Friday, 7 September 2012

ပလက်ဝတွင် တောလည်ရင်း မတော်တဆ ပစ်ခတ်မှု ဖြစ်ပွား

Salai Biesoh Deitu

၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့တွင် ချင်းပြည်၊ ပလက်ဝမြို့နယ်၊ Heimata ကျေးရွာတွင် တောလည်ရင်း မတော်တဆ ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပုံမှာ- သြဂုတ်လ (၂၂) ရက်နေ့တွင် Heimata ရွာသား (၄) ဦး သေနတ်ကိုယ်စီဖြင့် တောလည်ထွက် ခဲ့ကြပြီး၊ တဲထိုးကာ (၄) ယောက်စလုံး သားကောင်ရှာထွက်ခဲ့ကြသည်။ ထို့နောက် Pu Bietosa သည် မျောက်တကောင်ရကာ တဲသို့ လာထားအပြီး၊ ပြန်အထွက်တွင် သေနတ်ဖြင့် ပစ်သတ်ခံရခြင်း ဖြစ်သည်။

Pu Bietosa သည် ချင်းပြည်၊ ထန်တလန်မြို့နယ်၊ လုံကြွေးတဲရွာ (Locheita) မှဖြစ်ပြီး၊ ဇနီးသည်၏ Heimata ရွာတွင် နေထိုင်လျက်ရှိသူ ဖြစ်သည်။ သြဂုတ်လ (၂၃) ရက်နေ့တွင် Heimata ရွာတွင် သဂြိုဟ်ခဲ့ကြသည်။

သို့သော် လုံကြွေးတဲရွာသားများမှ ယခုဖြစ်စဉ်သည် ရိုးရိုးမတော်တဆ ပစ်မိခြင်းမဟုတ်ဘဲ ရည်ရွယ်ချက် ရှိရှိ ပစ်သတ်ခြင်းဖြစ်သည်ဟု ယူဆသည့်အတွက် စုံစမ်းရာ သားကောင်အထင်နှင့် မှားပစ်မိခဲ့သည်ဟု ၀န်ခံမှု ရှိခြင်းကြောင့် တမင်တကာ ကြိုတင်ကြံစဉ်ခဲ့ခြင်း ဖြစ်သည်ဟု မကျေနပ်ကာ အလောင်းအား မြေကြီးထဲမှ ပြန်ထုတ်တာ လုံကြွေးတဲရွာသို့ ပြန်လည် ယူဆောင်သွားကြသည်ဟု ရွာသားတဦးထံမှ သိရ သည်။

စက်တင်ဘာလ (၂) ရက်နေ့တွင် ကွယ်လွန်သူ Pu Bietosa ၏ အလောင်းအား သူ၏ ဇာတိမြေ လုံကြွေးတဲရွာတွင် ပြန်လည် မြှပ်နှံသဂြိုဟ်ခဲ့သည်ဟု သိရသည်။

0 comments:

Post a Comment