Wednesday 20 March 2013

ချင်းအမျိုးသားတပ်ဦး တည်ထောင်ခြင်း (၂၅)နှစ်ပြည့် အခမ်းအနား

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မရသေးသရွေ့ခုခံတော်လှန်စစ် ဆက်ရှိနေဦးမယ်လို့ ဒီကနေ့
ကျရောက်တဲ့  ၂၅ နှစ်မြောက် ချင်းအမျိုးသားတပ်ဦး တည်ထောင်ခြင်း (၂၅) နှစ်
ပြည့် ငွေရတုသဘင်နေ့မှာ ချင်းအမျိုးသားတပ်ဦးက ကြေညာချက် ထုတ်ပြန်
လိုက်ပါတယ်။

ချင်းအမျိုးသားတို့အနေနဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေး၊ ဖက်ဒရယ်ပြည်
ထောင်စုတည်ဆောက်ရေးနဲ့ ဒီမိုကရေစီစနစ် ထွန်းကားရေးတို့အတွက် လက်
နက်ကိုင်တိုက်ပွဲဝင်လာခဲ့တာ ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ရည်မှန်းချက် မရောက်သေး
သရွေ့ဆက်ပြီးတော့ လက်နက်ကိုင်ဆောင်သွားမယ်လို့ ကြေညာထားပါတယ်။
ချင်းအမျိုးသားတပ်ဦး၏ ထုတ်ပြန်ကြေငြာချက်ကို ဆလိုင်းထောင်ခင်းပေါင်က
ဖတ်ကြားသွားပါသည်။

ချင်းအမျိုးသားတပ်ဦးဟာ အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေး ထိုးပြီးတဲ့
နောက်နိုင်ငံရေးဆွေးနွေးတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ
တဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်
စီ) နဲ့ ပူးတွဲဆွေးနွေးသွားမယ်လို့လည်း ပါရှိပါတယ်။
                             အဖွင့်အမှာစကားပြောသော ဆလိုင်းယောဟန်

ယနေ့ ကြရောက်တဲ့ ချင်းအမျိုးသားတပ်ဦး၂၅နှစ်ပြည့် ငွေရတုအခမ်းအနား
ကိုမလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ Lautu Chin Christian Church တွင်
လည်း နေ့လည် ၁နာရီမှ ညနေ၄း၃၀ အထိ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်း
အနားတွင် ကျဆုံးသွားသော တော်လှန်ရေးရဲဘော်များအား ဝမ်းနည်းခြင်းအ
ထိမ်းအမှတ်အနေဖြင့် တစ်မိနစ်ငြိမ်ပြီးဆုတောင်းပေး ဂါရဝ ပြုကြပါသည်။
 
ထိုအခမ်းအနားကို မလေးရှားရောက် မြန်တိုင်းရင်းသားညီအစ်ကိုများ၊ NLD
(LA) မလေးရှားမှ အဖွဲ့ဝင်များနဲ့ ဖိတ်ကြားထားသော ဧည့်သည်တော်များ 
လူပေါင်း အယောက် ၂၀၀နီးပါး တက်ရောက်ပါသည်။ 


အခမ်းအနားကို မလေးရှားစံတော်ချိန် ညနေ ၄း၃၀ တွင် အောင်မြင်စွာ ရုပ်
သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment