Tuesday 23 October 2012

ဘင်္ဂါလီများ ချင်းပြည်နယ် ကလေးမြို့သို့ ခိုးဝင်မှု့ကို ပူးပေါင်းဖော်ထုတ်မည်

ကလေးမြို့နယ် အတွင်း ဘင်္ဂါလီများ ခိုးဝင်မှု့ အဆက်မပြတ်ရှိလာခြင်းကြောင့် ဒေသခံများ စိုးရိမ် ၊ သတိထားနေကြကြောင်း သိရပါသည် ။

"ကလေးမြို့နယ် အတွင်းစက်တင်ဘာလကစပြီး ဒီကနေ့အချိန်အထိ တစ်လ ကျော်ကျော်ကာလအတွင်းမှာ  ခိုးဝင်ဘင်္ဂါလီ တွေ ကိုလေးကြိမ် ဖမ်းဆီးမိပြီးပါပြီ ၊ အောက်တိုဘာလ ၂၀ ရက်နေ့ညက ပဲ ခိုးဝင်ဘင်္ဂါလီအမျိုးသမီးတစ်ဦးမိတယ် ။ စက်တင်ဘာ ၁၆ ရက်နေ့ကနေပြီး ဒီနေ့အတွင်တစ်လ ကျော်ကျော်လေးမှာ တင် ၃၁ ယောက်ရှိပါပြီ ။ ဒါ့ကြောင့်ဒေသခံတွေကို ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ပူးပေါင်းသတင်းပေးနိုင်အောင် အသိပညာပေးခြင်း လုပ်ငန်းတွေကို တစ်ချို့အဖွဲ့အစည်းတွေ
ဆောင်ရွက်နိုင်ပါတယ် ။ ဥပဒေနဲ့ဆန့်ကျင်ပြီး ၀င်ရောက်လာသူများ ချင်းတောင်ခြေေးသကနေ ဖြတ်သန်းဝင်ရောက်လာရင် သူတို့ကို ဖမ်းဆီးမှု့ပြုနိုင်အောင် အတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများကို အကြောင်းကြားတတ်အောင်
ပြောဆိုပေးရပါတယ် ။ ခိုးဝင်လာသူ မည်သူ့ကိုမဆို နိုင်ငံတွင်းမှာ လက်မခံပါဘူး " ဟု ကလေးဒေသခံတစ်ဦးက
ပြောကြားခဲ့ပါတယ် ။

ကလေးမြို့နယ်အတွင်း ဘင်္ဂါလီလူမျိုး ခိုးဝင်လာသည်မှာ ရက်သတ္တသုံးပတ်အတွင်း ဆက်တိုက်ဖမ်းဆီးရခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်နေ့ညပိုင်တွင် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး အမျိုးသမီး တစ်ဦးကို ကလေးမြို့ ၊ ဗိုလ်ချုပ်လမ်း ဗလီကျောင်းအနီးတွင် ဖမ်းဆီးမိခဲ့သည်ဟု သိရှိရပါသည် ။

"အောက်တိုဘာလ ၂၀ ရက်နေ့ညပိုင်းမှာ ကလေးမြို့ ဗိုလ်ချုပ်လမ်း မြို့မဈေး ဗလီကျောင်းအနီးမှာ ခိုးဝင်ဘင်္ဂလီအမျိုသမီး မနိုအာရှား(အဘ) ဦးဆောမီးအူးလား ၊ ရွက်ညှော်တောင်ရွာ ၊ ဘူးသီးတောင်းမြို့ နေထိုင်သူကို စုံစမ်းစစ်ဆေးနေပါတယ် " ဟု ကလေးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည် ။

" ပြည်သူလူထုအနေနဲ့လည်း ဒီလိုခိုးဝင်လာသူတွေကို ဖမ်းဆီးရမိအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေူအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းသတင်းပေးဆောင်ရွက် သင့်ကြောင်း " ကလေးခရိုင်မှ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်က ပြောကြားခဲ့ပါသည် ။

0 comments:

Post a Comment