Friday, 14 September 2012

ချင်းပြည်နယ်တွင် ကားကြီးများ မောင်းနှင်ခွင့် ပိတ်ပင်ခံရ

September 14, 2012

စက်တင်ဘာ ၁၀ ရက် ရက်စွဲပါ ပြည်နယ် အင်ဂျင်နီယာမှူးရုံး ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ စာအမှတ် ၆၇၇/လမ်း(၄)/၂၀၁၂-၂၀၁၃ အရ ဆယ်ဘီးကားနှင့် ဆယ့်နှစ်ဘီးကားများ ချင်းပြည်နယ်ရှိ ကတ္တရာ လမ်းများ ပေါ်တွင် မောင်းနှင်ပါက ပထမ အကြိမ်တွင် သတိပေးခြင်းခံရမည်ဖြစ်ပြီး ဒုတိယ အချိန်တွင် ကားများကို သိမ်းဆည်းသွားမည် ဖြစ်သဖြင့် ချင်းပြည်နယ် အတွင်း ဆယ်ဘီး နှင့် ဆယ့်နှစ်ဘီး ကားများဖြင့် ကုန်သွယ်စီးပွါးရှာသူများ အနေဖြင့် အခက်အခဲ တွေ့ရကြောင်း ကလေးမြို့ Chin World အဖွဲ့မှ စုံစမ်းသိရှိခဲ့ရ သည်။

အဆိုပါ လမ်းညွန်ချက်ကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌါန၏ လမ်းညွန်ချက်ဖြစ်ပြီး ပြည်နယ် အစိုးရ၏ ဇူလိုင်လ (၃၀) ရက်နေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂၉/၂၀၁၂) ဆုံးဖြတ်ချက် အရ ပြုလုပ်သွားခြင်းဖြစ်သည်။

"ကျုပ်တို့ စီးပွါးရှာသူတွေ အနေနှင့် နစ်နာတာကတော့ တစ်ပိုင်းဖြစ်မယ်။ ပြည်သူ တွေ အနေနဲ.တော့ ပိုပြီး ခံခဲ့ ရလိမ့်မယ်။ ဆန်တစ်အိတ် သယ်ယူစရိတ်က ပုံမှန် ကုန်တင် ကားတွေ က ၁၅၀၀ ကျပ် နှင့် တီးတိန်အထိ သယ်ခဲ့ရတဲ့ အချိန်မှာက ဆယ်ဘီး၊ဆယ့်နှစ်ဘီးကားနဲ့ဆို တစ်ဝက်နီးပါးနှင့်တင်လို့ ရတယ်။ ဆိုတော့ အများပြည်သူအတွက် ပိုသက်သာတာပေါ့" ဟု တီးတိန်မြို့ ကိုဆယ်ဘီးကားပြေးဆွဲသူများ၏ အသိုင်းအ၀ိုင်းမှ တစ်ဦးက ပြောကြားသွားသည်။

ဒီဟာ ကြောင့်တော့ဘယ်လိုမှ လမ်းတွေ ပျက်စရာ အကြောင်းမရှိဘူး။ ကားက ၀န်ရိုးများ လေလေ အထမ်းညီ လေလေ ပဲ။ အင်ဂျင်နီယာ ဆိုင်ရာ အသိတွေ နည်းနည်း လိုသေး သလား လို့မေးခွန်းထုတ်စ ရာ ဖြစ်နေတယ် ဟု ယင်းမှ ဆက်လက်ပြောကြားသွားသည်။

လက်ရှိ ချင်းတောင်ဒေသ လမ်းပိုင်းများတွင် တီးတိန်လမ်းပိုင်းတွင်သာ ဆယ်ဘီးဆယ့်နှစ်ဘီးကားများ ပြေးဆွဲမှု အများဆုံးဖြစ် ကြောင်းသိရှိရပြီး ကလေးမြို့မှ တီးတိန်ကို သွားရာလမ်းတွင် သိုင်းငင်း လမ်းခွဲ အထက်နား အထိ ကတ္တရာလမ်း ခင်းထားပြီးယင်း မှ တီးတိန်မြို့ အ၀င် အထိ ကျောက်ခင်းလမ်း ဖြစ်ပြီး ယခု မောင်းနှင်ရန် တားမြစ် ထားသော လမ်းများမှာ ကတ္တရာလမ်းများ ဖြစ် ကြောင်းသိရှိရပါသည်။(Chin World Media)

0 comments:

Post a Comment