Saturday, 19 January 2013

ဝါရှင်တန်အခြေစိုက် Human Rights Watch အဖွဲ့နှင့် ၈၈မျိုးဆက်များ တွေ့ဆုံ

၈၈မျိုးဆက်ကျောင်းသားများနှင့် မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသော ဝါရှင်တန်
အခြေစိုက် Human Rights Watch အဖွဲ့တို့သည် ၁၉၊၁၊၂ဝ၁၃ နေ့၊နံနက် ၈း၃ဝ တွင် 
ရန်ကုန်မြို့၊Traders Hotel ၌ တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ၈၈မျိုးဆက်
ကျောင်းသားခေါင်းဆောင်များဖြစ်ကြသည့် ကိုကိုကြီး၊ကိုပြုံးချို၊ကိုအံ့ဘွယ်ကျော်၊
ကိုမာကီနှင့်ကိုဗသက်အောင်တို့ တက်ရောက်ခဲ့ကြပြီး၊HRW အဖွဲ့မှ Associate 
Director Stephen Steim ဦးဆောင်သော အဖွဲ့ဝင်(၉)ဦး တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လက်ရှိလူ့အခွင့်ရေး အခြေအနေများကို လွတ်လပ်
ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

0 comments:

Post a Comment