Wednesday, 13 March 2013

မတ်၁၈မှ စတင်ပြီး အထောက်အထားမဲ့အလုပ်သမားများအား စတင် ဖမ်းဆီးရန် တရားရေးမှ ကြေညာ

ရေးသားသူ — စိုးမိုးသူ

တရားရေးဝန်ကြီးဌာနဟာ လာမည့် မတ်လ ၁၈ရက်နေ့မှ စတင်ပြီး အထောက်အထားမဲ့(ဗီစာမဲ့)နေထိုင် အလုပ်လုပ်ကိုင်သူ ရွှေ့ပြောင်းအလုပ်သမားများအား စတင်ဖမ်းဆီးသွားမယ်လို့ကြေညာလိုက်ပါတယ်။
ဖမ်းဆီးရာတွင် သက်ဆိုင်ရာ ဒေသအသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးဌာနများ အချင်းချင်း ပူးပေါင်းပြီး 
ဖမ်းဆီးမယ့် နည်းလမ်းကို အသုံးပြုမှာဖြစ်ပါတယ်။ တရားရေးဝန်ကြီးဌာနဟာ ဖမ်းဆီးမယ့် ရက်မတိုင်မီ ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်လုပ်ကိုင်
လေ့ရှိကြတဲ့ ဒေသတွင်းရှိ လုပ်ငန်းရှင်များထံ ကြိုတင်ပြီး အသိပေးစာများအား ပေးပို့သွား မှာ ဖြစ်
ပါတယ်။ အသိပေးစာတွင် အထောက်အထားမဲ့ အလုပ်သမားများအား အသုံးပြုပါက ငွေဒဏ် 
ဝမ် သိန်း၂၀၀ (သို့) ထောင်ဒဏ် ၃နှစ်ကျခံရမှာ ဖြစ်သလို  ရွှေ့ပြောင်းအလုပ်သမားများအား အသုံး
ပြုခွင့်ကို လည်း ဆုံးရှုံးရမှာဖြစ်ကြောင်း ပါရှိပါတယ်။
ကိုရီးယားတွင် အီးပီအက်စ်စနစ်ဖြင့် ၀င်ရောက်အလုပ်လုပ်
ကိုင်သူများ အနက် မနှစ်က သက်တန်းပြည့်သူ ၄သောင်း
အနက် တစ်သောင်းကျော် ဟာ အထောက်အထားမဲ့ အ
လုပ်သမားအဖြစ်ဖြင့် ဆက်လက် အလုပ်လုပ်ကိုင်နေထိုင်
 လျှက်ရှိနေကြပါတယ်။
ဒါကြောင့် ယခုနှစ်တွင် အထောက်အထားမဲ့ အလုပ်သမား
အရေအတွက် ၂သိန်းကျော်မည် ဖြစ်ပြီး ၂၀၁၄ တွင်၂သိန်း
၂သောင်းကျော်မယ်လို့ ခန့်မှန်းနေကြပါတယ်။
လာမည့် မတ်လ ၁၈ရက်နေ့မှ စတင်ပြီး ရွှေ့ပြောင်းအလုပ်
သမားများထူထပ်တဲ့ နေရာတွေမှာ ဖမ်းဆီးမှုတွေကိုစတင်
ပုလုပ်သွားမှာဖြစ်ပါတယ်။ အစိုးရရဲ့ အဖမ်းအဆီးများ
ကြောင့်ဖစ်ပေါ်လေ့ရှိတဲ့ လူအခွင့်အရေးချိုးဖောက်မှုများနဲ
ပတ်သက်ပြီး သက်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမား လူ
ခွင့် အရေးအဖွဲ့အစည်းများကလည်း ကန်ကွက်ကြေညာ
စာများကို ထုတ်ပြန်ဖို့စီစဉ်နေကြပါတယ်။
နေ့စဉ် ချွေးတရွှဲရွှဲဖြင့် ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေထိုင်ကြသူ ရွှေ့ပြောင်းအလုပ်သမား
ျား  အားလုံး မထိမခိုက်ပဲ ဘေးရန်ကင်းကြပါစေလိုဆုတောင်းပါတယ်။

0 comments:

Post a Comment