Wednesday 20 March 2013

လက်ပံတောင်းတောင် ဖြစ်ရပ်သည် တိုင်းရင်းသားများအတွက် သင်ခန်းစာ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ
ထုတ်ပြန်အပြီး နောက်ဆက်တွဲဖြစ်ပေါ်ခဲ့သော ဖြစ်ရပ်များမှ တိုင်းရင်းသားဒေသ
များအတွက် သင်ခန်းစာယူနိုင်ကြောင်း တိုင်းရင်းသားအဖွဲ့အစည်းများက
ပြောသည်။

သယံဇာတကကို အခြေခံသော လုပ်ငန်းများ တိုင်းရင်းသားဒေသ အသီးသီးတွင် 
ရှိနေခြင်းသည် ယခု လက်ပံတောင်းတောင် ဖြစ်ရပ် အ ပေါ် ၄င်း တို့အနေဖြင့်သတိ
ပြု သင် ခန်းစာယူဖွယ် ပိုမိုဖြစ်စေသည်ဟု ယင်းအဖွဲ့အစည်းများက ဆိုသည်။

ကရင်အမျိုးသား အစည်း အ ရုံး (KNU) ဒုဥက္ကဋ္ဌ နော်စီဖိုးရာ စိန်က လက်ရှိတွင် 
ကရင်ပြည်နယ် ၌ စီမံကိန်းသစ်များ လုပ်ဆောင်ရန် အတွက် လုပ်ငန်းရှင်များက
နေပြည်တော်မှတစ်ဆင့် ၄င်းတို့ ကို ကမ်းလှမ်းလာသော်လည်း ရင်းမြစ် ခွဲဝေမှုဆိုင်
ရာ ပြဿနာများဖြစ်ပွား လာမည်ကို စိုးရိမ်သည့် အတွက် စီမံကိန်းသစ်များကို လက်မခံသေး ကြောင်း ပြောသည်။”အခုဆိုရင် ပဏာမ အပစ် ရပ် အခြေအနေပဲ ရှိသေးတာလေ။ ကေအင်န်ယူအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းလည်း မရှိသေး ဘူး။ 
အဲဒီ လို ပြဿနာတွေ ဖြစ်လာမှာလည်း အများကြီးစိတ်ပူတာပေါ့” ဟု နော် စီဖိုးရာ
ိန်က ပြောသည်။

0 comments:

Post a Comment