လက်ပံတောင်းကြေးနီစီမံကိန်းနားက
ဝက်မှေးရွာသစ်ကို ဦးတည် သွားနေတဲ့
ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းနဲ့ ဆည်တဲ၊
ကျုံရွာဘက်တွေက ဒေသခံ
၁၀၀၀ နီးပါးရှိတဲ့ ဆန္ဒပြလူအုပ်ဟာ ဒီကနေ့ ဗုဒ္ဓဟူး ညနေ
လေးနာရီခွဲလောက်က မျက်ဆိုင် တွေ့နေကြတယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
ဆန္ဒပြသူတွေက ``စုံစမ်းရေးကော်မရှင် အလိုမရှိ``၊ ``ပုဒ်မ ၁၄၄ ရုပ်သိမ်းပေး``၊ ``မီးလောင်ဗုံးကိစ္စ ဖော်ထုတ်ပေး``၊ ``စီမံကိန်း လုံးဝ ရပ်ဆိုင်းပေး`` ဆိုတဲ့ အချက်

လေးချက်ကို ဟစ်ကြွေးလို့ ဆန္ဒပြနေကြ ပါတယ်။
ပြောင်းရွှေ့ထားတဲ့ ၀က်မှေးရွာသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘာလုပ်မလဲ ဆို

တာတော့ အသေးစိတ် မသိရသေးပါဘူး။ ဆန္ဒပြအဖွဲ့ဟာ တရုတ်ကုမ္ပဏီ ၀မ်ပေါင်
ရုံးချုပ်မှာ ဆန္ဒပြဖို့ အသွား ဒေါ်အောင်ဆန်းစုကြည်နဲ့ အခုလို ရင်ဆိုင်
တွေ့ကြတာ
လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆန္ဒပြအဖွဲ့တွေ အခုလို မျက်ဆိုင် တွေ့ကြပေမယ့်လို့ တဘက်နဲ့တဘက် နှုတ်ဆက် ပြောဆိုတာမျိုး မရှိဘူးလို့ ဘီဘီစီ သတင်းထောက်က

ပြောပါတယ်။
ဆန္ဒပြအဖွဲ့ကို ထောက်ခံအားပေးသူတွေလည်း ရှိတယ်လို့ သတင်းထောက်က

``ဒေါ်အောင်ဆန်းစုကြည်က သူ့ကိစ္စ သူလာတာပဲ၊ ကြိုဆိုစရာ မလိုပါဘူး`` လို့ ဒေသ

ခံတယောက်က သူ့ကို ပြောတယ်လို့ ဘီဘီစီ သတင်းထောက် ပြောပါတယ်။
0 comments:
Post a Comment