံ ရေတွက်ပြီး ရလဒ်
NLD - 27448
USDP- 4770

----------------------------------------------------------
လတ်တလော မဲရေတွက်နေသည့် ရလဒ်များ

ဧပြီ ၁၊ ၂၀၁၂ (YPI)

ဇဗ္ဗူသီရိမြို့နယ်

ဓနသိဒ္ဓိ ၁ - NLD ၈၁၅
USDP ၄၅၀

ဓနသိဒ္ဓိ ၂ - NLD ၇၉၇
USDP ၄၇၂

သပြေကုန်း ၁ - NLD ၃၅၅
USDP ၇၁

သပြေကုန်း ၂ - NLD ၆၀၈
USDP ၂၀၄

ရွှေကြာပင် ၁ - NLD ၉၁၈
USDP ၆၈၅

ရွှေကြာပင် ၂ - NLD ၄၉၉
USDP ၃၉၀

-----------------------

မော်လမြိုင်တွင် နိုင်ပြီ ဟု အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်ဆို

ဧပြီ ၁ ရက်၊ ၂၀၁၂ ခု၊ ညနေ ၆ နာရီခွဲ

မော်လမြိုင်တွင် အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ် ဒေါ်ခင်ဋ္ဌေးကြွယ် နိုင်နေသည်ဟု ထောက်ခံသူများ အားပြောကြားသည်။

Yangon Press International
မင်္ဂလာတောင်ညွန့် ရေတွင်းကုန်း ရပ်ကွက် မဲရုံရှေ့
==============================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၇)

Update 6:36 PM
မြောင်းမြို့နယ် ရွေးကောက်ပွဲတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုမဲရေတွက်မှုအခြေအနေ
များကို ညနေ ၆း၃၀ နာရီအချိန်တွင် သိရှိရသည်မှာ မြို့ပေါ်မဲရေတွက်မှုကို မသိရှိရသေးသော်လည်း ကျေးရွာအုပ်စုပေါင်း ၁၁၄ ခုအနက် မဲရေတွက်ပြီးသည့် ကျေးရွာအုပ်စု ၃၀ တွင် NLD ကအနိုင်ရရှိထားပြီး ၄၊ ၅ ခုလောက်တွင်သာ ရှုံးနိမ့်ကြောင်း မြောင်းမြမြို့ NLD အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်တစ်ခုကပြောသည်။
-----------------------------
Update 6:53 PM
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမှာ ၇၉ ရုံရှိသည့်အနက် ရေတွက်ပြီး မဲရုံ ၄၀ ကျော်တွင် NLD မှ အပြတ်အသတ်အနိုင်ရကြောင်းသတင်းရရှိသည်။
-------------------------------
update: 7:01 PM
ပုသိမ်မြို့နယ် မဲဆန္ဒနယ်တွင် မဲရုံပေါင်း ၂၂၂ ရုံအနက် မဲရုံ ၇၀ ကျော် ရေတွက်ပြီးဖြစ်ကာ NLD က ၁၀ ရုံခန့်သာ ရှုံးနေပြီး ကျန်နေရာများတွင် အသာရလျက်ရှိသည်။
------------------------------
Update 7:18 PM
မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ရှိ
သော ရပ်ကွက် ၂၀ တွင် မဲရုံ ၆၈ ရုံရှိရာ ၅၉ ရုံတွင် NLD အနိုင်ရပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် NLD ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။
-----------------------------
Update 7:13 PM
ပြင်ဦးလွင်မြို့နယ်တွင် မဲရုံ ၁၉၉ ရုံရှိသည့်အနက် မဲရုံ ၈၀ ကျော်မှ စာရင်းများရောက်ရှိလာပြီဖြစ်ရာစ
စ်တပ်အခြေပြု မဲရုံ ၆ ရုံ၊ ၇ ရုံမှ လွဲ၍ ကျန်မဲရုံများတွင် NLD ပါတီမှနိုင်ခြေများနေသည်ဟု ဒေသခံများက ခန့်မှန်းနေကြသည်။ ကျန်မဲရုံများမှ မဲစာရင်းများမှာ ဝေးလံခေါင်ဖျားသည့် ကျေးရွာများမှ ကျန်ရှိနေသေးခြင်းဖြစ်သည်။
-----------------------------
Update 7:19 PM
စစ်ကိုင်းမြို့အတွင်းတွင် NLD ပါတီ ထောက်ခံသူများက မီးရှူးမီးပန်းများ ပစ်ဖောက်အောင်ပွဲခံလျက်ရှိပြီး မြို့အတွင်းတွင် ဆိုင်ကယ်များ ရာနှင့်ချီပြီး စီတန်းလှည့်လည်ကာ အောင်ပွဲခံလျက်ရှိသည်ဟု စစ်ကိုင်းမြို့ရောက် သတင်းထောက်မှ သတင်းပေးပို့သည်။
7Day News Journal
လာရောက်နှုတ်ဆက်အားပေးသူများနှင့် NLD ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်း
ဓာတ်ပုံ - ငြိမ်းငြိမ်းနိုင်
=================================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၈)

