ပလက်ဝ၊ နိုဝင်ဘာ ၁---
ပလက်ဝမြို့အရှေ့ဘက်ကမ်းတွင် မိုးတွင်းပိုင်း
လုပ်ငန်းခေတ္တရပ်ဆိုင်းထားခဲ့ သော ပလက်ဝဆိပ်ခံ ဆောက်လုပ်မည့် လုပ်ငန်းအား
ပြန်လည်ဆောက်လုပ်ရန် အိန္ဒိယမှ ဆိပ်ခံတား ဆောက်လုပ်ရေးအဖွဲ့သည်
မြေတူးစက်(၂)လုံးဖြင့် ၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ(၃၁)ရက်နေ့၊ ညနေ (၅း၃၀)နာရီ
ခန့်တွင် ပလက်ဝမြို့သို့ ရောက်ရှိခဲ့သည်။
နိုဝင်ဘာလ(၁)ရက်နေ့တွင်
မြေတူးစက်ကို ဆိပ်ခံ တံတားပြုလုပ်မည့်နေရာတွင် တင်ဆောင်ခြင်း ပြုလုပ်ခဲ့
ပြီဖြစ်သည်။
အဆိုပါ ဆောက်လုပ်ရေးအဖွဲ့အား ကျောက်တော်မြို့ ရဲစခန်းမှ
လုံခြုံရေးအဖွဲ့သားများမှ လိုက်ပို့ပေးခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးအဖွဲ့မှာ
ယနေ့ နံနက် ၇း၃၀ နာရီတွင် ပလက်ဝမှ ကျောက်တော်သို့ သီးသန့် စက်လှေဖြင့်
ပြန်လည်ထွက်ခွါသွားကြသည်။
ပလက်ဝဆိပ်ခံတံတားသည် ၂၀၀၈ ခုနှစ်တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ
သဘောတူလက်မှတ်ထိုး ချုပ်ဆိုခဲ့ သော Kalandan Multi-Modal Transit Transport
Project ၏ အရေးပါသော အစိပ်အပိုင်းတစ်ခုပင် ဖြစ်သည်။ စစ်တွေမှ ပလက်ဝအထိ
ရေကြောင်းဖြင့် သယ်ယူပို့ဆောင်မည်ဖြစ်ပြီး၊ ပလက်ဝမှ အိန္ဒိယသို့
ကားလမ်းများဖြင့် ဆက်သွယ်သွားမည်ဟု သိရှိရသည်။
ရန်ကုန် ဆွီးဟိုတယ်တွင် မန်နေဂျာတာဝန်ထမ်းဆောင်နေသော ကိုအောင်လင်းစိုး၏
အမြင်အရ “ အခု ဆောက်နေတဲ့ ပရောဂျက်ကတော့ ကောင်းပါတယ်။ တိုးတက်မှု
ပြယုဂ်တစ်ခုလို့ဆိုနိုင်ပေမဲ့ ပလက်ဝနယ် ဒေသခံတွေအတွက်
ဘာအကျိုးကြီးကြီးမားမား ရလာနိုင်မလဲ စဉ်းစားဖို့တော့ကောင်းမယ်။
အရင်ကမမြင်
ဖူးတဲ့ ကားတွေပြေးလွား သွားလာနေတာမြင်ရပေမဲ့ ဘာမှမသိမလုပ်တတ်တဲ့
ဒေသခံတွေအတွက် ထင် သလောက် အခွင့်အရေးရ လုပ်ကိုင်ဖို့တော့လွယ်မယ်မထင်ဘူး။
ဘာလို့လဲဆိုရင် နားလည်ကျွမ်းကျင်သူ တွေများများလိုအပ်တယ်ဆိုတာ
ကျွန်တော်ချင်းလူမျိုး ခူမီးတစ်ယောက် အနေနဲ့ စဉ်းစားမိလို့ပါ..။” ဟု
အောက်တိုဘာ ၃၀ ရက်နေ့ စကားဝိုင်းဖွဲ့တွေ့ဆုံပွဲတစ်ခုတွင် ပြောသွားသည်။
ကုလားတန်ဘက်စုံစီမံကိန်းကို လွန်ခဲ့သော ၂၀၁၀ ခုနှစ် အောက်တိုဘာလ မှ
စတင်အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိပြီး စီမံကိန်းအပိုင်းအားလုံး ၂၀၁၃
ခုနှစ် ဒီဇင်ဘာလတွင် ပြီးဆုံးရမည်ဖြစ်သော် လည်း ၂၀၁၄ ခုနှစ်
ဒီဇင်ဘာလတွင်ပြီးစီးရန် ပြောင်းလဲသတ်မှတ်လိုက်ပြီးဖြစ်သည်။ ယခုအခါ
စီမံကိန်း ကို ၂၀၁၆ မှသာ ပြီးဆုံးရန်ပြန်လည်သတ်မှတ်လိုက်ကြောင်း သိရှိရသည်။
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
▼
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Friday, 2 November 2012
ပလက်ဝအရှေ့ဘက် ဆိပ်ခံတံတားဆောင်လုပ်ရေးအဖွဲ့လုပ်ငန်းပြန်စပြီ
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment