Saturday, 13 October 2012

အမည်မသိ လူတစုက တမူးမြို့နန်းဖာလုံတွင် ပစ်ခတ်မှုဖြစ်ပွား

October 13, 2012

 ၁၁ ရက်၊အောက်တိုဘာ၊၂၀၁၂ခုနှစ် နေ့ ည (၇) နာရီခန့်တွင် တွင် တမူးမြို့ မြို့မ (၁၃) နန်းဖာလုံ ရှိ ဦးဆန်းသား နေအိမ်တွင် ကသည်း ခွဲထွက်ရေး အဖွဲ့တစ်ဖွဲ့ဖြစ် သည့် United National Liberation Front (UNLF) အဖွဲ့ဝင် တစ်ဦးဟု ယူဆရသူ ဘွိုင်နောင်အား အမည်မသိရသော လူတစုမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အမှုတစ်ခု ဖြစ်ပွါးခဲ့ကြောင်း တမူးမြိုရှိ အထက်ချင်းတွင်းလူငယ်ကွန်ယက်၏ ခေါင်းဆောင်တဦးမှ VOC သို့ ပြောသည်။

ပစ်တဲ့အဖွဲ့က UNLF ကနေ တစ်ဖက်ကို အလင်းဝင်တဲ့ အဖွဲ့ဖြစ်မယ်လို့ ယူဆရပါတယ်။ နှစ်ကြိမ်သုံးကြိမ် ပစ်တာပါ။ ဗိုက်ကို ထိမှန်သွားတယ်။ ချက်ရဲ့အပေါ်တည့်တည့်ကို မှန်တာပါ။ လက်ချောင်း တစ်ချို့လည်း ဒဏ်ရာရသွားတယ်လို့ သိရတယ်" ဟု ထိုသူက ဆက်လက် ပြောကြား ခဲ့သည်။

 ဗိုက်မှမှန်သော ကျည်တောင့်သည် ပခုံးအထက်နားအထိ ၀င်ခဲ့ပြီး အပြင်သို့ ဖေါက်ထွက် မသွားကြောင်း တမူးပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသနေကြောင်း ယနေ့ (အောက်တိုဘလ ၁၃) ညနေအထိ မကွယ်လွန်သေးကြောင်း အထက်ချင်းတွင်း လူငယ်ကွန်ယက် ခေါင်းဆောင်က ဆက်လက် ပြောကြားခဲ့သည်။

0 comments:

Post a Comment