ဧပြီ ၁၊ ၂၀၁၂၊ ၂၀း၂၈ (YPI) ဆိုင်းဆွတ်

ဇမ္ဗူသီရိမြို့နယ်တွင် မဲရုံ ၃၆ ရုံရှိသည့်အနက် ၂၇ ရုံတွင် NLD အနိုင်ရရှိခဲ့ပြီး မဲကွာဟမှု ငါးထောင်ကျော်ဖြင့် ကြံ့ခိုင်ရေးပါတီကို အနိုင်ရခဲ့သည်။

မဲပေးခွင့်ရှိသူ ၅၃,၂၆၁ ဦးရှိသည့်အနက် NLD က ၂၂,၄၃၇ မဲ၊ ကြံ့ခိုင်ရေးပါတီက ၁၆,၆၆၀ မဲရရှိခဲ့သည်။ ကျန်မဲပေါင်း ၁၄,၀၀၀ ကျော်မှာ ပဲမယ်များနှင့် အချို့မှာမဲမပေးကြသူများဖြစ်သည်။

မဲပျောက်၊ မဲထပ်၊ မဲစာရင်းထဲတွင် နာမည်ရှာမတွေ့ခြင်းများကြောင့် ဒေသခံအများစု မဲမထည့်ခဲ့ရကြောင်း ဒေသခံများကပြောသည်။

“မဲစာရင်းတွေကို စနစ်တကျမထားဘူး။ ရှာမတွေ့တော့ မဲရုံကိုပြောတော့ မဲစာရင်းစာအုပ်လိုက်ထုတ်ပေးတယ်။ လူတွေအများကြီးကြားထဲမှာ ကိုယ့်နာမည်ရှာမတွေ့တော့ စိတ်မရှည်ဘဲပြန်သွားတဲ့သူတွေအများကြီး” ဟု ရွှေကြာပင်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

၎င်းကျေးရွာမှ ၄၀ ဦးခန့် စာရင်းပျောက်နေသောကြောင့် မဲမပေးခဲ့ရဟုဆိုသည်။ ၎င်းမြို့နယ်အတွင်းမှ အခြားကျေးရွာများတွင်လည်း မဲစာရင်းမပါခြင်း၊ မဲစာရင်းထပ်နေခြင်းများကြောင့် မဲမပေးခဲ့ရသူများစွာရှိသည်ဟု ဒေသခံများကပြောသည်။

၎င်းမဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သည့် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက “ ဒီရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့အဆုံးအဖြတ်ပါပဲ။ မဲထည့်ပေးတဲ့ ပြည်သူတွေကို အရမ်းကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

NLD စည်းရုံးရေးဆင်းစဉ်က နေပြည်တော်အတွင်းသို့ ၀င်ခွင့်မပြုခဲ့သည့် ရွှေဒေါင်းရုပ်ကြီးကို မန္တလေးမှ နေပြည်တော်သို့ ယူဆောင်ပြီး အောင်ပွဲခံနိုင်ရန် သီရိလေးမြို့နယ်မှ ကိုယ်စားလှယ်များကတောင်းဆိုသွားမည်ဟု ၎င်းကပြောသည်။ ။
------------------------------------------------
နေပြည်တော် မဲရလဒ် များ

