Friday, 7 September 2012

ကလေး-တမူး လမ်းမကြီးတွင် မူးယစ်ဆေးတင်ဆောင်သည့် ကားတစ်စင်းဖမ်းဆီး

ဇူလိုင် ၂၉၊ ၂၀၁၂ တွင် ကလေးမြို့ရှိ တာဝန်ကျရဲများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် Pseudoephedrine ဓာတုပစ္စည်းများ ပါဝင်သည်ဟု ယူဆရသော ဆေး အလုံးရည် ၅၇၉၅၀၀၀လုံး၊ တန်ဖိုးအားဖြင့် ကျပ်ငွေ ၈၆၉၂၅၀၀၀၀ ခန့်ရှိသော မူးယစ်ဆေး များအား တမူး-ကလေးလမ်းမကြီးပေါ် တွင် ဖမ်းဆီးရမိသည်ဟု Chin World Media မှသတင်းရရှိသည်။

ကလေးမြို့ ရဲမှုးကြီး၏တာဝန်ပေးချက်အရ ပြီးခဲ့သည့် ဇူလိုင် ၂၉၊ မနက် ၁း၃၀ အချိန်တွင် ရဲအရာရှိ သီဟ ဦးဆောင်သည့် အဖွဲ့များသည် ကြိုတင်သတင်းရထား သည့်အတိုင်း တမူး-ကလေးလမ်းမကြီးပေါ် တွင် မူးယစ် ဆေးဝါးများ တင်ဆောင်လာ သည်ဟု ယူဆ ထားသော ကားတစ်စင်းအား စောင့်ကြိုခဲ့ကြပြီး စေတော်ဦးရွာ အနီးတွင် ဖမ်းဆီးရခဲ့ခြင်းဖြစ်သည်။

ကားသမားနှင့် ကားနောက်လိုက်များသည် တာဝန်ရှိရဲများက ကားရပ်နားရန် အမိန့်ပေးသည်နှင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြ ပြီး၊ ရဲအရာရှိ သီဟဦးဆောင်သည့် အဖွဲ့နှင့် သန်းနိုင်ဦး ဦးဆောင်သည့် အဖွဲ့များက ၄င်းကားအား စစ်ဆေးခဲ့ကြရာ ၂ခ/၉၁၅၅ Heno TE ကားဖြစ်ကြောင်းနှင့် ကားပေါ်တွင် သံ သေတ္တာ ၁၁ လုံးတင်ဆောင်လာကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ ကလေးမြို့ ရဲစခန်းအရောက်မှ ၄င်း သံသေတ္တာများအား စစ်ဆေးခဲ့ကြရာ မူးယစ်ဆေးဝါးများ တင်ဆောင်လာသည်ကို ရှာဖွေတွေ့ရှိခဲ့ကြ ခြင်း ဖြစ်ပြီး ၄င်းရှာဖွေတွေ့ရှိချက်အား ကျောင်းတိုက်ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမင်းဆွေမှ ကားမောင်းသူများ ၏ ပစ္စည်းမှန်ကန် ကြောင်း သက်သေလက်မှတ်ထိုးပေးခဲ့သည်ဟု သိရသည်။

တမူးမြို့ စစ်ဆေးရေးဂိတ်အား ရဲများ၏ ဆက်လက်စုံစမ်းမှုအရ အဆိုပါ ၂ခ/၉၁၅၅ Heno TE ကားသည် မည်သည့်ပစ္စည်းမျှ မတင်ဆောင်ဘဲ ည ၁၂း၃၀ ခန့်တွင် ကလေးမြို့ဘက်သို့ မောင်းထွက်သွားခဲ့ခြင်းဖြစ် သည်ကို စုံစမ်းသိရှိရခြင်းဖြစ်ကာ ကားမောင်းသူ ကိုသန်းနိုင်ဦး (ခ) နိုင်ဦး (အသက် ၃၈) အား တမူးမြို့ တွင် ဖမ်းဆီးခဲ့ရပြီး ကားနောက်လိုက်ဖြစ်သူ ကိုစိုးနိုင်မှာ လွတ်မြောက်နေဆဲ ဖြစ်သည်ဟုလည်း ကြားသိ ရသည်။

၎င်းဖြစ်ရပ်ကြောင့်ယဉ်မောင်းသူနှင့် နောက်လိုက်အား ရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၅/၁၆(ခ)၊ ၁၉(က)/၂၁ တို့ဖြင့် ကလေးမြို့တရားရုံးသို့ မယ/(ပ) ၆၄ မှ တရားစွဲဆိုထား ကြောင်း သတင်းရရှိသည်။(Chin World)

0 comments:

Post a Comment