Tuesday 18 September 2012

ဖလမ်းမြို့တွင် အိမ်တလုံး မိုးကြိုးပစ်ခံရ

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ (၁)ရက် ၊ မွန်းလွဲ (၁) နာရီခန့်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ မြို့မဈေး အနီးရှိ နေအိမ်တခုအား မိုးကြိုးပစ်ခံရသည်ဟုသိရသည်။

အိမ်ရှင်မှာ- Pu Than Tluang ဖြစ်ပြီး၊ မိုးကြိုးပစ်ခံရချိန်တွင် အိမ်ရှင်များမရှိကြောင်း၊ အိမ်ရှင်ပြန် ရောက်လာပြီး ၄င်း၏ နေအိမ်မိုး ကြိုးပစ်ခံရကြောင်း သိရှိပြီး အလွန်တုန်လှုပ်ကြောင်း သိရသည်။

အိမ်တစ်အိမ်လုံးသည် ယမ်းအနံ့နှင့် ယမ်းငွေ့များပြည့်နှက် နေ ကြောင်းသိရသည်။ လူသူ ထိခိုက်မှု၊ ပျက်စီးမှုကြီးကြီးမားမားမရှိ သော်လည်း အိမ်နံရံ အနည်းငယ်ပဲ့သွားသည်ဟုသိရသည်။

Pu Than Tluang အိမ်နှင့် ပေ (၁၀၀) ခန့်အကွာတွင် ရှိသော အင်တာနက်ဆိုင်တခုမှ- “မိုးကြိုးပစ်လိုက်တဲ့အတွက် ကျနော့်ဆိုင်က ကွန်ပြူတာ (၃) လုံးလည်း စက်ပိတ်သွားတယ်။ ပျက်တော့ မပျက်စီးပါ ဘူး။ အင်တာနက် router တခုတော့ ပျက်သွားတယ်။ ကျနော်တို့ ပတ်ဝန်းကျင်အိမ်တွေမှာတော့ ဖုန်းလိုင်းနဲ့ လျှပ်စစ်ပစ္စည်းတွေတော့ ပျက်စီးကုန်တယ်။ မိုးကြိုးပစ်တဲ့အချိန်မှာ လျှပ်စစ်မီးမလာလို့ ကျနော်တို့ အရမ်းကံကောင်းပါတယ်” ဟု Chin World သို့ပြောသည်။

Pu Thang Tluang ၏နေအိမ်မှာ ပျဉ်ထောင်အိမ်ဖြစ်ပြီး လူသူထိခိုက်ဒဏ်ရာရရှိမှုမရှိသော မိုးကြိုးပစ်ပြီး နောက်ပိုင်း တစ်ညနေလုံး ရာသီဥတုသာယာ သည်ဟုသိရသည်။

ယခုနှစ်တွင် ရာသီဥတုဆိုးရွားလျက်ရှိပြီး၊ မြန်မာနိုင်ငံရှိ အခြားမြို့များနည်းတူ ချင်းပြည်တွင်လည်း မိုးသည်းထန်မှုကြောင့် မြေပြိုမှုများ ပိုမိုဖြစ်ပေါ်လျက်ရှိသည်။

0 comments:

Post a Comment