ဧပြီ ၁ ရက်၊ ညနေ ၇ နာရီ ၅၈ မိနစ်၊ YPI

ဥတ္တရ သီရိမြို့နယ်မှာ မဲရုံ ၄၉ ရုံအနက် ၄၄ ရုံရေတွက်ပြီး အရ ဦးမင်းသူက မဲအရေအတွက် ၇ ထောင်ကျော်အသာရနေကြောင်း၊ ကျန်တဲ့နေရာ မှာ အနိုင်ရနိုင်တယ်လို့ ဦးမင်းသူရဲ့ ကိုယ်စားလှယ်က YPI သို့ပြောသည်။

ပုပ္ဗသီရီမြို့နယ်တွင်လည်း မဲရုံ ၈၂ ရုံအနက် ၅၀ ကျော်ရေတွက်ပြီးနောက် ဦးဖြိုးဇေယျာသော်က မဲ ၄ ထောင်ကျော် အသာရနေသည်ဟု ဦးဖြိုးဇေယျာသော်၏ ကိုယ်စားလှယ် ကိုအောင်အောင်က YPI သို့ ပြောသည်။

YPI
-----------------------------------------
ပုသိမ်တွင် ဒီချုပ် နိုင်ခြေများနေဟု ပုသိမ်မြို့ ဒီချုပ် အောင်နိုင်ရေး အဖွဲ့ဝင်များက ပြော။

ဧပြီ ၁ ၊ ၂၀၁၂၊ ည ၇ နာရီ ခွဲ

ယခုချိန်ထိ ရေတွက်ပြီးသမျှမဲများအရ ပုသိမ်မြို့တွင် ဒီချုပ် မှ အောင်နို်င်ရေး အဖွဲ့ဝင်များက ပြောသည်။ ရာခိုင်နှုန်း ၇၀ ၀န်းကျင်ရထားပြီဟု ၀င်လာသည့် စာရင်းများကို ကိုးကားကာပြောဆိုသည်။

အခြားသိရှိရသည့် မဲဆန္ဒနယ်များမှာ မြောင်းမြတွင်လည်း ဒီချုပ်နိုင်ရန် သေချာသလောက်ရှိနေသည်ဟု YPI သတင်းထောက်က သတင်းပေးပို့သည်။

YPI
------------------------------
ဧပြီ ၁၊ ၂၀၁၂၊ ၁၉း၃၁ (YPI)

ကလောမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော ပါတီကိုယ်စားလှယ်များကို ညစာဖြင့်တည်ခင်းဧည့်ခံမည်ဟုဆိုသ
ည်။

ကျားဖြူပါတီ ၊ PNO၊ NLD နှင့် ကြံ့ခိုင်ရေးပါတီများမှ ကိုယ်စားလှယ်များဝင်ရောက်ယှဉ်ပြိုင်ကြသည်။

မဲပြားများလိုက်လံစုဆောင်းနေပြီဖြစ်ပြီး ညစာစားပြီးပါက မဲရေတွက်ခြင်းကို ကြည့်ရှုခွင့်ပေးမည်ဆိုသည်ဟု YPI သတင်းထောက်ကပြောသည်။
--------------------------------------
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်

မဲရုံ ၁၀၇ ရုံရှိသည့်အနက် ၉၇ ရုံရေတွက်ပြီးချိန်တွင် NLD ၃၂,၇၇၄ မဲ၊ ကြံ့ခိုင်ရေး ၅၉၈၁ မဲရရှိနေသည်။
Yangon Press International


======================================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၉)

