Sunday 30 September 2012

မလေးရှားနိုင်ငံ UNHCR ရုံးအတွင်း ဆန္ဒထုတ်ဖော်မှု



မလေးရှားနိုင်ငံတွင် ဒုက္ခသည်များ မဟာမင်းကြီးများဆိုင်ရာရုံးတွင် ၂၈၊ စက်တင်
ဘာလ၊ ၂၀၁၂  မနက် ၈း၃၀နာရီ မှ ၁၀း၀၀နာရီ အထိ ရုံးဝင်းအတွင်း ဆန္ဒပြမှု
ဖြစ်ပွားခဲ့ပါသည်။
မလေးရှားနိုင်ငံ မဟာမင်းကြီးရုံးတွင် ဒုက္ခသည်များအဖြစ်လျှောက်ထားသူများမှာ
မြန်မာနိုင်ငံသားများသည် အများဆုံး ဒုက္ခသည်အဖြစ် လျှောက်ထားသောသူများ
ဖြစ်သည်။ 
လူသာချင်းစာနာသော မဟာမင်းကြီးရုံးတွင်မြန်မာစကားပြန်များသည် အများဆုံး
ရှိသည်ဟု သိရသည်။ မလေးရှားနိုင်ငံ UNHCR ရုံးတွင် နိုင်ငံအသီးသီးမှလျှောက်
ထားသူများရှိပြီး စကားပြန်များလည်း အသီးသီးရှိသည်ဟု သိရသည်။

ထိုသို့ နိုင်ငံအသီးသီးမှ စကားပြန်များရှိကြသည့်အနက် မြန်မာများလည်းအပါအ
ဝင်ရှိကြရာ  UNHCR ရုံးမှ ခွဲခြား ဆက်ဆံမှုများ ရှိသည်ဖြစ်၍ မြန်မာစကားပြန်
များ မကျေနပ်၍ ဆန္ဒပြ တောင်းဆိုကြသည်။

တောင်းဆိုချက်များမှာ
၁။ စကားပြန်များ တန်းတူ အခွင့်အအရေး ရရှိရန်။
၂။ လစာများ တန်းတူညီမျှ ပေးရန်။
၃။ အခြားနိုင်ငံများလစာ တိုးပေးသလို မြန်မာစကားပြန်များလည်း လစာ
    တိုးမြင့်ပေးရန်။
သံရုံးများတွင် မြန်မာမဟုတ်သော အခြားနိုင်ငံစကားပြန်များသွားပါက စကားပြန်ခ
ရင်းဂစ် ၁၀၀ နှင့် ခရီးစရတ် ရင်းဂစ် ၁၅ ရပြီး နောက် UNHCR ရုံးမှ သူတို့၏ လုပ်
အားခ ဖြစ်သော ရင်းဂစ် ၇၀ မှ ၉၀ ရင်းဂစ် အထိပေးပြီး မြန်မာစကားပြန်များ 
သွားရောက်ပါက ဘာမှမထုတ်ပေးသည့်အပြင် UN ရုံးမှလည်း မပေးသည့်အတွက် 
တန်းတူပေးရန်တို့ အင်္ဂလိပ်လို စာတန်းထောင်ပြီး ဆန္ဒထုတ်ဖော်ကြောင်း 
သတင်းရရှိပါသည်။

0 comments:

Post a Comment