Sunday 22 April 2012

ဟားခါး ရုန်းတောင်ပေါ် ခရစ်ယာန် လက်ဝါးကားတိုင် ဖြိုလှဲမှု အရေး ဆိုမည်

ယခုနှစ်ဖေဖေါ်ဝါရီလအတွင်း “ အမျိုးနဲ့နယ်မြေ အတွက် ဟူသော ဆုတောင်းအသင်း ” က စိုက်ထူ ထားသည့် ချင်းပြည် နယ် မြို့တော် ဟားခါး ရုန်းတောင်ရှိ လက်ဝါးကားတိုင် ဖြိုလှဲသူ တရားခံ ယနေ့ထိ မသိရှိရသေး ကြောင်းသိရသည်။

အဆိုပါ ခရစ်ယာန်လက်ဝါးကားတိုင်ကို လက်ရှိ ချင်း ဘာသာရေး အကြား တရားဒေသနာ ဟောကြား ရာတွင် အထင်ရှား ဆုံးဖြစ်သည့် Tluangzauk group နှင့် ဓမ္မဆရာကြီး သိက္ခာတော်ရ ဒေါက်တာ Van Ram Uk တို့ဦးဆောင် သည့် ယုံ ကြည်သူများက ရုန်းတောင်ပေါ် ဗျူဟာ တပ်စခန်းအနီးတွင် ၂၀၁၁ ခုနှစ် မတ်လအတွင်းက စိုက်ထူထားခြင်း ဖြစ်သည်။

ယင်းကိစ္စအတွက် ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရစ်ယာန် ဘာသာရေးအသင်း အဖွဲ့က စုံစမ်းနေကြောင်း ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်တဦးက ပြောသည်။

“ ဘယ်သူ့အမိန့်နဲ့ ကားတိုင်ကို ဖြိုလှဲ သလဲ၊ ဘယ်သူက ဖြိုလှဲသွားသလဲ ဆိုတာ အရေးယူဆောင် ရွက်ဖို့ လွှတ်တော်မှာ တင်မယ်၊ ဒါက ဥပဒေနဲ့ ဆန့်ကျင်တယ်” ဟု ပြောသည်။

၂၀၁၂ ခုနှစ်ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှ စတင်ကျင်းပသည့် ပထမအကြိမ် ချင်းပြည်နယ် လွှတ်တော် တတိယ ပုံမှန်အ စည်းအဝေးတွင် ချင်းအမျိုးသားပါတီမှ ပြည်နယ်ကိုယ်စားလှယ်တဦး တင်သွင်းသည့် ကန်ပက်လက် မြို့နယ်အတွင်း ၂၀၁၁ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့က ခရစ်ယာန်လက်ဝါးကားတိုင် ဖျက်ဆီး သရော်မှု အရေးယူပေးရေး တိုင်ကြားချက် အပေါ် အရေး ယူမှုရှိမရှိ အဆို ပယ်ချခံခဲ့သည်။

အဆိုပါ လက်ဝါးကားတိုင် မြို့နယ် ပြည်သူ့ရဲမှူး ဗိုလ်ကြီး အဲရစ် ( ကွယ်လွန်) က သိသိချင်း လက်ဝါး ကားတိုင် ပြုလုပ်သူ လက်ရှိ ဟားခါးမြို့ ပြည်တော်သာ ရပ်ကွက်နေ ပူး ဗျက်ကျော်န်အား ခေါ်ယူပြီး သယ်ယူ ခိုင်းကြောင်း သိရသည်။(ခုန်နုမ်ထုန်)

0 comments:

Post a Comment