Update 8:30 PM
နေပြည်တော် ဇဗ္မူသိရိမဲဆန္ဒနယ်တွင် NLDကိုယ်စားလှယ်ဒေါ်စန္ဒာမင်းသည် မဲရေတွက်အပြီးတွင် မဲ၅၇၀၀ အသာဖြင့် အနိုင်ရရှိသွားပြီဖြစ်ကြောင်း 7Day News သတင်းထောက်ကသတင်းပေးပို့သည်။
---------------------------------
Update 8:25 PM
နေပြည်တော်ဥတ္တရသီရိမဲဆန္ဒနယ်တွင်
မဲရုံပေါင်း ၄၉ ရုံရှိရာ ၄၅ ရုံတွင် မဲရေတွက်ပြီးစီးသွားပြီဖြစ်ပြီး NLD ကိုယ်စားလှယ်လောင်းဦးမင်းသူက မဲအရေအတွက် ၁၄၄၉၉ ၊ ပြည်ခိုင်ဖြိုးပါတီက ၇၀၁၇ မဲရရှိကာ NLDက မဲအပြတ်အသတ်နှင့် အနိုင်ရရှိသွားပြီဖြစ်သည်။
--------------------------
Update-8:20- မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမဲဆန္ဒနယ်တွင် မဲရုံ(၇၉)ရုံအနက် မဲရုံ(၄၀)ကျော်ရေတွက်ပြီးချိန်တ
ွင် NLDပါတီက အပြတ်အသတ်အနိုင်ရရှိနေကြောင်း မန္တလေးအခြေစိုက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
-----------------------------
Update-8:20- ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်သည့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်တွင် မဲရုံစုစုပေါင်း၁၂၉ရုံအနက် ၁၂၄ရုံရေတွက်ပြီးဖြစ်ကာ NLDက မဲရုံတစ်ခုတွင်သာ ရှုံးနိမ့်ခဲ့ခြင်းကြောင်း ကော့မှူးမြို့ပေါ်တွင် ဒေသခံများ အောင်ပွဲခံလျက်ရှိသည်။ “ပတ်ဝန်းကျင်က ရွာတွေကပါ လူတွေတက်လာပြီးတော့ အောင်ပွဲခံနေကြ တယ်။ ဒီလောက်စည်တာ တစ်ခါမှ မကြုံဖူးဘူးလို့ ဒေသခံတွေကပြောပါတယ်”ဟု ကော့မှူးမြို့မှ 7Day News သတင်းထောက်က သတင်းပေးပို့သည်။
----------------------------
Update : 7:43 PM
မိထ္ထီလာမြို့နယ်ပြည်သူ့လွှတ်တော်
မဲဆန္ဒနယ်တွင်မဲရုံစုစုပေါင်း ၂၇၈ရုံရှိသည့်အနက် ၆၄ ရုံ မဲရေတွက်ပြီးဖြစ်ကာ ၄၆ ရုံတွင် NLD က အသာစီးရနေပြီး ၁၈ နေရာတွင် ရှုံးနိမ့်ခဲ့ကြောင်း မိထ္ထီလာမြို့မှ 7 Day Newsသတင်းထောက်ကသတင်းပေးပို့သည်။သို့သော်လည်း ရေတွက်ပြီးမဲရုံများမှ ကြိုတင်မဲများရေတွက်ရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁၅၂၆မဲနှင့် NLD က ၂၀၁မဲ သာရရှိကြောင်း သတင်းရရှိသည်။
-------------------------
Update 8:10 PM

