Friday, 9 November 2012

ကလေးမြို့တွင် ဖမ်းဆီးထားသည့် ဘင်္ဂါလီလူမျိုး ၅၀ ခန့်ရှိပြီ

 November 9th, 2012

ရခိုင် အဓိကရုဏ်း ဖြစ်ပွားသည့် နောက်ပိုင်း အိန္ဒိယ – မြန်မာ နယ်စပ်မှ စစ်ကိုင်းတိုင်း
ကလေးမြို့ တွင်း တရား မ၀င် ခိုးဝင်လာသူ ဘင်္ဂါလီလူမျိုး ၅၀ ခန့် ဖမ်းဆီးရမိပြီဟု သိ
ရသည်။
“ နိုဝင်ဘာ ၅ ရက် မနက် ၈ နာရီခန့်က ဘင်ဂါလီလူမျိုး ၁၉ ဦးကို တွေ့ရှိတဲ့ တံငါသည်
တဦးက အာဏာပိုင်တွေထံ သတင်းပို့လို့ ၉ မိုင်ကျောက်တလုံးအရပ်မှာ ဖမ်းမိတယ်၊
အရင် လ က ဖမ်းဆီးတာ ၃၀ ခန့်တော့ ရှိပြီ”  ဟု ကလေးမြို့ ၉ မိုင်အရပ်က ဒေသခံ
တဦးကပြောပါသည်။နောက်ဆုံး ဖမ်းဆီးထားတဲ့ ဘင်္ဂါလီ ၁၉ ဦးကို အမှုမစစ်ခင်  လူထု
ရှေ့မှောက်တွင် ပြသခဲ့ရာ  ဒေသခံ ၁၀၀၀ ခန့်လာ ရောက်ကြည့်ရှုကြ ကြောင်း သိ
ရသည်။
“ ပြည်သူတွေက ဘင်္ဂလီလူမျိုးနဲ့ ရုပ်ချင်းဆင်သည့် သူစိမ်းတွေ တွေ့ရှိပါက အချိန်မှီ
သတင်းပေး ပို့နိုင် ရေးအ တွက် ယခုလို လုပ်ရခြင်းဖြစ်မယ် ” ဟု မျက်မြင်တဦးက
ပြောပါသည်။ဘင်္ဂါလီလူမျိုးတွေဟာ စစ်ကိုင်းတိုင်း ကလေးမြို့ ကနေတဆင့် မန္တလေး
ကို ဖြတ်ပြီး ထိုင်း နယ်စပ်ကို ဖြတ် ကျော်ပြီး မလေးရှားသို့ဝင်ရောက်ကြရန် ဖြစ်သည်
ဟု ကလေးမြို့ အမှုစစ် အာဏာ ပိုင်တွေ ထံ မှ သိရသည်။
ထို့အပြင် ကလေးမြို့နယ်အတွင်း ဘင်္ဂါလီလူမျိုးများ ဖမ်းဆီးမှု မကြာခဏ ရှိနေသည့်
အပြင်၊အိမ်ဖောက်ထွင်း ခိုးယူမှုလည်းများပြားလာသည်ဟု ဒေသခံများ ပြောသည်။
အများအားဖြင့် တာဟန်း၊ စမ်းမြို့၊ တောင်ဇလပ်ရပ်ကွက်တွေမှာ အဖြစ်များပြီး ဖောက်
ထွင်းခိုးယူ သူများမှာ အသက်မပြည့်ကလေးငယ်များ နဲ့ ဘင်္ဂါလီလူမျိုးများဖြစ်ကြောင်း
သိရသည်။
“ ဟုတ်ပါတယ်။ အိမ်ဖောက်ပြီး ခိုးယူမှုကတော့ မကြာမကြာရှိတယ်။ အများအားဖြင့်
အိမ်ဖောက် ခိုးယူသူတွေ က အသက်မပြည့်ကလေး နဲ့ ရိုဟင်ဂျာကုလား တွေဖြစ်
တယ်”လို့ တာဟန်းမြို့ခံတဦးက ပြောပါတယ်။

0 comments:

Post a Comment