Friday, 4 January 2013

ချင်းဒုက္ခသည်တစ်ဦး မလေးရှား လူဆိုးများက ရိုက်သတ်

ဇန္န၀ါရီလ ၀၁ ရက်နေ့ နှစ်သစ်ကူးည ပျော်ပွဲထွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူ
ရောက် ချင်းဒုက္ခသည် တဦး မလေးရှား လူဆိုးတွေက ရိုက်သတ်လိုက် သည်ဟု
သိရသည်။
ချင်းပြည်နယ်မြို့တော် ဟားခါး၊ မြို့သစ်ရပ်ကွက်နေ Hrekung (25) နှင့် အဖော် ၈ ဦး
တို့သည် နှစ်သစ်ကူး ပွဲတော်က အပြန် ည သန်းခေါင် ၁၂း၀၀ တွင် လူဆိုး ၂၀ ဦးက ရိုက်နှက်ကြခြင်းဖြစ်သည်။
“Hangtuang ရထားဂိတ်မှာ ရထားစောင့်နေချိန် လူဆိုးတွေက ရိုက်နှက်ကြတယ်၊
တခြားအဖော်တွေ က ရှောင်ပြေး နိုင်ခဲ့ကြတယ်” ဟု နီးစပ်သူ တဦး က ပြောသည်။
သေဆုံးသူအလောင်းကို နယ်မြေခံရဲတွေက Chawkit ဆေးရုံမှာ ထားရှိလိုက်ကြောင်း၊
 အလောင်းကို သယ်ယူခွင့် မရ သေးကြောင်း ဆိုသည်။
မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည်နယ်အဖြစ် သတ်မှတ်ခံရသည့် ချင်းပြည်နယ်၊ ချင်းပြည်သူပြည်သားများသည် မိသးစု စားဝတ် နေရေး ပိုမို အဆင်ပြေစေရေးအတွက်
 မလေးရှားနိုင်ငံတွင် ဒုက္ခသည်အဖြစ် ခံယူပြီး အလုပ်လုပ် နေကြခြင်း ဖြစ် သည်။

0 comments:

Post a Comment