Wednesday 20 February 2013

ကာချုပ်မင်းအောင်လှိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု သတင်းများထွက်ပေါ်လာခြင်းကြောင် စစ်တပ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်သွား

၂၀/ဖေဖော်ဝါရီ/၂၀၁၃
တပ်ချုပ်သန်းရွှေ၏အသိုင်းအဝိုင်းမှ ကာချုပ်မင်းအောင်လှိုင်အပေါ် မလိုလားဟန်
များထွက်ပေါ်လာပြီးနောက်မှာ ကာချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်
တွ့ဆုံဖို့ ပြင်ဆင်နေကြောင်း သတင်းများထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။

ကာချုပ်မင်းအောင်လှိုင်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံသင့်သော အချိန်ဖြစ်

နေပြီဟု ညှိကွပ်လှဌေးဝင်းက အကြံပြုခဲ့ခြင်းဖြစ်သည်ဟု တီတိုးသတင်းများအရ
ထပ်မံသိရှိရသည် . .

ဒီသတင်းထွက်လာတဲ့အတွက် ကထစမှူး တိုင်းမှူး နဲ့ တပ်မမှူးတွေ ရဲ့ အသိုင်း

အဝိုင်းတွေကြားမှာလည်း အားလုံးက သာဓုခေါ်နေကြတယ်လို့ သိရပါတယ် . .

အငယ်တန်းတပ်မှူးတွေ အထူးသဖြင့် ရှေ့တန်းမှာ ကိုင်တွယ်နေရတဲ့ တပ်မှူး

တွေကလည်း ကာချုပ်ရဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ သွားရောက်တွေ့ဆုံမယ် 
ဆိုတဲ့သတင်းအပေါ် အားရပါးရထောက်ခံ နေကြကြောင်း သိရှိရပါတယ် . . .

လွှတ်တော်ထဲက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကတော့

အခြေအနေကိုစောင့်ကြည့်လျှက်ရှိပြီး ကာချုပ်ကို အကြံပေးခဲ့တဲ့ ညှိကွပ် 
လှဌေးဝင်း နဲ့ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ လွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီး
ဟောင်း ဦးရွှေမန်းကို ကျေးဇူးတင်နေကြကြောင်းသိရပါတယ် . . .

လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ရာခိုင်နှုန်းပါဝင်နေတာ

ဟာ သန်းရွှေကို ကာကွယ်ဖို့မဟုတ် နုနုထွတ်ထွတ်ဗမာနိုင်ငံကို အန္တရာယ်တွေ
ကြားက ကယ်တင်နိုင်အောင် ဝှက်ဖဲတစ်ခုအဖြစ် အသုံးချဖို့သာရည်ရွယ် ထား
တာဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် စစ်ဗိုလ် အသိုင်းအဝိုင်းက တီတိုး
သတင်းထွက်လာပါတယ် . .

လွှတ်တော်ထဲရောက်နေတဲ့ ကြံခိုင်ရေးပါတီမှ ကိုယ်စားလှယ်များကလည်း ဒီသ

တင်းကိုကြိုဆိုလိုက်ကြပြီး နိုင်ငံရေးကို စိတ်မဝင်စားတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်
တွေကလည်း မြန်မြန်အဆင်ပြေချင်ပါပြီဗျာ လွှတ်တော်ထဲမှာ ကျနော်တို့က တ
ကယ်ကြားညပ်နေတာ ကျနော်တို့ဒီဘဝကကျွတ်ချင်နေကြပါပြီ လို့ ပြောခဲ့
ကြောင်းသိရပါတယ် . .

လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကလည်း ယမန်နေ့က လွှတ်တော်မှာ ကိုယ်စားလှယ်များရဲ့ မေးမြန်းချက်များကို ဝန်ကြီးဌာနများမှ ဝေ့လည်ကြောင်

ပတ်ဖြေဆိုနေမှုများကို ရပ်တန်းကရပ်ဖို့ ဝန်ကြီးဌာန ကိုယ်စားလှယ်များကို သတိပေးပြောကြားလိုက်ခြင်းအားဖြင့် ကာချုပ်နှင့်ဒေါ်အောင်ဆန်းစုကြည်
တွေ့ဆုံဖြစ်တော့မယ် ဆိုတဲ့သတင်းအပေါ် သဘောတူကြောင့် သူ့ သဘော
ထားကို တဖက်လှည့် ထုတ်ဖော်ပြသလိုက်ပါတယ် .