ဦးဇေယျာသော်ဝင်ရောက်ယှဉ်ပြိုင်
သောပုဗ္ပသီရိမဲဆန္ဒနယ်တွင်မဲရုံ၈၂ရုံရှိ သည့်အနက် ၄၆ရုံမဲရေတွက်ပြီးသွားပြီဖြစ်ပြီး ယခုအချိန်အထိ ဦးဇေယျာသော်က မဲအရေအတွက် ၂၀၀၀ကျော်အသာရကာ အနိုင်ရနေကြောင်းနေပြည်တော်ရောက် 7 Day News သတင်းထောက်ကသတင်းပေးပို့သည်။ထိုရေတွက်ပြီးစီးသောမဲရုံ ၄၆ရုံတွင် တိုင်းစစ်ဌာနချုပ်မှမဲရုံ၃ရုံပါဝင်သည်။မဲရေတွက်ရန်ကျန်ရှိနေသောမဲရုံများမှာ ကျေးရွာများမှ မဲရုံများဖြစ်သဖြင့် နိုင်လိမ့်မည်ဟုခန့်မှန်းနေကြသည်။
---------------------------------
Update 7:38 PM
မော်လမြိုင်မြို့နယ်ပြည်သူ့လွှတ်
တော်မဲဆန္ဒနယ်တွင်မဲရုံစုစုပေါင်း ၁၁၉ရုံရှိသည့်အနက် ၉၃ရုံရေတွက်ပြီးဖြစ်ရာ မဲရုံအားလုံးတွင် NLD က မဲအပြတ်အသတ်နှင့်အနိုင်ရနေပြီးမဲရုံတစ်ရုံသာရှုံးနိမ့်ကြောင်း မော်လမြိုင်
ရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
--------------------------------
Update 7:32 PM
စစ်ကိုင်းမြို့တွင် NLD ပါတီ ၇၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရန် သေချာနေပြီဖြစ်ကြောင်းစစ်ကိုင်း
မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောသည်။မဲရုံ ပေါင်း၁၀၀တွင်၉၃ရုံတွင်မဲအပြတ်အသတ်နှင့်အနိုင်ရပြီး ကျန် မဲရုံတစ်ဆယ်ကျော်မှာ မဲရေတွက်နေဆဲဖြစ်သည်။
------------------------------
မြေးအကူအညီဖြင့် လာရောက်မဲပေးသော အသက် ၈၀ ကျော် အဖွားအို
=================================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၀)

သုံးခွမြို့နယ်တွင် ယနေ့ညနေ ၇နာရီခွဲအချိန်အထိ မဲရေတွက်နေမှုအရ ကျေးရွာပေါင်း ၆၂ ရွာတွင် NLD ပါတီက ၂၁၂၃၃ မဲ၊ USDP က ၈၀၁၉၊ NDF က ၆၂၈၊ လူ့ဘောင်သစ်ပါတီက ၃၇၄ မဲ ရရှိနေကြောင်း သတင်းရရှိသည်။
--------------------------------------
ရန်ကုန်တိုင်း (၆) နေရာ၊ နေပြည်တော် (၄) နေရာ၊ ၀ါးခယ်မ ၊ မြောင်းမြ ၊တောင်ငှု၊ လောင်းလုံ၊ ရေဦး ၊မင်းကင်း၊ မကွေး၊မြို့နယ် များတွင် NLD ပါတီမှ အများစု အနိုင်ရရှိကြောင်း ယင်းမြို့နယ်များ ရှိ ရွေးကောက် ပွဲအောင်နိုင်ရေး အဖွဲ့များသို့ ဆက်သွယ် မေးမြန်းချက်အရ သိရှိရသည်။
----------------------------------------
နေပြည်တော်ကောင်စီနယ်မြေတွင် NLD ပါတီမှဝင်ရောက် ယှဉ်ပြိုင်သော ကိုယ်စားလှယ် ၄ ဦးစလုံး မြို့နယ် ၄ မြို့နယ် တွင် အနိုင်ရရှိ သွားပြီဖြစ်ကြောင်း နေပြည်တော်၏ NLD အသိုက်အ၀န်းမှသတင်းပေး ပို့ခဲ့သည်။
---------------------------------------
မရမ်းကုန်း မြို့နယ်တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်မေ၀င်းမြင့် ရရှိသည့် မဲအရေအတွက် များနေသည့်အတွက် မိမိအနေဖြင့် စိတ်ပျက် မိကြောင်း တကယ်တမ်း မိမိ ရှုံးနိမ့်ခဲ့မည်ဆိုပါက ယင်းအရှုံးပေါ် မည်သို့မျှ မပြောလိုပါကြောင်းမရမ်းကုန်းမြိ
ု့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်လောင်း ဦးရဲထွဋ်က ယနေ့ည ၇နာရီင်္ ၁၅မိနစ်တွင် ပေါ်ပြူလာနယူးစ်
၏ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းမှုအား ဖြေကြားသည်။
---------------------------------
"ပဲခူးတိုင်းဒေသကြီးမှာလည်း NLD ပါတီက အများစုအနိုင်ရ"

