Wednesday, 6 March 2013

"ဒီချုပ်ပါတီဝင်လေးဦးအား ညီလာခံကိုယ်စားလှယ်တာဝန်မှ ရပ်စဲ"

နေပြည်တော်၊ မတ် ၅

ပါတီတွင်း ညီညွတ်ရေးပြိုကွဲစေသောလှုပ်ရှားမှုများကြောင့် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် ၄ ဦးအား ကိုယ်စားလှယ်
အဖြစ်မှ ရပ်စဲလိုက်ကြောင်း ဒီချုပ်မှ သတင်းထုတ်ပြန်လိုက်သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း ညီညွတ်ရေးကို ပြိုကွဲစေသောအပြုအမူ၊ 
အပြောအဆိုနှင့် လှုပ်ရှားမှုများပြုလုပ်သည်ဟု ခိုင်လုံသောသတင်း ရရှိထားသဖြင့် 
ယခုလ ၈ ရက်၊ ၉ ရက်နှင့် ၁ဝ ရက်နေ့တွင်ကျင်းပမည့်နိုင်ငံ လုံးဆိုင်ရာညီလာခံ၏ 
ကိုယ်စား လှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

''လက်ရှိ ညီလာခံကိုယ်စားလှယ်အဖြစ်က ရပ်စဲလိုက်တာပါ၊ လွတ်လွတ်လပ်လပ် စည်းရုံးခွင့်ပေးထားပါတယ်။ ဒါပေမဲ့ အုပ်စုဖွဲ့ပြီးလုပ်တဲ့ ကိစ္စတချို့ကြောင့်လည်း
ပါတယ်။ အမေ (ဒေါ်အောင်ဆန်းစုကြည်)ကလည်း မနေ့က ပြောပါသေးတယ်'' 
ဟု ဒီချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

ညီလာခံကိုယ်စားလှယ်အဖြစ် မှ ရပ်စဲခံရသူများမှာ ဦးခင်မောင်ဝင်း၊ ဥက္ကဋ္ဌ
(ဗဟိုညီလာခံကိုယ်စားလှယ်) အလုပ်အမှုဆောင်အဖွဲ့၊ လမ်းမတော်မြို့နယ်၊ 
ဦးသန့်ဇင် (ဗဟိုညီလာခံကိုယ်စားလှယ်) ရွှေ ပြည်သာမြို့နယ်၊ ဦးခင်မောင်ရှိန်၊ ဥက္ကဋ္ဌ(ဗဟိုညီလာခံကိုယ်စားလှယ်)မြောက်ပိုင်းခရိုင်၊ ရန်ကုန်တိုင်းဒေသကြီးနှင့်
ဒေါ်မိမိကြီး (ဗဟိုညီလာခံကိုယ်စားလှယ်) ကောလင်း မြို့နယ်၊ စစ်ကိုင်းတိုင်းဒေ
သကြီး တို့ဖြစ်ကြောင်း သိရသည်။လက်ရှိကျင်းပမည့် ညီလာခံ၏ CEC ရွေးချယ်
ရာတွင် ဥက္ကဋ္ဌနေရာအား လက်ရှိတာဝန်ယူထားသော ဒေါ်အောင်ဆန်းစုကြည်
ကိုသာ အများစုမှလက်ခံ မျှော်လင့်ထားကြောင်း သိရသည်။

0 comments:

Post a Comment