Tuesday, 15 January 2013

၈၈မျိုးဆက်ကျောင်းသားများနှင့် ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့ တွေ့ဆုံဆွေးနွေး

 
ဖိလစ်ပိုင်နိုင်ငံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ ၈၈မျိုးဆက်
ကျောင်းသားများသည် ယနေ့ဇန်န၀ါရီလ၊ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀း ၀၀
 နာရီက ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ ဖိလစ်ပိုင်တပ်မတော် ဌာနချုပ်သို့ ရောက်ရှိခဲ့
ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးရှိ အစည်းအဝေးခန်းမတွင် Commanding General ,
 Lt. General Emmanuel T Bautista အပါအ၀င် ဖိလစ်ပိုင် တပ်မတော်အရာရှိကြီးများ
နှင့် တစ်နာရီ လေးဆယ့်ငါးမိနစ်ခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
 ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာတွင် ၈၈မျိုးဆက်ကျောင်းသားများမှ ကိုကိုကြီးက
တက်ရောက်လာကြသူ တစ်ဦးချင်းနှင့် မိတ်ဆက်ပေးခဲ့ပြီး၊ ဖိလစ်ပိုင်နိုင်ငံ တပ်မ
တော်က ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ဖော်ဆောင်နေမှုများနှင့် ပတ်သက်၍ 
Secretary Army General Staff ဖြစ်သည့် Col. Gilbert I Gapay က ရှင်းလင်းတင်ပြ
ခဲ့သည်။ 
ယင်းတင်ပြချက်များအပေါ် ၈၈မျိုးဆက်ကျောင်းသားများ၏ ပြန်လှန်မေးမြန်းချက်
များကို ဖိလစ်ပိုင်တပ်မတော်၏ သက်ဆိုင်ရာဌာန အသီးသီးမှ တပ်မတော်အရာရှိ
ကြီးများနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ပြန်လည်ဖြေကြားပေးသွားခဲ့သည်။
၎င်းနောက် ၈၈မျိုးဆက်ကျောင်းသားများမှ မင်းကိုနိုင်က နှုတ်ဆက်စကားပြောကြား
ခဲ့ပြီး၊ ဖိလစ်ပိုင် တပ်မတော်မှ Lt. General Emmanuel T Bautista က နှုတ်ဆက်စကား
ပြန်လည်ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအခမ်းအနားကို နံနက် ၁၂း ၀၀ နာရီခန့်တွင် ရုပ်သိမ်းခဲ့ကြသည်။  

0 comments:

Post a Comment