သူက ဘယ်လောက်သိဘယ်လောက်တတ်လို့ ဒါမျိုးတွေလျှောက်လုပ်နေရ

တာလဲ သူကို အဘဆွဲတင်လို့ ဒီနေရာရောက်လာတာ သူကဘာကောင်မို့လဲ
 ဟု ယခင်ပြန်ကြားရေးဝန်ကြီး ယခုသမဝါယမဝန်ကြီးဦးကျော်ဆန်းက တုန့်ပြန်
သည်ဟု သမဝါယမ အသိုင်းအဝိုင်းမှ သိရပါတယ် . . .

ဒီကိစ္စက သူဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ပါဘူး ဘယ်အချိန်မှာ သွားတွေ့ရမလဲ

ဆိုတာ အဘသန်းရွှေပဲ ဆုံးဖြတ်ရမယ့်ကိစ္စပါ အဘသန်းရွှေက ကျနော်တို့ကို ပြုစု
စောင့်ရှောက်လာတာပါ အဘသန်းရွှေက ကျနော်တို့ထက်ပိုပြီး အမျှော်အမြင်ရှိ
ပါတယ် ။

အဘစိတ်ကွက်စေမယ့်အလုပ်မျိုးကို ကျနော်တို့ မလုပ်သင့်ပါဘူး လို့ လက်ရှိ

ကြံ့ဖွံ့ခေါင်းဆောင်လည်းဖြစ် တပ်ချုပ်သန်းရွှေဆီ ဝင်ထွက်သွားလာဖြစ်နေသော
ဦးဌေးဦးက သူ့ကို တီးခေါက်လာသူများကို ဖြေကြားခဲ့ပါတယ် . .

ဒါကြောင့်အစောကတည်းက ဒီကောင့်ကို ဒီနေရာမပေးဖို့ အဘကို အတန်တန်

တားခဲ့သေးတာ . . ဟို ရွှေမန်းဆိုတဲ့အကောင်ကလည်း မြှောက်ထိုးပင့်ကော်လုပ်
နေလို့ ဒီကောင်ဘဝင်ဟပ်သွားတာ ဖြစ်မှာ . . အဘသန်းရွှေကို ကျော်ရဲလို့လား 
အဘကိုကျော်ရင် ဒီကောင် ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာ ရှေ့က အကောင်
တွေကို ကြည့်ရင် အသိသာကြီးပါ ဒီကောင်တကယ်သတ္တိမရှိပါဘူး လို့ ဦးအောင်
သိန်းလင်းက တီးတိုးမေးမြန်းလာသူကို ဒေါသတကြီးတုန့်ပြန်တယ်လို့လည်း 
သိရပါတယ် . .

တပ်ချုပ်သန်းရွှေ၏ ဆွေမျိုးသားချင်း အသိုင်းအဝိုင်းမှလည်း ကာချုပ်မင်အောင်

လှိုင်အပေါ် ဖိအားပေး အရေးယူမှုတစ်ခုခုလုပ်ရန် သန်းရွှေ၏ လုံခြုံရေးအရ
နေပြည်တော်တွင် တပ်မတော်နေ့အမ်းအနား ပြုလုပ်မည့် အစီအစဉ်ကို ဖျက်
သိမ်းပစ်ရန် နှင့် တပ်မတော်နေ့မတိုင်ခင် ကာချုပ်မင်းအောင်လှိုင်ကို ထိ
ရောက်သော ဖိအားပေးမှု အရေးယူမှုတစ်ခုခု အလျှင်အမြန် ဆောင်ရွက်ရန် တပ်ချုပ်သန်းရွှေကို တောင်းဆိုမှုများပြုလုပ်လျှက်ရှိသည်ဟု သတင်းရရှိသည်။

တရုတ်ထောက်လှမ်းရေးများကလည်း အခြေအနေများကို တရုတ်ပြည်သို့ သတင်းပေးပို့လျက်ရှိပြီး လောလောဆယ်တွင် တရုတ်ပြည်မှ စောင့်ကြည့်အ

နေအထား နှင့် သတင်းများ လူဟောင်းများ၏ သဘောထားများ ကို လိုက်လံစုံ
စမ်းပေးပို့ရန် ညွှန်ကြားထားကြောင်းသိရသည် . .

ကာချုပ်မင်းအောင်လှိုင်အနေနဲ့ ဒီကာလမှာ လုံခြုံရေးကို အထူးဂရုစိုက်ဖို့ 

အငြိမ်းစား သူငယ်ချင်းများမှ အကြံပြုထားကြောင်း သိရသည်။(မြန်မာ့နေ့စဉ်)

0 comments:

Post a Comment