Saturday 29 December 2012

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထား တဲ့ ဆွယ်တာတစ်ထည် လေလံတင်

2012-12-28
လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ထိုးထားတဲ့ ဆွယ်တာတစ်ထည် ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ရက်အဖွဲ့ရဲ့ ဒုတိယအကြိမ် ပညာရေးရန်ပုံငွေ ဂီတပွဲတော် ပထမနေ့ မှာ လေလံတင်ခဲ့ရာမှာ ရွှေ FM ရေဒီယို ဥက္ကဋ္ဌ ဒေါ်နန်းမောက်လောဆိုင်း က ကျပ်ငွေ ၄၁၅ သိန်းနဲ့ ဝယ်ယူသွားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေရှာဖွေရေးဂီတပွဲမှာ လေလံတင်မယ့် 
ဒ်ါအောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးထားတဲ့ဆွယ်တာကို သရုပ်ဆာင် ပြေတီဦးက
ပသနေစဉ် ဒီဆွယ်တာကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ထိုးခဲ့တာမို့ တန်ဖိုး
ဖတ်လို့မရဘူးလို့ ဆွယ်တာဝယ်ယူသွားတဲ့ ဒေါ်နန်းမောက်လောဆိုင်း (Nan Mauk Lao Sai) က ပြောပါတယ်။ ရွှေ FM ရေဒီယိုဟာ Sky Net TV ကို ပိုင်ဆိုင်တဲ့ ရွှေသံလွင်ကုမ္ပဏီရဲ့ လက်အောက်ခံအသံလွှင့်ဌာန ဖြစ်ပါတယ်။
 ဒီပညာရေးရန်ပုံငွေပွဲမှာ လေလံတင် ရောင်းချတဲ့ ပန်းချီကားတချပ်ကိုလည်း
ဒ်ါအောင်ဆန်းစုကြည် က လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ဒီပန်းချီကားဟာ
ရန်ပုံငွေဖွင့်ပွဲ ဂုဏ်ပြုသီချင်း ဆိုနေတဲ့ အချိန်မှာပဲ ပန်းချီဆရာက စင်မြင့်ပေါ်မှာ တထိုင်တည်း ရေးဆွဲခဲ့တဲ့ ပန်းချီကား ဖြစ်ပါတယ်။
မနေ့က ကျင်းပခဲ့တဲ့ ရန်ပုံငွေပွဲ ပထမနေ့မှာ အလှူငွေ ကျပ်သိန်း ၁၅ဝဝကျော် ရရှိကြောင်း၊ ရန်ပုံငွေပွဲ ကျင်းပနိုင်ရေးအတွက် Sky Net ရုပ်သံက ကျပ် သိန်း ၁၃ဝဝ၊ AGB ဘဏ်က ကျပ်သိန်း ၅ဝဝ ကျော်လှူဒါန်းခဲ့တယ်လို့ NLD ပညာရေးကော်မတီတာဝန်ရှိသူ
ဒါက်တာသိန်းလွင်က မီဒီိယာတွေကို ပြောကြားခဲ့ပါတယ်။

အမည်မဖော်လိုသူတစ်ဦးက မြန်မာ့သမိုင်းမှာ ပြိုင်ဘက်ကင်း အမြင့်မားဆုံးလေလံဈေးဖြစ်တဲ့ ကျပ်ငွေ သိန်းပေါင်း ၆၃၀နဲ့ ဒုတိယဆွယ်တာလေးကို ဝယ်သွားတယ်သိရလို့ မေကြီးအစား ဂုဏ်ယူမိပါတယ်။ ၂ရက်ပေါင်းကို သိန်း ၁၀၄၅ နဲ့ ပြည်သူ့အကျိုး တဝကြီး သယ်ပိုးနိုင်ပြီ... အမေ့လက်နဲ့ ကိုယ်တိုင်ရေးတဲ့ သမိုင်းမှတ်တိုင် တစ်ခုပါ။

0 comments:

Post a Comment