Monday, 21 May 2012

ပြည်နယ်ဝန်ကြီးက လက်ဝါးကားတိုင်ဖျက်ဆီးမှုအပေါ် သက်ဆိုင်ရာ ခရစ်ယာန်ဘာသာဝင်များ အား တောင်းပန်

2012/May/22

ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ ဘမောင်နှင့် ကျင်ဒွေးရွာသူ/သားတို့က
ကန်ပက်လက် မြို့နယ် ကျင်ဒွေးရွာ၊ မုန်းချောင်းအနီးရှိလက်ဝါးကားတိုင် ဖျက်ဆီးမှုအ
တွက် ယခုလ ၁၅ ရက်နေ့က သက်ဆိုင်ရာ ခရစ်ယာန်ဘာသာဝင်များအား တောင်း
ပန်ကြောင်း သတင်းရရှိသည်။

အဆိုပါ လက်ဝါးကားတိုင်ကို ဒေသခံ ခရစ်ယာန်ဘာသာဝင်များမှ လွန်ခဲ့သည် ၂ နှစ်
ခန့်က စိုက်ထူ ထား ကြခြင်းဖြစ် ပြီး ဒေသခံ တချို့ က ၂၈၊ ၇၊၂၀၁၁ ရက်နေ့တွင်
ကားတိုင်ကို မီးရှို့ ခုတ်လှဲသည့် အပြင် လက်ဝါးကားတိုင်ပေါ်တွင် မိန်းမ အင်္ဂါ ရုပ်ကို
သရော်ထွင်းခဲ့ကြသည်။

ကျေအေးပွဲအခမ်းအနား စာတမ်းအားဖြင့် တောင်းပန်သည့်အစီအစဉ်ကိုပြုလုပ်ခဲ့ခြင်း
ဖြစ်ပြီးအခမ်းအနားသို့ ခရစ်ယာန် ဘာသာဝင်အယောက် ၁၀၀ ခန့်တက်ရောက်
ကြောင်း သိရသည်။

” တချို့က ယင်းကိစ္စအပေါ် ဆက်လက် အရေးဆိုဖို့ ရပ်တည်ခဲ့ကြပေမဲ့ တချို့
ကတော့ သဘောထားပြောင်းသွားကြတယ် ” ဟု ကားတိုင်ကိစ္စ အရေးဆိုမှုတွင်
ဦးဆောင်သူ ဆလိုင်း လိန်းထွန်းက ပြောသည်။

အခမ်းအနားတွင် ဒေါက်တာဘမောင်နှင့် အတူ လက်ဝါးကားတိုင်ဖျက်ဆီးမှုတွင်
ခေါင်းဆောင်ခဲ့သူဟု ယူဆရသူ ဦးဥာဏ်မောင်တို့က စင်ပေါ်တက်ပြီး ခရစ်ယာန်
ပြည်သူများအား ခယ တောင်းပန်ကြ ကြောင်း သိရသည်။

လူထုကိုယ်စားလှယ်တစ်ဦးအဖြစ်သော်လည်းကောင်း ခရစ်ယာန်တစ်ဦးအဖြစ်သော်
လည်းကောင်း အခမ်းအနားသို့ တက်ရောက်သည့် ချင်းအမျိုးသားပါတီမှ ဆလိုင်း
မျိုးချစ်ကမူ”ဒီအစီအစဉ်မှာ ၀န်ကြီးဒေါက်တာဘမောင်က အစိုးရ ကိုယ်စားလှယ်
အနေနဲ့ တက်ရောက်ခဲ့တာ မဟုတ်ပဲ သူ့သဘောအရ သူ့ဒေသခံကိုယ်စားတောင်း
ပန်တာပါ..ကျတော့အမြင် ကတော့ ဒီအစီအစဉ်ဟာ အပြန်အလှန်ညှိနှိုင်း ရမယ့်
ကိစ္စဖြစ်တယ်၊မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျေးအေး ခိုင်းတာမျိုးဖြစ်တယ်”ဟု ပြောသည်။

ဝန်ကြီးသည် ခရစ်ယာန်ပြည်သူများတောင်းဆိုထားသည့်လက်ဝါးကားတိုင်ပြန်လည်
စိုက်ထူပေးရေး၊ ဘုရားကျောင်းများ ဆောက်လုပ်ခွင့်နှင့် သာသနာရေးဝန်ကြီးဌာန
၏ ဘဏ္ဍာငွေကို ဘာသာတရားတိုင်း မျှတစွာရရှိစေရေး စသည့်အချက်များကို
သူ့လုပ်ပိုင်ခွင့်များမဟုတ်သဖြင့် မလိုက်လျော ပေးနိုင်ကြောင်း ပြောကြားခဲ့သည်ဟု
သိရသည်။

ယခု အခမ်းအနားအတွက် ခရစ်ယာန်ပြည်သူများအကြား ကျေအေးပွဲဟု လက်ခံသူ
နှင့် လက်မခံသူများရှိကြရာ မဲခွဲဆုံးဖြတ်မည့် အဆင့်ထိ ဖြစ်ခဲ့သော်လည်း ခရစ်ယာန်
ဆရာတော်များက တားဆီးတောင်းပန်ကြသောကြောင့် ကျေအေးသည့် အသွင်ဆောင်
သွားသည်ဟု ဆက်ဆိုသည်။

ကားတိုင်ကိစ္စအပေါ် အရေးဆိုမှုဦးဆောင်ခဲ့သူ ဆလိုင်းလိန်းထွန်းက ကျေအေးတယ်
ဆိုပါက ဝန်ကြီး အနေဖြင့်သော်လည်းကောင်း ၊ ဌာနဆိုင်ရာလူကြီးများ အပါအဝင်
ကျင်ဒွေးရွာသူ /သားများအနေဖြင့် ခရစ်ယာန် ဘာသာဝင်များအတွက် ချင်းထုံးစံအရ
တစ်ခုခုတော့ လုပ်ပေးသင့်ကြောင်း ပြောဆိုသည်။

ခရစ်ယာန်လက်ဝါးကားတိုင်ဖျက်ဆီး သရော်မှုကို အရေးယူပေးရန် ၉၊၁၁၊၂၀၁၁ရက်စွဲ
ပါ စာဖြင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးကပြည်ထောင်စုမြန်မာနိုင်ငံ
တော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၊ ၃၅၄(ယ)၊ ၃၆၄ပါ ပြဌာန်းချက် နှင့်ညိစွန်း
သဖြင့် စုံစမ်းဖေါ်ထုတ်မူ ပြုလုပ်ပေး ပြီး အရေးယူဆောင်ရွက်ပေးပါရန် နိုင်ငံတော်
သမ္မတ ထံ တိုင်ကြားခဲ့သည်။

0 comments:

Post a Comment