ယခု ၂၀၁၃ခုနှစ်၊
ဇွန်လ ၅ရက်နေ့တွင် မြန်မာဒုက္ခသည်များ ခေါ်ယူရေးကိစ္စ ရပ်ဆိုင်း
တော့မည်ဟု
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသည့်
ဒုက္ခသည်များဆိုင်ရာအမေရိကန်အကြီးအကဲ(Principal
Deputy Assistant Secretary
for Bureau of population
refugees and migration US Department of state)
ဒေးဗစ်ရောဘင်ဆန် (Mr.David
Robinson)က ယနေ့ ပြောကြားလိုက်သည်။
ဒုက္ခသည်များအား
ခေါ်ယူခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံတခုတည်းသာ ရပ်
ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု
ဒေးဗစ်ရောဘင်ဆန် ပြောဆိုခဲ့ကြောင်း မယ်လစခန်း ဒု-ဥက္ကဌ စောသာကဲက ကေအိုင်စီသို့
ယခုလို ပြန်လည်ပြောဆိုသည်။
“သူလာရတဲ့ အကြောင်းကတော့
ဒုက္ခသည်တွေကို အသိလာပေးတဲ့သဘောပဲ။ ဒါ
ဟာ
အမေရိကန်နိုင်ငံတနိုင်ငံအတွက်ပဲ သူ လာပြောသွားတာဖြစ်တယ်။ ကျန်နိုင်ငံ
တွေကတော့ မဆိုင်ဘူး။
ဒီနေ့ကနေ ဇွန်လ ၅ ရက်နေ့အထိ အမေရိကန်နိုင်ငံ သွား
လိုသူတွေကို
နာမည်စာရင်းလာပေးရမယ်။ နောက်ဆိုရင် မလက်ခံတော့ဘူး။
စာရင်းပိတ်တော့မယ်ပေါ့”
ဟု စောသာကဲက ပြောသည်။
ထို့အပြင်
အမေရိကနိုင်ငံသို့ သွားရောက်အခြေချလိုသည့် ဒုက္ခသည်များသည်
နာမည်စာရင်းလာသွင်းပါက
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး
(UNHCR) မှ
အသိအမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသောသူဖြစ်ပြီး UNCHR
မှ တရားဝင် ဒုက္ခသည်အဖြစ်
အသိအမှတ်ပြု မခံရသေးသည့် PAB လက်မှတ်ကိုင်
ဆောင်ထားသည့် ဒုက္ခသည်များ
မပါဝင်ကြောင်း သိရသည်။
သို့သော် PAB လက်မှတ်ကိုင်ဆောင်ထားသူ ဒုက္ခသည်များအတွက် နာမည်စာရင်း
ပြန်လည်စိစစ်ပြီး
အသိအမှတ်ပြု လက်မှတ် ပြန်လည် လုပ်ပေးသင့်မသင့်ကို
UNHCR အနေဖြင့်
ပြန်လည်ပြုလုပ်ပေးသွားရန် ရှိကြောင်းလည်း စောသာကဲက
ဖြည့်စွက်ပြောဆိုသည်။
ဆက်လက်၍ စခန်းအတွင်းရှိ ဒုက္ခသည်လက်မှတ်မရှိသော လူသစ်များအား အမေ
ရိကန်နိုင်ငံသို့
သွားရောက်အခြေချနိုင်မည့် အခွင့်အလမ်းမရှိသလို ၎င်းနိုင်ငံအနေ
ဖြင့်လည်း လက်ခံသွားမည့်
အစီအစဉ် ရှိတော့မည်မဟုတ်ကြောင်း သိရသည်။
ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် မရှိသေးသူ မယ်လစခန်းနေ အောင်ခိုင်ထွန်း
က “ကျနော်တို့ကတော့
ဖြစ်နိုင်ရင် လူဟောင်းအဖြစ် အခွင့်အရေးရချင်တယ်။ အ
ခု လာရှင်းပြတာက
လူသစ်အတွက် ဘာမှပြောသွားတာ မရှိဘူး။ တကယ်လို့ မသွားဖြစ်လည်း မြန်မာနိုင်ငံကိုတော့
ပြန်မှာမဟုတ်ဘူး။ သူတို့စီစဉ်တဲ့အတိုင်း၊ ထားတဲ့အတိုင်း နေသွားမယ်” ဟု ပြောသည်။
အမေရိကန်နိုင်ငံသို့ သွားရောက်ခိုလှုံခွင့် ရက်သတ်မှတ်လိုက်သည်နှင့် ပတ်သက်
၍ ယနေ့မနက်တွင် မယ်လစခန်း
ဘောလုံးကွင်း၌ ဒုက္ခသည်များအား လာရောက်
ရှင်းလင်းပြောဆိုရာတွင်
US Embassy, UNHCR, IOM နှင့် RSC ကိုယ်စားလှယ်
များလည်း ပါဝင်သည်။
ယခုလ ဇန်န၀ါရီ ၁၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီး (နိုင်ကျာရုဖုန်
ရေယန်ဆုဝမ်)က
မယ်လဒုက္ခသည်စခန်းအတွင်း ဒုက္ခသည်၏ အခြေအနေများကို