ပဲခူးမြို့နယ် သနပ်ပင်ကျေးရွာ အထက်ကြုံပါ ရွာမဲရုံတွင် NLD ပါတီက ၄၀၀ မဲ၊ တစညပါတီက ၁၀၀မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၁၀၀ မဲ၊ပယ်မဲ ၄၀ ရှိကြောင်း၊ ကံကုန်းကျေးရွာတွင် NLD ပါတီက ၂၃၉ မဲ၊ တစညပါတီက ၂၄မဲ၊ ပြည်ခိုင် ဖြိုးပါတီက ၆၂မဲ၊ ပယ်မဲ ၃၇ မဲရှိကြောင်း၊ ငါးရှဥ့်ပိုင်းကျေးရွာတွင် NLD ပါတီက ၆၄၃ မဲ၊ တစည ပါတီက ၁၅ မဲ ၊ ပြည်ခိုင်ဖြိုးပါတီက ၆၁ မဲ၊ ပယ်မဲ ၃၇ မဲရှိကြောင်း၊ အောက်စုကျေးရွာတွင် NLD ပါတီက ၅၂၉ မဲ၊ တစည ပါတီက ၇မဲ ၊ ပြည်ခိုင်ဖြိုးပါတီက ၁၁၂ မဲ၊ ပယ်မဲ ၄၁ မဲရှိကြောင်း၊ နတ်ရေ ကန် ကျေးရွာတွင် NLD ပါတီက ၈၇၆မဲ၊ တစညပါတီက မဲမ ရရှိ၊ ပြည်ခိုင်ဖြိုး ပါတီက ၁၂၆ မဲ ၊ ပယ်မဲ ၄၄ မဲရှိကြောင်း၊ သနပ်ပင် မြို့နယ် ဘူတာရပ်ကွက် တွင် NLD ပါတီက၅၄၇မဲ၊ တစညပါတီက ၂၄မဲ၊ ပြည်ခိုင်ဖြိုး ပါတီက ၁၅၀မဲ၊ ပယ်မဲ ၃၇မဲ၊ ဖရဲကျေးရွာတွင် NLD ပါတီက ၆၆၈မဲ၊ တစညပါတီက ၄၅မဲ ၊ပြည်ခိုင်ဖြိုးပါတီက ၁၄၈မဲ၊ပယ်မဲ ၁၄၂ မဲရှိကြောင်း၊ ဖောင်မင်းကျေး ရွာတွင် NLD ပါတီက ၃၉၂ မဲ၊ တစညပါတီက ၅၀မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၃၉မဲ၊ ပယ်မဲ ၅၂ မဲရှိကြောင်း၊ ပြွန်ပေါက်ကျေးရွာ တွင် NLD ပါတီက၂၁၃ မဲ၊ တစည ပါတီက ၁၂ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၂၆၉မဲ ၊ပယ်မဲ ၆၉မဲရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် မဲရုံ ၈၉ နေရာ တွင် ၅၇ နေရာ NLD ပါတီက အနိုင်ရရှိလျှက်ရှိကြောင်း သိရသည်။
မန်း မဟာအောင်မြေမြို့ နယ် အောင်နိုင်ရေးရုံးခန်းရှေ့ ရှိ ခွပ်ဒေါင်း ရုပ် နှင့် အတူ အောင်ပွဲခံနေကြ သည့် မန်းမြိုလူထု
==================================================

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၅၁)

ရေစကြိုမြို့နယ်မှာ ရှိသည့် မဲရုံ ၂၃၃ ရုံအနက် ယနေ့ညနေ ၇နာရီအထိ
ရောက်ရှိလာသော စာရင်းများအရ မဲရုံ၁၂၀ ကျော်တွင်
ဆင်ချောင်း၊ နီပဆေးတော၊ ကျက်ဆူကျင်း၊ မြေဖြူ၊ စသည့်ကျေးရွာငါးရွာခန့် သာ
ပြည်ခိုင်ဖြိုးပါတီက အနိုင်ရပြီး ကျန်ရွာများမှာ NLD
ကအပြတ်အသပ်နိုင်နေကြောင်း သိရသည်။

