Tuesday, 12 February 2013

တီးတိန်မြို့ ကားဂိတ်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အရာရှိ အာဏာပြ သောင်းကျန်း

ပေးပို့သူ။  ။ ခရီးသွား ပြည်သူတစ်ဦး

၁၁ရက်၊ ဖေဖော်ဝါရီလ၊၂၀၁၃ ရက်နေ့တွင် တွန်းဇံမှ ကလေးမြို့သို့သွားမည့် ယာဉ်
မောင်းဦးဒိုဆွမ်းလျန်း(Pa Do Suan Lian)မောင်းနှင်သော ချင်းတောင်တန်းအသင်း
မှန်လုံကား ၆က/ ၆၀၅၅ သည် တီးတိန်မြို့လွိုင်ဘွိုင်းရပ်ကွက် ခရီးတထောက်အဖြင့်
ခရီးသည်များ ထမင်းစားရန်နှင့် အနားယူရန် ဆိုက်ရောက်လာသည်။ခရီးသည်များ
သည် ချင်းတောင်တန်းကားဂိတ်အနီးတွင် ထမင်းစား၊ အနားယူ ကြပါသည်။

၎င်း မှန်လုံခရီးသည်တင်ကားတွင် လိုက်ပါလာသော လူတစ်ဦးသည် မှန်လုံကား
အား အချိန်ဆွဲ ရပ်နားသည်ဟု စိတ်ဆိုးသောင်းကျန်းလာပါသည်။ မျက်မြင်တစ်ဦး
၏ပြောပြချက်အရ  ကားဂိတ်တွင် ဂိတ်မှူးထိုင်နေသောစားပွဲကို ထုထောင်းရုံသင်
မကဘဲ ဂိတ်မှူး ကိုပါ ဆဲဆိုပြီး ထိုးကြိတ်ရန် ရည်ရွယ်တယ် စားပွဲပေါ်က ဂိတ်မှူး
ရဲ့ စာရွက်စာတမ်းများနှင့် အခြားပစ္စည်းများ ဖရိုဖရဲ ဖြစ်ကုန်တယ်။ နောက်ပြီး ခရီးသည်ပြည်သူတွေကိုပါ အော်ဟစ်ကြောင်း ပြောသွားပါတယ်။
 
၎င်းကဲ့သို့ ဖြစ်သွားသည့်အခါ ချင်းတောင်တန်းဂိတ်မှူးက ထိုသူအား လက်မှတ်
မဖြတ်ဘဲ လိုက်ပါပြီး ဤကဲ့သို့မသောင်းကျန်းသင့်ကြောင်း သင်ဟာ တရားမဝင် လိုက်ပါလာသူတစ်ဦးဖြစ်ပြီး ခရီးသွားပြည်သူများကို အတင်းအဓမ္မဖြင့် အမိန့်မ
ပေးသင့်ကြောင်း၊ ကျွန်တော်တို့ ချင်းတောင်တန်းကားအသင်းသည် ခရီးသွားပြည်
သူများအတွက် လိုင်းဆွဲသော အသင်းဖြစ်ကြောင်းနှင့် ကိုယ်ပိုင်ကားကဲ့သို့ ပြုလုပ်
လို့မရဘူး၊ အသင်းမှာ စည်းမျဉ်းစည်း ကမ်းရှိပြီး ခရီးသွားပြည်သူလို လက်မှတ်
ဖြတ်ပြီး ကားစီးသင့်ကြောင်းပြောဆိုခဲ့သည်။ ထိုသူသည် မောက်မာသော လေ
သံဖြင့် ကားစီးလျှင် လက်မှတ်မဖြတ်ခဲ့ဘူးကြောင်း လေသံကျယ်ကျယ်နှင့်ပြန်
ပြောသွားပါတယ်။

ထိုနောက် ချင်းတောင်တန်းကားအသင်းပိုင် ခရီးသည်သင် မှန်လုံကားသည် ကလေးမြို့သို့ရောက်သောအခါသူ၏ အပြုအမူများ လူသိရှင်ကြားမသိစေရန်နှင့် 
အင်တာနက် စာမျက်နှာများတွင် မလွှင့်တင်ရန် သူနဲ့ နီးစပ်ရင်းနီးသူများကို
 အမိန့်ပေးဖုန်းဆက်သည် ဟုသိရသည်။ ဤကဲသို့ ပြုမူ သောင်းကျန်းရန်းကား
သူဟာ  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တွန်းဇံမြို့နယ်မှ မြို့နယ်ရဲမှူး ဦးထွန်းသာ ဖြစ်
ကြောင်း မျက်မြင်များနှင့် တီးတိန်လူငယ်များက စုံစမ်းသိရှိရသည်။
  

0 comments:

Post a Comment