Sunday, 29 July 2012

မြန်မာ နိုင်ငံ အလယ် ပိုင်း တွင် ၅.၇ အဆင့် ရှိ ငလျှင် လှုပ်

2012/07/29

မြန်မာ နိုင်ငံ မန္တလေး မြို့  ၏ အနောက် မြောက် ဘက် ၁၃၅ မိုင်ခန့်  ကွာ ဝေး သည့်
နေရာကို ဗဟို ပြုပြီး မဂ္ဂနီကျု ၅.၇ အဆင့်ရှိ ငလျှင်တစ်ခု ယနေ့ နံနက်၈နာရီ၅၁မိနစ်
အချိန်ခန့်က လှုပ်ခတ်သွားသည် ဟု အမေရိကန် ဘူမိ လေ့လာစောင့်ကြည့်ရေးအဖွဲ့ က
သတင်းထုတ်ပြန်သည်။

မြေမျက်နှာပြင်အောက် ၄၂မိုင်ခန့်အကွာတွင် လှုပ်ခတ်သွားသောကြောင့် ပျက်စီးဆုံးရူံး
မှုများ ရှိနိုင်သော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးဟု မန္တလေးမြို့ဈေး
ချို ရှိ ကုန်သည် တစ်ဦး က ပြောသည်။

မြေငလျှင်လှုပ်ခြင်းကို မန္တလေးမြို့ ၊မုံရွာမြို့နှင့်စစ်ကိုင်းမြို့များတွင် သိရှိ ခံစားလိုက်ရ
ပြီး ချင်းပြည်နယ် ဟားခါးတွင်ပါ ငလျှင်လှုပ်ခတ်သွားကြောင်း သိလိုက်ရသည်။

နာမည်ကျော်ကြားလှသည့် စစ်ကိုင်း ငလျှင်ပြတ်ရွေ့ကြောအနီးတွင်လှုပ်ခတ်သွားခြင်း
ကြောင့် မန္တလေး ဒေသခံ တို့ စိုးရိမ်လျှက် ရှိသည်။

မြန်မာနိုင်ငံတွင် မလှုပ်ခတ်ခင် ခြောက်နာရီခန့်အလိုက ပါပူဝါ နယူးဂီနီတွင်၆.၆
အဆင့်ရှိ ငလျှင်လှုပ်ခတ် သွားခဲ့သည်။(FNG)

Moderate Earthquake Hit Central Myanmar

0 comments:

Post a Comment