------------------------------------------------------
မကွေးမြို့ ရပ်၊ကျေး မဲရုံများ၏ သတင်း ပေးပို့ မှု အရ ည ၈း၃၀ အထိ မဲ၇ုံများ တွင် NLD မှ မဲအောင်နိုင်မှု ၉၀ ၇ာခိုင်နှုန်း၇ှိနေပါသည်။
ဝန်ကြီး ဦးဘုန်းမော်ရွှေ ပေးသော အမှတ် ၅ မဲရုံတွင် ပင် NLD မှ အနိုင်ရ ရှိထားပါတယ်။

-------------------------------------------------
မင်းကင်း နိုင်ပြီ။
××××××
ဧပြီ (၁) ရက်နေ့တွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင်
မင်းကင်းမြို့နယ်၊ NLD မှ အနိုင်ရကြောင်း သိရသည်။
မင်းကင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်န
ှင့်
ယှဉ်ပြိုင်ဘက်များမှာ ပြည်ခိုင်ဖြိုး နှင့် တစည တို့ဖြစ်ပြီး
မင်းကင်းမြို့နယ် ၊ အမျိုးသား ဒီမိုကရေစိ အဖွဲ့ချုပ် ၊ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် မှာ ဒေါ်ခင်မွှေးလွင် ဖြစ်ကြောင်း သိရသည်။

------------------------------------
ကျောက်ပန်းတောင်းမြို့နယ်တွင် မဲရုံ စုစုပေါင်း ( ၃၈၃ ) ရုံ ရှိနေပီး

အမြောက်တပ်၊ အနော်ရထာ တပ်မ ၇၈ နှင့် ပြည်သူ့ဆေးရုံမဲ ဆန္ဒနယ်ကျေးရွာတစ်ရွာ စုစုပေါင်း လေးခုတွင်သာ NLD ပါတီမှ ရှုံးနိမ့် သည်ဟုသိရ ပြီး နောက်ဆုံး အထိ ကြားသမျှမဲ ဆန္ဒနယ်များတွင် NLD မှအပြတ်အသတ်အနိုင် ရ လျှက်ရှိကြောင်း နှင့် ပြည့်သူ့ဆေးရုံ တွင် ၃၀ / ၃၃ နှင့် NLD မှ ရှုံး ကာ ကျေးရွာတစ်ရွာတွင် ၆၀ / ၆၁ နှင့် ကပ်ရှုံးပါသည်။ စစ်တပ် ၂ ခုတို့တွင်တော့ ကြံခိုင်ရေးမှ အပြတ်အသတ် နိုင်သွားပါသည်။ သတင်းအတိအကျ ရပြီး သော ကျေးရွာများတွင် ကြံခိုင်ရေး မဲ ၀ % ရှိသော ကျေးရွာသုံးရွာပါသည် ဟုသိရပြီး အခြားကျေးရွာများ နှင့်မြို့ပေါ် ရပ်ကွက်များတွင် NLD မှ အပြတ်အသတ်အောင်ပွဲ ခံ လျှက် ရှိပါသည် ။


Myanmar News Now
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် (၉၇-ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ရက်စွဲ ။ ။ ဧပြီလ ၁ ရက်၊ ၂ဝ၁၂

ယနေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထု၏ ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရရှိကြောင်း သတင်းများ တက်နေပါသည်။

ယခုလိုအချိန်မှာ ထောက်ခံသည့် ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။

သို့သော်လည်း တဖက်အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်း ဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအယာ၊ အလုပ်အကိုင်များ လုံးဝရှောင်ရှားကြရမည် ဖြစ်ပါသည်။ ပြည်သူ၏ အောင်နိုင်မှုသည် သိက္ခာရှိသော
အောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များအားလုံး အထူးသတိပြုစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် ပန်ကြားချက် ထုတ်ပြန်

0 comments:

Post a Comment