Wednesday, 6 March 2013

မြန်မာသင်္ဘောသား အလောင်း မလေးရှား ပင်လယ်တွင်မျောနေခြင်း


မနေ့က Thestar သတင်းစာရဲ့ သတင်းတစ်ပုဒ်ကို မလေးရှားရောက် ဧဒင်ဥယျာဉ်

အဖွဲ့ဝင်တွေဖတ်လို့ရအောင် ဘာသာပြန်တင်ဆက် ပေးလိုက်ပါတယ် ။ ပြီးခဲ့တဲ့ 
27.2.2013 က နိုင်ငံခြားသား တစ်ဦးရဲ့ အလောင်းလို့ယူဆရတဲ့ သင်္ဘောသား 
တစ်ဦးရဲ့ အလောင်း ဂျိုဟိုးပြည်နယ် ပင်လယ်ရေပိုင်နက် မှ 4.2 မိုင်အကွာ တန်
ဂျုန်းပအိ ကမ်းရိုးတန်း အနီးမှာ ပေါလောမျော နေတာကိုတွေ့ခဲ့ရပါတယ် ။ 
ထိုအလောင်းတွင် လိမ္မော်ရောင် တောက်တောက် အသက်ကယ် အကျီဝတ်ဆင်
ထားပြီး အကျီအနောက် ကျောပေါ်တွင် ORKIM ဟုရေးသားထားပါတယ် ။ ထို 
ORKIM အမည်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူအခြေဆိုက် ရေကြောင်းပို့
ဆောင်ရေး ကုမဏီတစ်ခုဖြစ်တယ်လို့လည်း ဖော်ပြသွားခဲ့ပါတယ် ။ 
ထိုအဖြစ်အတွက် မလေးရှားနိုင်ငံ ရှိ ရေကြောင်းပို့ဆောင်ရေး ကုမဏီများကို သတိပေးချက်များ ပေးပို့ထားပြီး ထိုအလောင်းအတွက် ပိုင်ရှင်ရှာ ဖွေနေတယ်
ဆိုတယ်လို့လဲ မလေးရှား ရေကြောင်းထိန်းသိမ်းရေးရဲအရာရှိ Supt N.Kalai 
Chelvan ကရှင်းပြောကြားသွားခဲ့ပါတယ် ။ 
ထိုအလောင်းသည် စုံစမ်း စစ်ဆေးချက်များအရ အသက် 29 နှစ်အရွယ်ရှိ မြန်မာ
နိုင်ငံသား ရေကြောင်း လုပ်သား တစ်ဦးဖြစ်ကြောင်း ၊ သင်္ဘောပေါ်မှ ပြုတ်ကျခဲ့
ပုံရသည်ဟု ယူဆကြောင်း ပြောကြားခဲ့သော်လည်း ဆက်လက်စုံစမ်းမှု့များပြု
လုပ်သွားမည် ဟုလည်းအရာရှိက ပြောကြားခဲ့ပါတယ် ။ 
အဆိုပါ အလောင်းအား Sultanah Aminah Hospital ရင်ခွဲရုံတွင် သိမ်းဆည်း
ထားပြီး ဆက်လက် စစ်ဆေးမှု့များပြုလုပ်သွားမည်ဖြစ်ကြောင်း Thestar သတင်း
စာမှာ ဖော်ပြသွားခဲ့ပါတယ် ခင်ဗျာ ။

0 comments:

Post a Comment