လာရောက်လေ့လာခဲ့ပြီး
ထိုင်းအစိုးရအနေဖြင့် ဒုက္ခသည်များကို အတင်းပြန်ခိုင်း
မည်မဟုတ်ကြောင်း
ပြောဆိုသွားခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တွင် မယ်လ၊ မယ်ရာမို၊ မယ်လအူး၊ နို့ဖိုး၊ အုန်းဖျန်၊
ဘန့်ဒုံယမ်း
နှင့် ထမ်းဟင် စသည့်
UNHCR မှ အသိအမှတ်ပြုထားသော ကရင်ဒုက္ခသည်စခန်း
၇ ခုရှိပြီး
၂၀၀၆ခုနှစ်မှစ၍ အမေရိကန်ပြည်ထောင်စုအစိုးရက ဒုက္ခသည်များကို
၎င်းတို့ နိုင်ငံသို့
သွားရောက်အခြေချနေထိုင်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အဆိုပါဒုက္ခသည်စခန်းများရှိ မြန်မာဒုက္ခသည်များကို အမေရိကန်အပြင်
သြစတြေးလျား၊
ကနေဒါ၊ အင်္ဂလန်၊ နော်ဝေ၊ ဆွီဒင်၊ နယ်သာလန်၊ ဖင်လန်၊ နယူးဇီ
လန်၊ ဘယ်လ်ဂျီယံနှင့်
ဂျပန်နိုင်ငံများမှလည်း ခေါ်ယူလျက်ရှိသည်။
သတင်းနှင့်ရေဒီယို Radio Station
Ethnic Website
- Chin National Party
- Tongsan News
- kANG NET
- SALAI TIN MAUNG OO
- PU SALAI KIP KHAW LIAN
- CHINLAND
- CHINLANDGUARDIAN
- ZOGAM POST
- CHINFORUM
- CHIN HUMAN RIGHTS ORGANIZATION
- CNC-JAPAN
- Chin-youth
- SHANLAND
- KACHINNEWS
- MONNEWS
- karean news
- KWEKALU
- The kantarwaddy time
- ENCBURMA
- RAKHAPURA
- NCUB
- NCGUB
- Shan Tan Daw Sint
- arakan
ဘလော့ဂ်မိတ်ဆွေများ
- Zomi Movies
- ကရင်လူငယ်အစည်းအရုံး (ကိုရီးယား)
- ဟန်းဂုရွာ
- ပျံသန်းနေသောခွပ်ဒေါင်းတကောင်
- ကရင်အမျိုးသားမိတ်သဟာယအဖွဲ.(ကိုရီးယား)
- Dim Kying
- တောင်ဇလပ်
- မွန်အသင်း(ကိုရီးယား)
- ဒေါက်တာလွဏ်းဆွေ
- ဇလပ်မြေ
- ဇမ်းခွါလ်
- ပလောင်(ဂျပန်)
- လွတ်လပ်ကြဖို့ ...တို့အချိန်တန်ပြီ
- ရဲရင့်ငယ်
- IT Reshare Site
- ဒေါက်တာတင့်ဆွေ
- ခရမ်းပြာသံစဉ်
- Limkhai
UNFC တောင်းဆိုချက်
Democracy Training
တော်လှန်ရေးသီချင်းများ(Politics Song)
Category
- ကဗျာ (26)
- ကာတွန်း (25)
- ချင်းအမျိုးသားသမိုင်း (20)
- ထုတ်ပြန်ကြေငြာချက် (46)
- ဓါတ်ပုံသတင်း (22)
- ရုပ်သံ/ဗွီဒီယို (56)
- သတင်း (1112)
- သတင်း/News (8)
- အင်တာဗျူး (15)
- ဆောင်းပါး (83)
Blog Archive
-
►
2012
(300)
- December (24)
- November (25)
- October (22)
- September (31)
- August (25)
- July (24)
- June (7)
- May (38)
- April (36)
- March (24)
- February (5)
- January (39)
-
►
2011
(458)
- December (33)
- November (58)
- October (50)
- September (43)
- August (53)
- July (39)
- June (39)
- May (32)
- April (30)
- March (51)
- February (8)
- January (22)
Friday, 25 January 2013
မြန်မာဒုက္ခသည်များ ခေါ်ယူရေး၂၀၁၃ ခုနှစ်၊ ဇွန်လတွင် အမေရိကန် ရပ်ဆိုင်းမည်
Subscribe to:
Post Comments (Atom)
Daw Aung San Suu Kyi
လူ့အခွင့်အရေး ကြေငြာစာတမ်း
ဘလော့မှာဘယ်နှစ်ယောက်ရှိလဲ
CHINDWINNဘလော့ဂ်ထဲမှာ
ယောက်ရှိနေပါတယ်
0 comments:
Post a Comment