Thursday 17 September 2009

အထောက်အထားမဲ့ အလုပ်သမားများ ရှေ့လမှစပြီး ဖမ်းမယ် ဆီးမယ် သတိထား

2009/09/18

တရားရေးဝန်ကြီးဌာနသည် ယခုလ စက်တင်ဘာလ ၁ရက်နေ့ မှ ၃၀ရက်နေ့အထိ ရက်၃၀တိုင် တရားမ၀င်အလုပ်လုပ်ကိုင် နေထိုင်သူများအနေဖြင့် အစိုးရသို့ အကြောင်းကြားပြီး ပြည်တွင်းမှ ထွက်ခွာရန် အချိန်သတ်မှတ်ပေးလိုက်သည်။ ထို့ပြင် အလုပ်သမားဝန်ကြီးဌာန၊ အလတ်စားနှင့်အသေးစားလုပ်ငန်းဌာန စသည်တို့နှင့်ပူးပေါင်းကာ နိုင်ငံခြားသားအလုပ်သမားများ အလုပ်လုပ်ကိုင်နေထိုင်လေ့ရှိကြသည့် စက်ရုံနယ်မြေများသို့ လှည့်လည်ပြီး ကြေညာချက်များ ဖြန့်ဝေသည့် ကင်ပိန်းအား ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ကင်ပိန်းသည် ယခုနှစ်နှောင်းပိုင်းတွင် နေထိုင်ခွင့်သက်တန်းပြည့်မည်ဖြစ်သည့် နိုင်ငံခြားသားဦးရေ ၃သိန်း၁သောင်းအနက် အချို့သည် တရားမ၀င်ဆက်လက်နေထိုင်သွားမည့် အခြေအနေရှိလာနိုင်သည်ကို တွေ့ရှိရသဖြင့် တရားမ၀င်နေထိုင်သူများအနေဖြင့် အစိုးရသို့ အကြောင်းကြားပြီး နိုင်ငံတွင်းမှ ထွက်ခွာပေးရန်နှင့် လာမည့် အောက်တိုဘာနှင့် နိုဝင်ဘာလတွင် အစိုးရ ပူးပေါင်းအဖွဲ့များ၏ ထိထိရောက်ရောက် ဖမ်းဆီးပြန်ပို့မည်အား ကြိုတင်အသိပေးခြင်း၊ဖမ်းဆီးပြန်ပို့သည့်အခါ ထိခိုက်နစ်နာမှုများ နည်းပါးစေရေးအတွက် ဖြစ်သည်။
※ ၂၀၀၈ခုနှစ် နှောင်းပိုင်း နေထိုင်ခွင့်သက်တန်းပြည့်သည့် နိုင်ငံခြားသားဦးရေ ၃၀၉ ၃၀၃ဦးတွင် တရားမ၀င်နေထိုင်သူ ၂၅၂၄၅ဦး ရှိခဲ့သည်။


ကင်းပိန်းပြုလုပ်စဉ်ကာလတွင်း တရားရေး၊အလုပ်သမားရေးဌာနများနှင့် အလတ်စားနှင့်အသေးစားစက်မှုဌာနများမှ ၀န်ထမ်းများဖြင့် ဖွဲ့ စည်းထားသည့် အစိုးရပူးပေါင်းအဖွဲ့များသည် နိုင်ငံခြားသားများနေထိုင်ရာဒေသများ၊စက်ရုံဌာနများသို့ လှည့်လည်ကာ ကြေညာချက်များ၊ညွှန်ကြားစာများအား ဖြန့်ဝေကာ အလုပ်ရှင်များထံသို့လည်း ညွှန်ကြားစာများအား အီးမေးလ်မှ တဆင့် သီးသန့် ပို့ပေးသွားမည်ဖြစ်သည်။

အဆိုပါ ညွှန်ကြားစာများတွင် နိုင်ငံခြားသားအလုပ်သမားအား တရားမ၀င်အသုံးပြုသူ အလုပ်ရှင်အနေဖြင့် ဒဏ်ငွေဝမ် သိန်း၂၀၀နှင့်တကွ အများဆုံး၃နှစ်အထိ နိုင်ငံခြားသားအလုပ်သမားအသုံးပြုခွင့်အား ပိတ်ပင်ခံရမည်ဖြစ်ပြီး တရားမ၀င်နေထိုင်သူ နိုင်ငံခြားသား အနေဖြင့်လည်း အကြောင်းကြားပြီး ပြည်တွင်းမှ ထွက်ခွာပေးမည်ဆိုပါက ဒဏ်ငွေကင်းလွတ်ခွင့်နှင့် ထွက်ခွာပြီး ၁နှစ်အကြာတွင် ကိုရီးယားသို့ပြန်လည်ဝင်ရောက် နိုင်ခွင့်အား ပေးမည်ဖြစ်ကြောင်း ပါရှိသည်။

တရားရေးဌာနသည် ယခုတကြိမ် ကင်ပိန်းသက်တမ်းပြီးဆုံးသည့်နောက် အောက်တိုဘာလမှစတင်၍ တရားမ၀င်နေထိုင်သူနိုင်ငံခြား သားများအား ထိထိရောက်ရောက် ဖမ်းဆီးပြန်ပို့မည်ဖြစ်ပြီး အထူးသဖြင့် ဖမ်းဆီးပြန်ပို့ရာတွင် အနှောင့်အယှက်ပေးခြင်း၊ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားအား အသုံးပြုနေသည့် အလုပ်ရှင်အား တရားဥပဒေအရ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ကြေ ညာထားသည်။
တရားရေးဌာနသည် လွန်ခဲ့သည့်နှစ်၂၀၀၈ခုနှစ် စက်တင်ဘာလ ၂၅ရက်နေ့က လက်ရှိ နိုင်ငံခြားသားဦးရေ၏ ၁၉.၃ရာခိုင်နှုန်းဖြစ်သည့် တရားမ၀င်နေထိုင်သူနိုင်ငံခြားသားများအား ၅နှစ် အတွင်း ၁၀ရာခိုင်နှုန်းသို့ လျော့ချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

0 comments:

Post a Comment