October 27, 2012
ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့နယ် Mualbem (မွာလ်ဘမ်း) ရွာတွင် သားဖွားဆရာမ၏ လူနာ များကို ခွဲခြားဆက်ဆံမှု၊ ငွေကြေးမြောက်မြားစွာ ကောက်ယူမှုများကြောင့် ရွာသူ/သားများ ညည်းတွား သည်ဟု သိရသည်။ထိုကျန်းမာရေးဝန်ထမ်း၏ အမည်မှာ- ဒေါ်မြင့်မြင့်သန်း ဖြစ်ပြီး၊ သူမသည် Mualbem ရွာ၏ Sub-Health Center တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး၊ အဓိကအားဖြင့် သားဖွားမီးယပ်ပိုင်းကို တာဝန်ယူသူဖြစ် သည်ဟု သိရသည်။
သားဖွားဆရာမ ဒေါ်မြင့်မြင့်သန်းသည် လူနာများအား ခွဲခြားဆက်ဆံခြင်းနှင့် အထူးသဖြင့် သားဖွားမီးယပ် ရာတွင် တယောက်လျှင် ကျပ် (၅၀၀၀၀) ကျပ်နှုန်းဖြင့် ကောက်ယူနေသည်ဟု ဒေသခံများမှ သိရသည်။
“ တခြားရွာတွေမှာဆိုရင် ချင်းယဉ်ကျေးမှုအနေနဲ့ ကြက်တကောင်လား၊ သကြားတပိသာ မျိုးလား စသည်ဖြင့်ပေါ့လေ ကျေးဇူးတုန့်ပြန်မှုမျိုးပေးလေ့ရှိပါတယ်။ ငွေကြေးဆိုရင်တောင်မှ တကယ်ကို အနည်းငယ်ပါပဲ။ အခုတော့ တယောက်ကို (၅၀၀၀၀) နှုန်းဆိုတာ အခုလိုမျိုး နယ်စွန်နယ်ဖျားရွာလေးမှာ နေတဲ့သူတွေအတွက် တကယ့်ကို ပြည်သူလူထုကို နှိပ်စက်ရာ ရောက်ပါတယ်”
အမည်မဖော်လိုသူ ဒေသခံတဦးမှ ပြေဆိုသွားပါသည်။
Mualbem ရွာသည် တီးတိန်မြို့မှ (၃၅) မိုင်ခန့်ကွာဝေးကာ၊ အိမ်ခြေ (၂၀၀) ကျော် ရှိသည်။




0 comments:
Post a Comment