Thursday 20 December 2012

ကိုရီးယားနိုင်ငံ ပထမဦးဆုံး အမျိုးသမီး သမ္မတ ဖြစ်လာ

19.12.2012 ၊ အင်ချောန်း

ဗုဒ္ဓဟူးနေ့မှာကျင်းပတဲ့ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲမှာ Conservative ပါတီ သမ္မတလောင်း Park Geun-hye (ပတ်ကွန့်ညဲ) က အနိုင်ရသွားပါပြီ။
တောင်ကိုးရီးယားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာတဲ့ အသက် ၆၀ အရွယ် Park Geun-hye က မဲအရေ အတွက် ၅၀.၁% နဲ့ ပြိုင်ဘက် Liberal သမ္မတလောင်း Moon Jae-in က ၄၈.၉% အသီးသီး ရရှိခဲ့ကြတာဖြစ်ပါတယ် ။
နိုင်ငံကို ၁၈ နှစ်ကြာအုပ်ချုပ်ခဲ့ပြီး နိုင်ငံကို ဆင်းရဲတွင်းက ကယ်တင်နိုင်ခဲ့သူ ၁၉၇၉ ခုနှစ်က လုပ်ကြံ ခံခဲ့ ရတဲ့ အာဏာရှင်ဟောင်း သမ္မတပတ်ချုံဟီးရဲ့ သမီးဖြစ်သူ Ms. Park ဟာ အာဏာရ New Frontier Party ရဲ့ လွှတ်တော်အမတ်ဖြစ်ပြီး လွှတ်တော်သက်တမ်း ၅ ကြိမ်ဆက်တိုက် တာဝန် ထမ်း ဆောင်ခဲ့ သူဖြစ်ပါတယ်။
သူ့ရဲ့ပြိုင်ဘက် Democratic United Party ရဲ့ သမ္မတလောင်း အသက် ၅၉ နှစ်အရွယ် Moon Jae-in ကတော့ တောင်ပိုင်းက Busan ဆိပ်ကမ်းမြို့မှာ မဲပေးခဲ့ပါတယ်။ Ms. Park ရဲ့ ဖခင် သမ္မတပတ်ချုံဟီး လက်ထက်မှာ လူ့အခွင့်အရေးရှေ့နေဖြစ်တဲ့ Mr. Moon အကျဉ်းကျခံခဲ့ရဖူး ပါတယ် ။
ဒီပြိုင်ပွဲမှာ သူတို့တွေရဲ့ နောက်ခံအခြေအနေဟာ မစ္စစ် ပတ်ကတော့ အိမ်ရှေ့မင်းသမီး(princess)လို သရုပ်ဆောင်ခဲ့ပြီး ၊ မစ္စတာမွန်းကတော့ သာမန်အရပ်သား(common man)ဖြစ်ခဲ့ပါတယ်လို့ ကိုရီးယားတက္ကသိလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဟမ်းဆောင်ဒွတ်(Hahm Sung-deuk)ကပြောပါတယ် ။
ဒါ့အပြင် ပတ်ဟာ အသက်၅၀ကျော်တွေရဲ့ တစ်ခဲနက်ထောက်ခံမှုကိုရခဲ့ပြီး ၊ မွန်းကတော့ အသက် ၂၀ကျော် ၃၀ အရွယ်များရဲ့ မဲအများစုကိုရခဲ့ကြောင်း ၊ အသက် ၄၀ ကျော်များရဲ့မဲကိုတော့ ၂ ယောက်အပြိုင်ယူခဲ့ကြကြောင်း စစ်တမ်းများအရ သိရပါတယ် ။ မစ္စစ် ပတ်ကွန့်ညဲဟာ လာမည့် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့မှာ လက်ရှိသမ္မတ လီမြောင်ဘတ် ထံမှ သမ္မတရာထူးကိုလွဲပြောင်းလက်ခံရယူမှာ ဖြစ်ပါတယ် ။

0 comments:

Post a Comment